Saturday, April 5, 2008

ဗမာပြည်မှာ မိုးကြိုးမပစ်ပါ ။ မြေမမြိုပါ(B.Y.S.O)

to download
alphazawgyi-one font
ဗမာပြည်မှာ မိုးကြိုးမပစ်ပါ ။ မြေမမြိုပါ


................................................................
အဘွားကပြောတယ် ငယ်ငယ်တုန်းက ထမင်းအိုးနှင့် ထမင်းစားလျှင် ကျားဆွဲတက်တယ်တဲ့။
မိဘတွေစော်ကားရင် ခြေကလေးစောင့်ပြီး အမူအရာပြတာနဲ့ မြေမြိုတက်တယ်။ မိုးကြိုးပစ်
လိမ့်မယ်။ လူကြီးသူမတွေကို မထီမဲ့မြင်မပြုနဲ့ ကျားပါလိုက်ဆွဲတက်တယ်။
အမျိုးမျိုးပဲ တကယ့်ကို ကျွန်တော်တို့ ငယ်စဉ်က ဘာသာရေး လူမှုရေးတွေနဲ့ ဖိချုပ်ပြီး
အကြောက်ကြီးကြောက်ခဲ့ရတယ်။ မိဘလူကြီးတွေကို တစ်ခုခုပစ်မှားမိရင်တောင်မှ
မိုးခြိမ်းသံကြားရင် ငါ့များဆော်မလား
တွေးကြောက်မိခဲ့ရတယ်။ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးတွေမှာတော့ သံဃာတွေကို ပစ်သတ်လိုက်ကြတာ။ ဘာမှမဖြစ်ဘူးနော်။အေးအေးဆေးဆေးပဲ
ဘာမှမကြောက်နဲ့ အမှားနဲ့ လူတစ်စုကိုတောင် ကျားမလိုက် မိုးကြိုးမပစ် မြေမမြိုတာ
ကျွန်တော်တို့ အမှန်တရားအတွက် ပြန်ခုခံကာကွယ်မယ်ဆိုရင်လည်း
ဗမာပြည်မှာ မိုးကြိုးမပစ် ၊ မြေမမြိုဘူးဆိုတဲ့ စိတ်နဲ့ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ကြရအောင်ဗျာ




ဆက်ဟိန်း(B.Y.S.O)


......................................................................................................................



မြန်မာသွေးချင်းညီနောင်အပေါင်းတို့


...........................................................
လွတ်လပ်ရေးရထားတဲ့ ငါတို့ဗမာပြည်ဟာ တစ်ကယ့်လွတ်လပ်ရေးကို မရသေးဘူးဆိုတာ
သမိုင်းကြောင်းကထောက်ခံပြောဆိုနေပြီ ။ နှစ်ပေါင်းလေးဆယ်ကျော် မ.ဆ.လ ၊ န.အ.ဖ
တွေရဲ့စနက်ကြောင့် ငါတို့ မြန်မာပြည်သူ/သားတွေဆင်းရဲဒုက္ခရောက်နေကြရတာ
မျက်မြင်သက်သေပါပဲ။ သင်ကောမြန်မာပြည်သား မဟုတ်လား။ အစဉ်အလာကောင်းခဲ့တဲ့
ငါတို့ မြန်မာပြည်သားတွေဟာ ငါတို့လက်ထက်ကျမှ ညံရာရောက်ကြတော့မှာလား။
အားမသန်လို့မာန်လျှော့ကြတော့မှာလား။ ငါတို့တွေဟာ မြန်မာပြည်သားစစ်စစ်တွေပါ ။
ဘာလို့အရှုံးပေးရမှာလဲ နောင်အနာဂါတ်အတွက် ငါတို့ မစွမ်းဆောင်နိုင်တော့ဘူးလား။
ဘုရား ပုထိုးစေတီပေါများပြီး ဘာသာ သာဿနာကို ယဉ်ကျေးမှု အမွေအနှစ်အစစ်အမှန်
နဲ့ ထိမ်းသိမ်းစောင့်ရှောက်လာခဲ့ကြတယ်။ ရေမြေ တောတောင် သဘာဝ တွေနဲ့ ပရနံ
ရနေတဲ့ မြန်မာပြည် ၊ ဆန်ရေစပါး ပေါကြွယ်ဝတဲ့ မြန်မာပြည် ၊ အဖိုးတန်ကျွန်းသစ်
ကျောက်သံ ပတ္တမြားတွေ ပေါကြွယ်ဝတဲ့ မြန်မာပြည် ၊ ဒီလောက်ချစ်စရာကောင်းတဲ့
မြန်မာပြည်ကြီးကို ငါတို့တွေလက်ထက်ကျမှ ဆုံးရှုံးခံကြတော့မှာလား။

မြန်မာအရေးဟာ ငါတို့အရေးပဲ မြန်မာပြည်ကြီးကောင်းစားဖို့အတွက် ငါတို့တွေ သွေး ၊ ချွေး
အသက်ပေးဆပ်ရဲရမှာပေါ့ ။ သင်ကောသတ္တိကြောင်ပြီး ဘေးကရပ်ကြည့်နေတဲ့ လူစားမျိုးလား
ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကောင်းစားဖို့အတွက် သင့်မှာစွမ်းဆောင်နိုင်တဲ့ စွမ်းအားတွေ
မရှိတော့ဘူးလား ။ အမှန်တကယ် တိုင်းပြည်တိုးတက်စေချင်ရင် တိုင်းပြည်အတွက် တကယ်
အလုပ်လုပ်ချင်တယ် ဆိုရင် ခိုင်မာပြင်းပြတဲ့ စိတ်ဆန္ဒ ရင်ထဲမှာ အမှန်တကယ် ရှိတယ်ဆိုရင်
လက်ရှိ န.အ.ဖ စစ်အစိုးရကို ကျေနပ်မှုလုံးဝမရှိဘူးဆိုရင် စွန့်စားရဲ့တဲ့သတ္တိရှိခဲ့တယ်ဆိုရင်
ခင်ဗျားတို့ရှေ့မှာ ကျုပ်တို့ အမြဲရှိနေမယ်။ အမြဲတမ်း လက်ကမ်းကြိုနေမယ်။

န.အ.ဖ စစ်အစိုးရ ဖြုတ်ချဖို့ စစ်မှန်သော ဒီမိုကရေစီ ရရှိဖို့ ခတ်မီ ဖွံဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံ
ဖြစ်ဖို့ ငါတို့အားလုံးမှာတာဝန်ရှိတယ်။ သင်ကော . . . . . . . ဘယ်လိုလူစားမျိုးလဲ
သင့်ရဲ့လုပ်ဆောင်ချက်တွေ အတွက် အနာဂါတ်မြန်မာပြည်ကြီးက သင့်ကိုအမြဲတမ်း အမှတ်ရ
နေမှာပါ။

အမိမြေကို ချစ်မြတ်နိုးတဲ့
(B.Y.S.O)
Burma Young Strive Organization for Democracy


.........................................................................................





ဗမာ့ မျိုးချစ် အတွက်


....................................................
သွေးတစ်ပေါက်
အဝေးရောက်လဲ ရဲရဲနီ
အလံဖြူတွေ
နှစ်ထောင်းလို့ စွန့်ပစ်
သံဃာ့အလောင်းတွေ မင်းမေ့ပစ်ရင်
ဒါ ဗုဒ္ဓရဲ့ သစ္စာခံ မဟုတ်
ငါ့ သွေးကို မင်းသောက်
မင်းသွေးတို့တို့ ငါ့ရင်အိမ်လည်ပတ်
အဆိပ်တစ်ခွက်ဖြစ်လည်း
မျိုးချစ်တဲ့စိတ်နဲ့
မော့သောက်ပစ်ပြီ သစ္စာသွေး
ကမ္ဘာမကြေတဲ့ တေးတွေ ငါမရွတ်တော့
လက်တွေ့ရင်းရတော့မဲ့ အချိန်တွေ အတွက်
စတေးခဲ့ သစ္စာအကြွေးကို
တို့အတူ ပြန်ဆက်စို့
လက်ချင်းယှက်လိုက်တော့
“ မျိုးချစ်”တဲ့ သူငယ်ချင်း


ဆက်ဟိန်း( B Y S 0 )

No comments: