Saturday, April 5, 2008

မျိုးချစ် လူငယ်




အခမဲ့ ဖြန့်ဝေသည်

အမှတ်(၁)
ပြီးခဲ့တဲ့လတွေဖြစ်တဲ့ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ တွေက ပြည်တွင်းထဲမှာ
အာဏာရှင်ကိုဆန့်ကျင်တဲ့ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ကြတယ်။သွေးထွက် သံယိုမှုတွေ
မတရား ဖမ်းဆီးမှုတွေဖြစ်ခဲ့တာကို ပြည်ပရောက်မြန်မာနိုင်ငံသားတွေ အားလုံး ရုပ်မြင်သံကြား၊ အင်တာနက် သတင်းဋ္ဌာနတွေကနေတဆင့် မျက်မြင်တွေ့ခဲ့ကြတယ်
မဟုတ်လား. . . . .

ငြိမ်းချမ်းစွာ မေတ္တာပို့နေတဲ့ သံဃာတော်တွေကို မတရားရိုက်နှက်ဖမ်းဆီးတာတွေ၊ သေနတ်မှန်ပြီး လမ်းဘေးမှာ သေဆုံးရတာတွေကို တွေ့တော့ ကျုပ်တို့ရဲ့ရင်ထဲကို
ဒေါသတွေ ၀မ်းနည်းမှုတွေ မခံချင်စိတ်တွေဟာ ကျုပ်တို့ရဲ့နှလုံးသားထဲကို
စိုက်ဝင်နေတဲ့ ဓါးတစ်စင်းလို ပြန်နှတ်လို့ မရတော့ဘူး
နာကျည်းမှုတွေ ကျန်ခဲ့တယ်

ဒီအချိန်မှာ လူငယ်တွေက လက်နက်ကိုင်တော်လှန်ရေးကိုပြောလာတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ငြိမ်းချမ်းစွာတော်လှန်ရေးနဲ့ ဆန့်ကျင်တာ တွေ့ရပေမဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် တွေဟာ သူ့ကိစ္စမို့ အကျယ်တ၀င့်
မဆွေးနွေးချင်သလို ငြင်းလည်း မငြင်းချင်ပါဘူး
ဘာပဲလုပ်လုပ် ဦးတည်ချက် ရည်ရွယ်ချက်မှန်ကန်ဖို့တော့ အရေးကြီးတယ်
ကျုပ်တို့ အနေနဲ့ပြောရရင်တော့ တိုက်ပွဲတစ်ပွဲ တော်လှန်ရေးတစ်ခုလုပ်ရင် ကိုယ်နိုင်မှ
ကောင်းတယ်။ ဒါကြောင့် ရန်သူကိုနိုင်အောင်ဘယ်လိုလုပ်မလဲ ???
ဘယ်လိုလုပ်ရမလဲ?????
အရေးအကြီးဆုံး အချက်တွေက
(၁) လူအင်အား (၂) ဓနအင်အား (၃) အချိန်ကာလ (၄) မကြောက်တရား
ပဲဖြစ်တယ်။ကျုပ်တို့ မြန်မာ့သမိုင်း နယ်ချဲ့တော်လှန်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းက
“ ကြောက်မွေးပါ ဇာဂနာ နဲ့ နှုတ် ”
ကိုဘဟိန်းက “ မြင်းခွာတစ်ချက်ပေါက် မီးဟုန်းဟုန်းတောက် ” လို့ဟစ်ကြွေးကြပြီး
မကြောက်တရားကို ဟောခဲ့ကြတယ်။ ကြောက်ရွှံခြင်းကို တိုက်ဖျက်ကြပြီး ပြည်သူ
လူထုနဲ့အတူ ကျုပ်တို့ နိုင်ငံရဲ့ လွတ်လပ်ရေးကို ယူခဲ့ကြတယ်။



ကျုပ်တို့ရဲ့ခေတ်မှာ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း
“မလုပ်လည်းခံရမယ် လုပ်ရင်လည်းခံရမယ်ဆိုရင် လုပ်ပြီးမှခံမယ် ” လို့ မကြောက်တရားကို
ဟစ်ကြွေးခဲ့တယ် မဟုတ်လား။ အခုဆိုရင် ပခုက္ကူမှာ သံဃာတော်တွေထပ်ပြီး ကံဆောင်
သပိတ်မှောက်ပွဲနဲ့ မြို့ထဲလှည့်လည် မေတ္တာပို့ကြတယ်။ မြို့အာဏာပိုင်တွေက
သတိပေးတားဆီးခဲ့ကြတယ်။ မလေးရှားပီနန်းဆရာတော်ကြီးဟာ ကမ္ဘာ့သံဃာတော် ကံဆောင်
သပိတ်ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်တာကိုလည်း အာဏာပိုင်တွေက ခြိမ်းခြောက်ခဲ့ကြတယ်။
ပြည်တွင်းနဲ့ ဆက်သွယ်ရေးဖြစ်တဲ့ အင်တာနက်တွေကိုလည်း ပိတ်ပစ်လိုက်ကြတယ်။

ဒီတစ်ခါ ဆန္ဒပြပွဲထပ်လုပ်ရင် သူတို့သဘောအတိုင်း ဥပဒေမဲ့လုပ်ဖို့ ပြင်ဆင်တာပဲ ဖြစ်ပြီး
သတင်းအမှောင်ချဖို့ ပြင်ဆင်နေတာလို့ ကျုပ်တို့တွေးမြင်တယ် . . . .

ကျုပ်တို့ပြောတာကို မယုံရင် ပြည်တွင်းကလူတွေကို အင်တာနက်နဲ့ဆက်သွယ်ကြည့်ပါ။
အင်တာနက်သတင်းတွေ ကို ဖတ်ကြည့်ကြပါ။
သံဃာတွေကလည်း “ ကျုပ်တို့တိုင်းပြည် ဒီမိုကရေစီ ရရင် သံဃာတော်တွေရဲ့ အရိုးပုံဟာ
အောက်ဆုံးမှာ ရှိနေမယ်” လို့ မကြောက်တရားကို ဟစ်ကြွေးကြတယ်။
ကျုပ်တို့ မြန်မာပြည်က လူတွေ ငတ်မွတ်နေတာ ဘာကြောင့်လဲ????
“ ဒီမိုကရေစီ . . . . . . ဒီမိုကရေစီ . . . . လူ့အခွင့်အရေးတွေ ”

မလေးရှားလူငယ်တွေကို ကျုပ်တို့ကပြောချင်တယ် ပြည်တွင်းမှာလည်းတော်လှန်ရေးအင်အားစုတွေက တော်လှန်ရေးတစ်ရပ်
အတွက်ပြင်ဆင်နေကြတယ်။ ခင်ဗျားတို့ သတင်းနားထောင် ဝေဖန်ရုံ သက်သက်နဲ့ထိုင်ပြီး
အပြစ်ပြောနေမလား ??? ခင်ဗျားတို့ ဘယ်လိုကူညီမလဲ ? ? ? ဘယ်နေရာကနေ ပါဝင်မလဲ???
ကျုပ်တို့အနေနဲ့ တော်တော်များများ ဝေဖန်မှုတွေ ကြားရတယ်။ ဒီလိုဝေဖန်တဲ့လူတွေက


????????????????



မျိုးချစ် လူငယ်



No comments: