Wednesday, April 9, 2008

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် မလေးရှား

to download
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် မလေးရှား

ဒုက္ခသည်များနှင့် လွတ်ငြိမ်းချမ်းသာခွင့်တောင်းသူများကို အကာအကွယ်ပေးရေး

မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှ၊ တောင်အာရှ ၊ အရှေ့အလယ်ပိုင်းဒေသ
နှင့် အာဖရိကနိုင်ငံများမှ ရောက်ရှိလာကြသည့် ဒုက္ခသည်များနှင့် ခိုလုံခွင့်တောင်းခံ
လာသူများ စုစုပေါင်း (၅၀၀၀၀)ခန့်ကို လက်ခံထားရှိပါသည်။
အင်ဒိုနီးရှားနိုင်ငံ အေးဆက်ပြည်နယ် ၊ မြန်မာပြည်ရခိုင်ဒေသမြောက်ပိုင်းရိုဟင်ဂျာ၊
မြန်မာမွတ်စလင်၊ ချင်း၊ မွန်၊ ကချင်၊ ကယား၊ လူမျိုးများအပါအ၀င် အခြားနိုင်ငံ
အများအပြားမှ တိုင်းရင်းသားလူမျိုးစုများ စသည့် စုစုပေါင်း လူဦးရေ(၄၆၀၀၀)ခန့်
ကို မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်း
ကြီးရုံး(U.N.H.C.R) တွင် မှတ်ပုံတင်ထားပြီး ဖြစ်ပါသည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များကို အာဏာပိုင်များက တရားမ၀င်လာရောက်နေ
ထိုင်သူများ အဖြစ်သာ သတ်မှတ်၍ ဖမ်းဆီးခြင်း ၊ အချုပ်ချခြင်း ၊ အဓမ္မပြန်ပို့ခြင်း
များ ဆောင်ရွက်ပါသည်။ တရားမ၀င်ရွေ့ပြောင်း အလုပ်လုပ်သူများကို ရှင်းလင်း
နှိမ်နင်းစဉ် ကာလအတွင်းက မလေးရှား အာဏာပိုင်များသည် မကြာခဏဆိုသလို
တရားမ၀င် အလုပ်သမားများနှင့် အတူ ဒုက္ခသည်များ ၊ ခိုလုံခွင့်တောင်းခံသူများကို
ပါဖမ်းဆီးထိမ်းသိမ်းထားခဲ့ပါသည်။ မလေးရှားရှိ ဒုက္ခသည်များ ၊ ခိုလုံခွင့်တောင်းခံ
သူများကို ဖမ်းဆီးထိမ်းသိမ်းခဲ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်များ ၊ ကလေးသူငယ်



များ ပင်ပါဝင်ခဲ့သည်ဟု သတင်းပို့ အစီအရင်ခံများအရ သိရှိခဲ့ရပါသည်။

(အော်ပရာစီ) အစုလိုက်အပြုံလိုက်ဖမ်းဆီး ထိမ်းသိမ်းရေးအတွက် စီစဉ်ရာတွင်
မလေးရှားအစိုးရသည် လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများနှင့် ရဲများကိုအကူအညီ
ပေးနိုင်ရန် ယူနီဖောင်း ၀တ် ပြည်သူ့စေတနာဝန်ထမ်း ပူးပေါင်းဆောင်ရွက်ရေး
အဖွဲ့ ဟုခေါ်သည့် စေတနာ့ဝန်ထမ်းများကို အချိန်
ပိုင်းဖြင့် တာဝန်ပေးအပ်ခဲ့သည်။

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ချိုးဖောက်သူသည် ကြိမ်ဒါဏ်
ခြောက်ချက်အထိနှင့်တကွ ငွေဒါဏ်ရင်းဂစ် (၁၀၀၀၀) သော်လည်းကောင်း၊
ထောင်ဒဏ် ငါးနှစ်အထိသော်လည်းကောင်း ၊ ပြစ်ဒါဏ်နှစ်ရပ်လုံးသော်လည်း
ကောင်းရင်ဆိုင်ရပါသည်။ ကြိမ်ဒါဏ်ခတ်ခြင်းလုပ်ရပ်မှာ အပြည်ပြည်ဆိုင်ရာ လူ့အ
ခွင့်ရေး စံထားချက်ကို ချိုးဖောက်ခြင်းနှင့် ရက်စက်သော ၊ လူမဆန်သော (သို့)
အောက်တန်းကျသော ပြစ်ဒဏ်ပေးချင်းလုပ်ရပ်မျိုးဖြစ်သောလည်း လူဝင်မှုဥပဒေ
အတွင်း အကျုံးဝင်သော အနည်းဆုံးပစ်မှု(၄၀)တို့ အတွက် အပိုဆောင်းပစ်ဒါဏ်
အဖြစ် သတ်မှတ်ထားသည်။ တရားမ၀င်အလုပ်သမားတို့ကိုဖမ်းဆီးထိမ်းသိမ်းထား
ပြီး ပုံမှန်ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ရဲနှင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်
များကို လူဝင်ခွင့်ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာများ ကျယ်ကျယ်ြပန့်ပြန့် ပေးအပ်
ထားပါသည်။

နိုင်ငံတကာ ခိုလုံခွင့် မှ ရရှိသည့် သတင်းအချက်အလက်များအရ မလေးရှား
နိုင်ငံ လူဝင်မှုကြီးကြပ်ရေး၏ ထိမ်းသိမ်းစခန်းများတွင် လက်ရှိအချိန်တွင် ဒုက္ခသည်
နှင့် ခိုလုံခွင့်တောင်းသူများကို ရာနှင့်ချီ၍ ထိမ်းသိမ်းထားပါသည်။ အထူသဖြင့်
လူဦးရေ အဆမတန် အစုလိုက် အပြုံလိုက် ဖမ်းဆီးရမိသည့် အချိန် အခါမျိုးတွင်
ရက်စက်သော၊ လူမဆန်သော ၊ နိမ့်ကျသော အပြုအမူများနှင့် ဆက်ဆံခံရ၍
အလွန်ဆိုးရွားသော အခြေအနေများရှိကြောင်း ကြားသိရပါသည်။

ထို့နည်းတူ ဒုက္ခသည်များကို အဓမ္မပြန်လည်ပို့ဆောင်ခြင်းများ ၊ အလွန်ဆိုးဝါး
သော ပြုမူ ဆက်ဆံခြင်းများ ၊ နှိပ်စက်ဖမ်းဆီးခြင်းများလည်း ရှိပါသည်။ ဒုက္ခသည်
များကို ပြန်လည်မောင်းထုတ်ခြင်း အပြုအမူမှာ နိုင်ငံတကာ လူ့အခွင့်အရေး

စည်းမျဉ်း စည်းကမ်းများကို အသိအမှတ်မပြုခြင်း ၊ ထပ်မံချိုးဖောက်ခြင်းများ အဖြစ်
ယူဆနိုင်ပါသည်။

လူအခွင့်အရေးများ ဆိုးဆိုးဝါးဝါး အကြမ်းဖက်ခံနေရသော ၊နှိပ်စက်ညှင်းပန်းမှု
အန္ဒရာယ်များရှိနေသော နိုင်ငံတစ်နိုင်ငံသို့ မည်သည့်လူတစ်ဦးတစ်ယောက်ကို
မည်သည့် နည်းလမ်းမျိုးဖြင့်မျှ ပြန်လည်ပို့ဆောင်ခြင်းမပြုရန် “ ထပ်မံမချိုးဖောက်
ရေး ” စည်းမျဉ်း စည်းကမ်းအရ တားမြစ်ထားပါသည်။

အခြားအများအပြားသော နိုင်ငံတကာ ထုတ်ပြန်ကြေငြာချက်များနှင့် ၁၉၅၁-ဒုက္ခသည်များကိစ္စဆိုင်ရာ ကွန်ဗန်းရှင်းကြေငြာချက် အမှတ် (၃၃) မှ ကောက်နှုတ်တင်ပြချက်အရ
ထပ်မံ မချိုးဖောက်ရေး စည်းမျဉ်း စည်းကမ်းကို နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေ
၏ စံသတ်မှတ်ချက်အဖြစ် အကျယ်တ၀န့် သတ်မှတ် ကြေငြာခဲ့ပြီး နိုင်ငံတကာ
အားလုံးနှင့်လည်း အကျုံးဝင်သက်ဆိုင်စေသည်။

ဒုက္ခသည်
ဒုက္ခသည် ဟူသောဝေါဟာရမှာ နိုင်ငံတကာ ဥပဒေတွင် သီးသန့်
တစ်ခန်း တစ်ကဏ္ဍအနေနှင့် ပါဝင်နေပေသည်။ ဒုက္ခသည်ဆိုသည်မှာ-လူ့အဖွဲ့အစည်း (သို့) နိုင်ငံရေးအယူအဆတစ်ရပ်အတွင်း အကြောင်းပြချက်
အမျိုးမျိုးကြောင့် အကြောက်တရားဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း ခံနေရသောကြောင့်
မူလတိုင်းပြည်မှ ထွက်ပြေးတိမ်းရှောင်လာသူ မည်သူကိုမဆို ရည်ညွန်းသည်။
ထို့ကြောင့် ထိုတိုင်းပြည်သို့ ပြန်ရန် ဆန္ဒမရှိခြင်း (သို့) ပြန်ရန်မဖြစ်နိုင်တော့ခြင်း
ဖြစ်၏။

၁၉၅၁- ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်း နှင့် ၄င်း၏ ၁၉၆၇ သဘောတူညီချက်
စာချုပ်ဖြစ်သော လူအခွင့်အရေးနှင့် ဒေသအတွင်း ဒုက္ခသည်ဆိုင်ရာ ကြေညာချက်
ထဲသို့ ထည့်သွင်း ဖော်ပြထားချက်များအရ သက်ဆိုင်ရာအစိုးရက ထိုလူများကို
လက်ခံရသည်။ဇာတိနိုင်ငံ၏ ကာကွယ်စောင့်ရှောက်မှုကို မရရှိနိုင်ခြင်းကြောင့်
ယင်းတို့သည် နိုင်ငံတကာ အထူးကာကွယ်စောင့်ရှောက်မှုကို လိုအပ်လျှက်ရှိသည်
ဟူသော အချက်ကြောင့်ပင် ဒုက္ခသည်များကို အခြေခံဥပဒေကြောင်းအရ

ဒုက္ခသည်များကို အခြေခံ ဥပဒေကြောင်းအရ အသိအမှတ်ပြုထားသည်။ ထို့ကြောင့်
၎င်းတို့ကို ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများနှင့် ရောနှောသတ်မှတ်ခြင်း မပြုရန်
လိုအပ်သည်။ သူတို့သည် တစ်ခါတရံ ရွှေ့ပြောင်းအလုပ်လုပ်သူများနှင့် ခရီးလမ်းတစ်
ခုထဲကို အသုံးပြု၍သော်လည်းကောင်း ၊ လူကုန်ကူးခြင်း လမ်းကြောင်းမှသည် လည်းကောင်း လာရလေ့ရှိပြီး တခါတရံ လမ်းခရီးတွင်သော်လည်းကောင်း ရောက်ရှိ
လာသော နိုင်ငံတွင်လည်းကောင်း လူအခွင့်အရေး အကြမ်းဖက်ချိုးဖောက်မှုများနှင့်
တွေ့ကြုံရလေ့ရှိသည်။

ခိုလှုံခွင့်တောင်းခံသူဆိုတာ ဘာလဲ??


ခိုလှုံခွင့်တောင်းခံသူဆိုသည်မှာ ... ဒုက္ခသည်တစ်ဦးအဖြစ် တရားဝင်မသတ်မှတ်ရ
သေးသော်လည်း ကာကွယ်စောင့်ရှောက်မှုပေးရန် တောင်းဆိုထားသူကိုဆိုလိုသည်။
အစိုးရက ဒုက္ခသည်အဖြစ် လက်ခံ/မခံ ဆုံးဖြတ်ချက်ချပေးရန် စောင့်ဆိုင်းနေဆဲဖြစ်
သည်ဟု ထိုသူကို သာမာန်အားဖြင့် သတ်မှတ်သည်။ အပြည်ပြည်ဆိုင်ရာဒုက္ခသည်
ဥပဒေဖြင့် ထိုသူကိုအကာအကွယ်ပေးခြင်းသည် ထိုသူ၌တရားဝင်အသိအမှတ်ပြုထား

ထားခြင်း( ဥပမာ- အစိုးရ စာရွက်စာတမ်း/ သက်သေခံလက်မှတ်) များရှိခြင်း ၊ မရှိခြင်းနှင့် မသကဆိုင်ပါ။ ဒုက္ခသည်များ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန် အောက်ပါ
အချက်များကို မှ ခိုလှုံခွင့် တောင်းခံသူများအားသိစေအပ်သည်။
(က) ခိုလှုံခွင့်တောင်းခံရန် တိုင်းပြည်အတွင်းဝင်ရောက်လာသူများကို တားဆီးပိုင်ခွင့်မရှိပါ။
(ခ) ဒုက္ခသည်အဖြစ်လက်ခံ/မခံ ဆုံးဖြတ်ရန်အတွက် သင့်တင့်လျှောက်ပတ်သော အစီအစဉ်
များချမှတ်ပေးရမည်
(ဂ) ခိုလှုံခွင့်တောင်းခံထားသူများကို ရာဇ၀တ်မှုမြောက်သည်ဟု သတ်မှတ်ထားသော အမှုမျိုး
မကျူးလွန်မချင်း ဖမ်းဆီးချုပ်နှောင်၍မရပါ။
(ဃ) မိသားစု၊ မိတ်ဆွေ၊ ရှေ့နေ၊ စကားပြန် ၄င်းတို့ကို အကူအညီပေးနိုင်သော အဖွဲ့အစည်း
စသူတို့နှင့် ဆက်သွယ်ပိုင်ခွင့်ရှိရမည်။(ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
(င) အခြေခံ စီးပွားရေး လူမှုရေး ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ရရှိရမည်။ ဥပမာ- အလုပ်
အကိုင် ၊ ပညာရေး ၊ လူမှုအထောက်အပံ။

သူတို့ရဲ့အခွင့်အရေးတွေက ဘာတွေလဲ ??

အများနည်းတူ ပင် ဒုက္ခသည်များတွင်လည်း လူ့အခွင့်အရေးရှိရမည်။အောက်ပါအချက်များ
ပါဝင်သည်။
(က) မတရားမှုများမှ ကာကွယ်ပေးခြင်း
(ခ) သက်သေခံ လက်မှတ်နှင့်တကွ ခရီးသွား စာရွက်စာတန်းများ
(ဂ) အလုပ်လုပ်ခွင့်
(ဃ) အိမ်ယာ ၊ ပညာရေးနှင့် သက်သာချောင်ချိခွင့်
(င) တရားမ၀င် ၀င်ရောက်ခြင်းအတွက် ပြစ်ဒဏ်များပေးခြင်းမှ ကာကွယ်ပေးခြင်း
(စ) လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်

ဒုက္ခသည်များအတွက် တိကျခိုင်မာသော ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ပေးနိုင်ရမည်။ ၄င်းတို့
မှာ ၀င်ရောက်ခိုလှုံရာ တိုင်းပြည်၌ပင် နိုင်ငံသားခံယူခွင့်ပေးခြင်း ၊ (သို့) အခြားတိုင်းပြည်တစ်
ပြည်သို့ ပြည်လည်အခြေချနေထိုင်ခွင့်ပေးခြင်း (သို့) ၄င်း၏မူလတိုင်းပြည်သို့ အခမဲ့ပြန်လည်
ပိုဆောင်ပေးခြင်း။ ဤသို့ပြန်လည်ပို့ဆောင်ပေးခြင်းခံရသူများကို လူအခွင့်အရေး အပြည့်အဝ


ရရှိပြီး လုံခြုံစိတ်ချရမှုအတွက် အာမခံနိုင်မှသာ ပြန်လည်ပိုဆောင်ပေးသင့်သည်။
ထိုသို့မဟုတ်ပါက တည်ငြိမ်မှုမရှိခဲ့သည့် တိုင်းပြည်တစ်ပြည်ဖြစ်ခဲ့ ဖူးသည့်အတွက်
ထိုလူများသည် မိမိတို့၏ အိုးအိမ်များကို စွန့်ပစ်ထွက်ခွာမှုများ ထပ်မံ ဖြစ်ပွားစေလိမ့်မည်။

ဘာကြောင့်ကာကွယ်ပေးသင့်တာလဲ??
အထက်တွင် အလေးအနက်တင်ပြခဲ့သည့်အတိုင်း ဒုက္ခသည်ကိစ္စဆိုသည်
မှာ နိုင်ငံတစ်နိုင်ငံတည်း၏ ပြဿနာမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ပြဿနာ ဖြစ်သည့် အတွက် ပိုမိုထိရောက်သော ဖြေရှင်းရန် နည်းလမ်းမျိုး လိုအပ်လှသည်။ ထို့ကြောင့် မလေးရှားအနေဖြင့် ဒုက္ခသည်ဆိုင်ရာပြဿနာများကို မျှဝေဖြေရှင်းခြင်းနှင့် နိုင်ငံတကာ စည်းလုံးညီညွတ်မှု
ကို ရယူခြင်းဟူသော သဘောထားမျိုး ရှိရမည်။
မလေးရှားအနေဖြင့် ၁၉၅၁ - ဒုက္ခသည်များကိစ္စဆိုင်ရာ ကွန်ဗင်းရှင်းတွင် မပါဝင်ခဲ့သော်ငြားလည်း “ ထပ်မံမချိုးဖောက်ရေး ” ၏ အခြေခံ စည်းမျဉ်းအတွင်း အကျုံးဝင်နေသည်မှာ “ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး အကြမ်းဖက်ခံနေရသော
တိုင်းပြည်တစ်ပြည်သို့ မည်သည့်တစ်ဦးတစ်ယောက်ကို မဆို ပြန်ပို့ခြင်းကို တားမြစ်
သည်။ ” ဟူသောအချက်ဖြစ်သည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗန်းရှင်းနှင့် အမျိုးသမီး အခွင့်အရေး
ချိုးဖောက်မှုပုံသဏ္ဍာန်အားလုံး ကွန်ဗင်းရှင်း - ကုလသမဂ္ဂတို့တွင် သဘောတူလက်မှတ်များ ရေးထိုးထားသဖြင့် ဒုက္ခသည်အမျိုးသမီးများနှင့် ကလေးသူငယ်များကို စောင့်ရှောက်ရန် မလေးရှားအစိုးရ၌
လည်း တရားဝင်တာဝန်ရှိနေသည်။ ..........-ကြေငြာချက် အမှတ်(၂၂) အရ ကလေး
သူငယ်ခိုလှုံခွင့် တောင်းခံသူများနှင့် ဒုက္ခသည်များကိုအထောက်အပံများ ၊ ကာကွယ်
စောင့်ရှောက်မှုများ မလေးရှားအစိုးရက အထူးတက်ကြွစွာ လုပ်ဆောင်ပေးရမည်
ဖြစ်သည်။
လူသားချင်းစာနာထောက်ထားမှုများနှင့် နိုင်ငံရေးအကြပ်အတည်းများအတွင်း အရှေ့တောင်
အာရှ ဒေသတစ်ခုလုံးတွင် တာဝန်ရှိသကဲ့သို့ အာစီယံ အဖွဲ့ဝင်နိုင်ငံလည်းဖြစ် ၊ အာစီယံ
စာချုပ်ဖြစ်ပေါ်ရန် အတွက်ကြိုးပမ်းခဲ့သည့် နိုင်ငံတစ်နိုင်ငံ လည်းဖြစ်သည့် မလေးရှားနိုင်ငံ
အနေနှင့် လူအခွင့်အရေး ၊ လူသားချင်းစာနာထောက်ထားရေးကိစ္စများနှင့် ပဂတိအခြေအနေ
အပေါ် လျစ်လျူရှု မျက်စိမိတ်ထား၍ မဖြစ်နိုင်ပါ။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံ
လူ့အခွင့်အရေး ချိုးဖောက်မှုများက မလေးရှား အစိုးရကို အာစီယံနိုင်ငံများနှင့် အတူတကွ
ပူးပေါင်းဆောင်ရွက်ရန်ထောက်ပြလိုက်သည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေလျှက်ရှိသော
လူ့အခွင့်အရေးနှင့် နိုင်ငံရေးအခက်အခဲများကို ဖြေရှင်းပေးရုံသာမက ကျွန်ုပ်တို့တိုင်းပြည်
အတွင်းရှိ ဒုက္ခသည်များ ထောက်ပံကာကွယ်စောင့်ရှောက်ပေးရေး တို့လည်းဖြစ်သည်။

သင်ဘာလုပ်နိုင်သလဲ
အာဏာပိုင်များထံသို့ စာတစောင်ရေးပါ။ ဒုက္ခသည် ကာကွယ်ရေးဆိုင်ရာ အစီအစဉ်တရပ်
အမြန်ဆုံးအကောင်အထည်ဖော်ရန် တောင်းဆိုပါ။ နိုင်ငံတကာ စည်းလုံးညီညွတ်မှုစိတ်ဓါတ်
ဖြင့် မလေးရှားနိုင်ငံတွင်းရှိ ဒုက္ခသည်များ အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ခိုင်မာသည့်
အဖြေတစ်ခု ရရှိစေရန် မလေးရှားအစိုးရ၏ နိုင်ငံရေးသဘောထားအမြင်ကို ရှင်းလင်းဖော်ပြ
ပေးရန် အလေးအနက်တောင်းဆိုပါ။
ကိုယ်ဝန်ဆောင်မိခင်များနှင့် အမျိုးသမီးများ ဖမ်းဆီးထိမ်းသိမ်းခံနေရသည့် အချက်ကိုလည်း
အလေးအနက်ပြောဆိုပါ။ အစိုးရထံမှ ကျမ်းမာရေး ၊ ပညာရေး နှင့် ပတ်သတ်သည့် အကူ
အညီများ အမြန်လိုအပ်လျှက်ရှိကြောင်း ဖော်ပြပါ။

မျှဝေဖြေရှင်းခြင်း နှင့် နိုင်ငံတကာ စည်းလုံးညီညွတ်မှု သဘောထားကို ၁၉၅၁ - ကုလသမဂ္ဂ
ဒုက္ခသည်များကိစ္စဆိုင်ရာ ကွန်ဗင့်ရှင်း နိဒါန်းအပိုင်းတွင် တွေ့နိုင်သည်။ ယင်းသဘောထားက
“ အကယ်၍ နိုင်ငံတစ်နိုင်ငံတည်းတွင် ခိုလှုံသူအများအပြား ၀င်ရောက်လာသဖြင့် မနိုင်မနင်း
ဖြစ်နေပါက ၄င်း၏ ဒုက္ခသည်နှင့် ခိုလှုံသူအခက်အခဲများကို ကျေနပ်ပြေလည် အဆုံးသတ်
သွားသည်အထိ အပြည်ပြည်ဆိုင်ရာ အတိုင်းအတာနှင့်ရော နိုင်ငံအတိုင်းအတာအလိုက်ပါ
အသီးသီးသောတာဝန်များကို ခွဲဝေယူကြ၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ
အထွေထွေ ပါတီစုံ အစီအစဉ်များကို ရေးဆွဲ ဆောင်ရွက်ကြရမည်။ ” ဟု ဖော်ပြသည်။
ထို့ကြောင့်မလေးရှား အစိုးရသည် ကမ္ဘာ့ကူရာမဲ့ ကယ်ရာမဲ့ လူသားများအတွက် လိုအပ်ချက်
များကို ဖြည့်စည်းပေးနိုင်ရန် နှင့် အခြားဘက်ပေါင်းစုံ အဖွဲ့အစည်းများကို ကူညီ
ထောက်ပံရမည် ဆိုသည်မှာ ထင်ရှား၏။ဤသို့ဘက်ပေါင်းစုံမှ ချဉ်းကပ်ဖြေရှင်းခြင်းဟူသည်


ဒုက္ခသည်ဆိုင်ရာ အထောက်အပံများကို နိုင်ငံတကာမှ မျှဝေပေးရမည်ဟူသော စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီပေသည်။




No comments: