Saturday, May 9, 2009





Saturday, May 2, 2009



Thursday, April 30, 2009


Wednesday, April 29, 2009

4 ထပ်အပေါ်မှ ခုန်ချ

29.4.9009 ရက်နေ့က အမျိုးသားတစ်ဦးသည် မလေးနိုင်ငံ ပီနန်မြို့ရှိ BM ကုန်တိုက် အထပ်လေးထပ်မြောက်မှ ခုန်ချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွား ခဲ့သည်။ ယခုအခါ အဖြစ်မှန် ပေါ်ပေါက်ရေး အတွက် မလေးရှား ရဲအဖွဲ့ စုံစမ်းစစ်ဆေးလျှက်ရှိသည်။ Source : Lann Thit













29.4.2009 နေ့ကအမျိုးသားတစ်ဦး သည် မလေးရှားနိုင်ငံ ပီနန်မြို့ရှိ BM ကုန်တိုက် လေးထပ် မှ ခုန်ချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားခဲ့သည် ။
ယင်းကိစ

အကြောင်းကြားပေးစေလိုသည်။

ဤ ဓါတ်ပုံပါ မောင်မောင်မင်းလွင်သည် 25.4.2009 စနေနေ့ ည 113း0 အချိန်တွင် အလုပ်ဆင်းရာမှ အဆောင်အပြန် ရုတ်တရက် ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက အမြန်ဆုံး ဆက်သွယ် အကြောင်းကြားပေး စေလိုပါသည်။ ဆက်သွယ်ရန်
012 9342 890
016 9552 867
016 6586 029
လိုပါသည်
Source : Lann thit

Friday, February 27, 2009

54-newray


မြေအောက် လောင်စာ ဖြည့်တင်းရေး ဌာနတစ်ခု မြောက်ကိုရီးယား တည်ဆောက်

27/Feb/2009

မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ရန် စီစဉ်ထားသော နေရာ၌ မြေအောက်လောင်စာဆီဖြည့်တင်းရေးဌာနတစ်ခုကို တည်ဆောက် ထားကြောင်း ယမန်နေ့က ထွက်ပေါ်လာသော သတင်းများအရ သိရှိရသည်။ ယင်းသို့ ဒုံးကျည်လောင်စာဖြည့်တင်းရေးဌာနကိုမြေအောက်၌တည်ဆောက်ထားမှုကြောင့် ၎င်းတို့၏ တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မည့်နေရက်အားအမေရိကန်ထောက်လှမ်းရေးဂြိုဟ်တုမှ အတိအကျ ထောက်လှမ်းသိရှိန်ုငမည်မဟုတ်ပေ။ ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံသည်နိုင်ငံတကာ၏သတိပေးပြောဆိုချက်များကို အံတုလျက် တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မည့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။ မြောက်ကိုရီးယားသည် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်နိုင်ရေးအတွက် အရေးကြီးဆုံးအစိတ်အပိုင်းများကို လူမမြင်ကွယ်ရာ၌ ပြုလုပ် ဆောင်ရွက်နိုင်သော စွမ်းရည် ပိုင်ဆိုင်ထားကြောင်း အမေရိကန်ထောက်လှမ်းရေးဂြိုဟ်တုမှ ပေးပို့သော သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

(အေအက်ဖ်ပီ)

Monday, January 26, 2009

to download

မြန်မာပြည်တွင်း ပထမဆုံး နိုင်ငံရေးဂျာနယ် ထွက်မည်ဟုဆို
ဖနိဒါ
တနင်္လာနေ့၊ ဇန်နဝါရီလ 26 2009 18:59 - မြန်မာစံတော်ချိန်

(မဇ္ဈိမ သတင်းဋ္ဌာနမှ ကောက်နှတ်တင်ပြပါသည်)
ချင်းမိုင်(မဇ္ဈိမ) ။ ။ ဆင်ဆာဖြတ်တောက်မှုဆိုးရွားလှသည့် မြန်မာပြည်တွင် နိုင်ငံရေးအကြောင်းအရာများ ဖော်ပြမည်ဆိုသော ဂျာနယ်တခုကို လာမည့် ကြာသာပတေးနေ့တွင် ထုတ်ဝေသွားမည်ဟု သိရသည်။၂၀၁၀ ရွေးကောက်ပွဲအမှီ နိုင်ငံရေးအမြင်၊ သုံးသပ်ချက်နှင့် ဆောင်းပါးများ အဓိက ဖော်ပြမည်ဆိုသော Northern Star ဥတ္တရအလင်းဂျာနယ်ကို စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာ ဒုတိယအယ်ဒီတာချုပ်ဟောင်း ဦးသီဟအောင်က အယ်ဒီတာချုပ်အဖြစ် တာဝန်ယူမှာဖြစ်သည်။"မြန်မာနိုင်ငံ ဒီမိုကရေစီကို သွားနေတယ်လေ။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလမှာ သတင်းစာဆရာ၊ စာရေး ဆရာတွေ ရေးသားခဲ့တဲ့ အမှတ်ရစရာလေးတွေ၊ တိုင်းပြည်အတွက် အကျိုးရှိမဲ့ဟာတွေ ပြန်ရီဗျူးလုပ်ပြီးတော့၊ နောက်ပိုင်း ပါတီတွေ ဖွဲ့တော့မယ်။ စည်းရုံးရေးတွေ လုပ်တော့မယ်။ ရွေးကောက်ပွဲ လုပ်တော့မယ်။ အတိတ်ကို နည်းနည်းပြန်တည်ပြီး လမ်းမှန်ပေါ့နော်။ အန်ကယ်တို့ မြင်တဲ့ ပုံစံအတိုင်း သွားသင့်တယ်ဆိုတဲ့ အယူအဆနဲ့ ထုတ်ဝေမှာပါ"ဟု ဦးသီဟအောင်က ပြောသည်။ "၈၈ကနေ ၂၀၀၈ထိ နှစ်ပေါင်း ၂၀ထိ ဖြတ်သန်းခဲ့ရပြီလေ။ တိုင်းပြည်တွင်းမှာ ပြည်သူတွေက သိတာလည်း ရှိတယ်၊ မသိတာတွေလည်း ရှိတယ်။ တချို့က သိပေမယ့် မေ့သွားတာတွေရှိတယ်။ သမိုင်းထဲမှာ မှတ်တိုင်တွေ ဆိုတာ ရှိတယ်လေ။ အဲဒီအရေးကြီးတဲ့ ကာလတွေကို ပြည်သူလူထုက ပြန်လည် သိရှိ၊ မှတ်မိပြီးတော့ ခုဖြစ်နေတဲ့ နောက်ဆုံး အခြေအနေတွေကို ပေါင်းစပ်ပြီးတော့ လေ့လာသုံးသပ်နိုင်အောင် တင်ပြမှာပါ"ဟု သူက ဆက်ပြောသည်။ ပထမဆုံးထွက်ရှိမည့် စာစောင်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် စာနယ်ဇင်းသမားများ၏ အခန်းဏ္ဍ၊ မောင်ဝံသ၊ မောင်စူးစမ်း၊ ကျော်ဝင်းတို့၏ ဆောင်းပါးများ ပါဝင်မည်ဟု သိရသည်။"အဓိက ရည်ရွယ်ချက်ကတော့ အခုအများအားဖြင့် အန်ကယ်တို့မှာ အားနည်းနေတာက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာ အပြည့်အ၀ ပေးတဲ့ ဂျာနယ်မရှိဘူး။ ကိုယ်ယုံကြည့်ရာ ကိုယ်လုပ်ကြတာလေ။ ၂၀၀၉- ၂၀၁၀က ဒီအချိန်မှာ နိုင်ငံရေးနှင့် ပတ်သက်တဲ့ အသိပညာ၊ အတွေ့အကြုံတွေ၊ အယူအဆတွေ ချပြဖို့ ဆိုတာ နည်းနည်းနဲ့ ချပြဖို့ ဆိုတာ မလွယ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်တာ တော်များများပါပြီးတော့ ပြည်သူလူထု စဉ်းစားလာနိုင်အောင် သမာသမတ် ကျကျနဲ့ ချပြမယ်။ တိုင်းပြည်ကောင်းစေချင်လို့ပါပဲ။ ဒီတခုပါပဲ"ဟု ဦးသီဟအောင်က ပြောသည်။ သို့သော် စာပေကင်ပေတိုင်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသော စစ်အစိုးရ၏ ဆင်ဆာဘုတ်အောက်မှာ ပေးဖြတ်ခွင့် မရှိသလောက် နည်းပါးလှသော နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည့်နှင့် သူမ၏ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနှင့် ခေါင်းဆောင်အများအပြား ထောင်ကျခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသားများအကြောင်းကိုမူ အကြောင်းတစုံတရာ တိုက်ဆိုင်မှသာလျှင် ရေးသားဖော်ပြဖြစ်ပါလိမ့်မည်ဟု သူက ပြောသည်။ဦးသီဟအောင်သည် ဗိုလ်မှူးအဖြစ် ၁၉၇၂ခုနှစ်မှ ၁၉၉၁ခုနှစ် တပ်မတော် တာဝန်ထမ်းဆာင်ခဲ့သူဖြစ်သည်။ ထို့နောက် ပြန်ကြားရေးဌာနသို့ ပြောင်းရွှေ့ကာ မြန်မာ့အလင်းတွင် ဒုတိယ အယ်ဒီတာချုပ်မှ ညွန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာ ရာထူး တာဝန်များယူခဲ့ပြီး ၂၀၀၇ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။သတင်းစာဆရာဘ၀မှ နိုင်ငံရေးထဲ ၀င်ရောက်လာခဲ့ပြီး ဆိုးရွားလှသော စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် နှစ် ၂၀ ခန့်နေခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူက "ကောင်းပါတယ်၊ ခုလို ထုတ်ဝေမယ်ဆိုရင် ဘာပဲ ထုတ်ထုတ်၊ အမှန်တရားကို အခြေခံထားဖို့ ရေးသားကြဖို့ သတင်းစာ ကျင့်ဝတ် သိက္ခာနဲ့အညီ တည်းဖြတ်ဖို၊့ ဖော်ပြဖို့ပါပဲ။" က မဇ္ဈိမသို့ ပြောသည်။ပြန်ကြားရေး ၀န်ကြီးဌာနမှ ၂၀၀၈ခုနှစ် အောက်တိုဘာလတွင်း ဂျာနယ် ၆စောင်နှင့် မင်္ဂဇင်း ၆စောင်တို့အား ထုတ်ဝေခွင့် ချပေးခဲ့သည်။ ထုတ်ဝေခွင့်မှတ်ပုံတင်ထားသည့် အပတ်စဉ် ဂျာနယ်သည် အနည်းဆုံး ၁၃၀ ထက်ရှိသည်။ပြည်တွင်း အယ်ဒီတာတဦးကမူ ဆင်ဆာဖြတ်တောက်မှု ပိုမိုဆိုးရွားလာသော လက်ရှိအခြေအနေတွင် နိုင်ငံရေးအကြောင်းဆိုလျှင် ပြည်ပနိုင်ငံရေးသာ ပိုမိုရေးခွင့်ရပြီး ပြည်တွင်းနိုင်ငံရေးအတွက်မူ အကန့်အသတ်များလွန်းလှ၍ သိပ်မျှော်လင့်မထားဟု ဆိုသည်။စာမျက်နှာပေါင်း၂၀ ရှိ Northern Star ဂျာနယ်အား ယခုတပတ် ကြာသာပတေးနေ့တွင် စောင်ရေ ၃ထောင် အနည်းဆုံး ဖြန့်ချီမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် တစောင်လျှင် ၃၀၀ကျပ်ဖြင့် စတင် ရောင်းချမည်ဟု သိရသည်။
..........................................................................................................

အခွန်တိုးမြှင့်ကောက်ခံခြင်းကြောင့် မီးသွေးလုပ်ငန်းလုပ်ကိုင်သူများ စာဝတ်နေရေးကြပ်တည်းလာ
Monday, 26 January 2009 17:19 ဖြိုးကြီး
(ရိုးမ ၃ သတင်းဋ္ဌာနမှ ကောက်နှတ်တင်ပြပါသည်)
ပလောင်ဒေသအတွင်း အာဏာပိုင်အဖွဲ့များက မီးသွေးလုပ်ငန်းလုပ်ကိုင်နေသူများထံမှ အခွန်များ တိုးမြှင့်ကောက်ခံနေသည့်အတွက် ဒေသခံများ စာဝတ်နေရေးအခြေအနေ ပိုမိုကြပ်တည်းလာသည်။ရှမ်းပြည်နယ်မြောက်ပိုင်း မန်းဝီး-နမ့်ခမ်းလမ်းတလျှောက်တွင် ရဲ၊ သစ်တော၊ စစ်တပ်၊ အကောက်ခွန်နှင့် ပြည်သူ့စစ်အဖွဲ့များက ယခုနှစ်စပိုင်းမှ စတင်ကာ အခွန်များ တိုးမြှင့်ကောက်ခံနေခြင်းကြောင့် ဖြစ်သည်။"ကားတစ်စီးမှာ မီးသွေးက ပိဿ (၆,၀၀၀) လောက်ပဲ တင်လို့ရတယ်၊ အဲဒါ အကုန်ရောင်းမှ (၈) သိန်းလောက်ရတာ၊ ကားခက (၃) သိန်း ပေးရတယ်၊ အဲဒီလမ်းတလျှောက် အာဏာပိုင်အဖွဲ့တွေကို ပေးရတာက (၂) သိန်းခွဲလောက်ကုန်တယ်၊ အရင်တုန်းက ကျနော်တို့ ဒီလောက်မပေးရဘူး၊ အခုတော့ အမြတ်မပြောနဲ့ အရင်းတောင်မရဘူး" ဟု မီးသွေးကုန်သည်တဦးက ပြောသည်။ယခင်ကလဲ ယခုကဲ့သို့ အဖွဲ့ပေါင်းစုံက အခွန်ကောက်ခံခြင်းများရှိခဲ့သော်လည်း ယခုအခါ ပိုမိုတောင်းယူလာသည့်အပြင် နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုများပါ ရှိနေကြောင်း ဒေသခံကုန်သည်က ဆက်ပြောသည်။ပလောင်လူမျိုးများသည် လ္ဘက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသူများ ဖြစ်သော်လည်း လ္ဘက်ရာသီချိန်ပြီးလျှင် မီးသွေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ယခုကဲ့သို့ အာဏာပိုင်အဖွဲ့များက အဆမတန် ငွေကြေးတောင်းယူမှုများကြောင့် ဒေသခံများ စားဝတ်နေရေး ပိုမိုကြပ်တည်းလာကြောင်း တအာဝ်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ မိုင်းအောင်ကို က ပြောသည်။"ကျနော်တို့ပလောင်လူမျိုးတွေက လ္ဘက်ရာသီချိန်မဟုတ်တဲ့အခါကျတော့ လ္ဘက်ကနေ အားကိုးလို့ မရတဲ့အခါကျတော့ အဓိက သစ်တောတွေကို သူများဆီက ဝယ်ယူပြီး မီးသွေးဖုတ်ရတာ၊ ပြီးရင် သယ်လာပြီး ရောင်းရတယ်၊ အဲလို အခွန်တွေ မတရားများလာတဲ့အခါကျတော့ ဒီလုပ်ငန်းနဲ့ အဓိက အသက်မွေးဝမ်းကြောင်းနေတဲ့သူတွေ အခြေအနေက တော်တော်ဆိုးရွားလာတယ်" ဟု ပြောသည်။စစ်အစိုးရအာဏာပိုင်များက ပလောင်ဒေသအတွင်း ယခုကဲ့သို့ ငွေကြေး မတရားတောင်းယူနေခြင်းအပြင် အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများကိုလည်း ပတ်သက်လုပ်ကိုင်နေခြင်းများရှိကြောင်း ဒေသခံများက ပြောသည်။
.....................................................................................................
to download
alpha zawgyi font



(ဧရာဝတီ သတင်းဋ္ဌာနမှ ကောက်နှတ်တင်ပြပါသည်)
တရုတ် နိုင်ငံဘက်သို့ နယ်စပ် ဖြတ်ကျော် လူကုန်ကူး ခံခဲ့ရသော မိန်းကလေး ၃ ဦးနှင့် ပတ်သက်သည့် လက်ရှိ အခြေအနေမှန်ကို မကြားသိရ သောကြောင့် မိသားစုဝင်များက အလွန်စိုးရိမ်လျှက်ရှိကြောင်းသိရသည်။ ၂၀၀၈ ခုနှစ် ဧပြီလအတွင်းကတည်းက တရုတ်နိုင်ငံတွင် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရန်ဟုဆိုကာ ခေါ်ဆောင် သွားခံရသည့် လှိုင်သာယာ ၃ ရပ်ကွက်မှ မဖြိုးသီတာ အသက် ၂၀ နှစ်၊ မသီတာမိုး အသက် ၁၈ နှစ် နှင့် မသန္တာ ၀င်း အသက် ၂၃ နှစ်တို့ကို လွန်ခဲ့သည့် အပတ် ၂၀ ရက်ဝန်းကျင်ခန့်က စတင်အဆက်အသွယ် ပြတ်ခဲ့သော ကြောင့် အလွန် စိုးရိမ်ပူပန်မိသည်ဟု ရန်ကုန်မြို့ရှိ မသန္တာဝင်း၏ ဆွေမျိုးသားချင်းတဦး ကပြောသည်။ “သူတို့ ခေါ်သွားတာ အခုဆိုရင် ၉ လ လောက်ရှိသွားပါပြီ၊ ဆက်သွယ်ပေးတဲ့သူက တလမ်းထဲကပဲ ၊ တလ ကို ကျပ် တသိန်း ပေးမယ်ဆိုပြီး စက်ချုပ်ဖို့ခေါ်သွားတာ၊ ခေါ်တဲ့သူ လင်မယား ၂ ယောက်က ယောက်ျားက တရုတ် က၊ မိန်းမက လှိုင်သာယာက ပဲ၊ ခေါ်သွားပြီးတော့ ဖုန်းအဆက်အသွယ်တွေဘာတွေလည်း သိပ်လုပ်မပေးဘူး၊ ကျမ တို့ကလည်း အဆင်ပြေနေတယ်လို့ ထင်တာပေါ့၊ ဖုန်းခိုးဆက်လို့ရတော့မှ အဆင်မပြေဘူးဆိုတာကို သိရ တယ်၊ အဲဒါ အဆက်အသွယ်မရတော့ အခုစိတ်ပူနေတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။အဆိုပါ မိန်းကလေးများ ပြန်လာနိုင်ရန် စရိတ် အတွက် တဦးလျှင် ကျပ်ငွေ ၉ သိန်း စီ ပို့ပေးရန် လိုအပ်ကြောင်း ခေါ်ဆောင်သွားသူ တရုတ်အမျိုးသားက ဖုန်းဖြင့် ဆက်သွယ်၍ တောင်းခံသည်ဟုလည်း သိရသည်။“သူတို့ကို စက်ချုပ်ဖို့ ခေါ်သွားပြီးတော့ အဲဒီအလုပ်က တလပဲလုပ်ရတယ်၊ အိမ်ထဲမှာထားပြီး သူတို့ခိုင်းတာ လုပ် ရ တယ်၊ ကျွန်လိုခိုင်းတယ်၊ မောက်မောက်မာမာ ဆက်ဆံတယ်ဆိုတာတွေကို ဖုန်းဆက်တော့မှ သိရတယ်၊ ၂၂ ရက်နေ့နောက်ပိုင်း ကောင်မလေးတွေနဲ့ လုံးဝအဆက်အသွယ် မရတော့ဘူး၊ အဲဒါ မနေ့က ခေါ်သွားတဲ့ တရုတ် အမျိုးသားက ကျမတို့ဆီ ဖုန်းဆက်တယ်၊ ပြန်လာလို့ ရဖို့ တယောက်အတွက် ငွေ ၉ သိန်းစီပို့ရမယ်တဲ့၊ နဂို က တည်းက ပိုက်ဆံ မရှိလို့ အလုပ် သွားလုပ်ပါတယ်၊ ဘယ်လိုပို့နိုင်မှာလဲ”ဟု အထက်ပါ မသန္တာဝင်း၏ ဆွေမျိုး သားချင်း ဖြစ်သူက ဆိုသည်။ယင်းမိန်းကလေး ၃ ဦးသည် တရုတ်ပြည် စန့်ဟိုင်းပြည်နယ် ၊ တိုင်းဆက်မြို့၊ နိုင်းဇောင်း ရပ်တွင် ရောက်ရှိနေပြီး ၎င်းတို့သည် မကြာသေးသောကာလတွင် ရောင်းစားခံရမည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရကြောင်းမိန်းကလေး များနှင့် အဆက်အသွယ်ရခဲ့သည့် တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ရှိ မြန်မာနိုင်ငံသား တဦး ကပြောပြသည်။ “သူတို့ အလုပ်လုပ်တဲ့ နေရာကထွက်လာတော့ ကျနော်နဲ့ ဖုန်းရတယ်၊ သူတို့ကို မြန်မာပြည်ကနေ ခေါ်လာပြီး တော့ ရောင်းစားခံရမယ့် အခြေအနေမျိုးဖြစ်နေတယ်၊ ကူညီပါဆိုလို့ ကျနော်က သူတို့ ငှားစီးတဲ့ တက္ကစီသမားနဲ့ တရုတ်လိုပြောပြီး အနီးဆုံး ရဲစခန်းကို မောင်းပို့ခိုင်းလိုက်တယ်၊ ကောင်မလေးတွေက တရုတ်စကားလည်း မတတ်ဘူး”ဟု ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားက ပြောသည်။၎င်းက ဆက်လက်ပြီး ယခုအခက်အခဲ ဒုက္ခကြုံတွေ့နေသော မိန်းကလေးများက မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့ရှိ လူကုန်ကူးမှု တိုက်ဖျက်ရေး ရုံးသို့ ဆက်သွယ် အကူအညီ တောင်းခံခဲ့သော်လည်း ရှေ့ပိုင်းတွင် ထိရောက်သည့် အကူအညီ မရရှိကြောင်းလည်း ပြောဆိုသည်။“အဲဒီ မူဆယ်ရုံးက ရှေ့ပိုင်းမှာ အသေအချာအလုပ်မလုပ်ဘူး၊ ဒီ လူကုန်ကူးမှုထဲမှာ ရဲ တယောက်ပါနေတာကို မထင်ပေါ်စေချင်လို့ပဲလား၊ သူတို့ကိုယ်တိုင် လူကုန်ကူးသူတွေနဲ့ တနည်းနည်း ပတ်သက်နေလို့ ပဲလား မသိဘူး၊ နောက်ပိုင်း အပေါ်က သိသွားပြီး ထောင်းလို့ ထလုပ်တာမျိုး လို့ထင်တယ်၊ ကောင်မလေးတွေ က သူတို့ ဆက် သွယ်တယ်ဆိုတာ ကျနော့်ကို ပြောပြကြတယ်”ဟု ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားက ဆိုသည်။မူဆယ်မြို့ရှိ စစ်အစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးရုံးမှ ထိပ်ပိုင်း တာဝန်ရှိသူ ဒေါ်မီနီဦးက ယင်းမိန်းကလေး များ သည် အရောင်းစားခံရခြင်းမဟုတ်ကြောင်း၊ ၎င်းတို့ဘာသာ အလုပ်အကိုင်အဆင်မပြေသောကြောင့် မြန်မာ နိုင်ငံ သို့ ပြန်ချင်သည့်အတွက် အကူအညီတောင်းခံလာခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။“သူတို့က ရောင်းစားခံရတာလည်း မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ၉ လ လောက်ကတည်း ရောက်နေတာ၊ ၆ လ လောက် ပဲ လုပ်ရပြီး အခု နောက်ပိုင်း ၂ လ လောက်မှာ တရုတ်မှာလည်း အလုပ်လက်မဲ့တွေဖြစ်တော့ သူတို့ မလုပ်ရ တော့ဘူး၊ အဲဒါနဲ့ ပြန်ချင်လို့ ဒီကို လှမ်းဆက်သွယ်နေတာ၊ သူတို့ကို ပိတ်လှောင်ထားတာမဟုတ်ဘူး၊ အနီးစပ်ဆုံး ရဲစခန်းကို သွားပါလို့၊ အဲဒါ သောကြာနေ့လောက်ကတည်းက ရဲ စခန်းကို ရောက်သွားတယ်၊ ကျမတို့ ရဲ စခန်း အချင်းချင်း လှမ်းဆက်သွယ်တယ်” ဟု ဒေါ်မီနီဦးက ပြောပြသည်။ထို့ကဲ့သို့ အဖြစ်မျိုးကြုံတွေ့ရသည့် မိန်ကလေးများစွာကို မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့ရကြောင်း၊ တချို့မိန်းကလေး များမှာ လွှဲပြောင်းချိန် လနှင့် ချီ ကြာပြီးမှ မြန်မာဘက်သို့ ပြန်ရောက်သည်များလည်း ရှိဖူးကြောင်း၊ ယခုလက်ရှိ တွင် တရုတ်နိုင်ငံဘက်၌ မြန်မာ မိန်းကလေး ၃ သိန်းခန့် ရှိကြောင်းလည်း ဒေါ်မီနီဦး ကဆိုသည်။ ယင်းမိန်းကလေး ၃ ဦးအား တရုတ်ပြည်ဘက်သို့ သယ်ဆောင် ကူးသန်းသူ လင်မယား နှစ်ဦးမှာ ကိုအံ့ကူ ဆိုသူ တရုတ်အအမျိုးသားနှင့် မနီနီဝင်း ဆိုသူ မြန်မာအမျိုးသမီးတို့ဖြစ်ပြီး ၎င်းတို့အား မည်သို့ အရေးယူ ဆောင်ရွက် မည် ဆိုသည်ကိုမူ မသိရှိရသေးပေ။နောက်ဆုံးအခြေအနေအရ မိန်းကလေး ၃ ဦးမှာ မြန်မာအာဏာပိုင်များနှင့် တရုတ်အာဏာပိုင်များ အဆက် အသွယ်ရပြီး စန့်ဟိုင်းပြည်နယ်ရှိ ဒေသဆိုင်ရာ မြန်မာအာဏာပိုင်များထံ ရောက်ရှိနေကြောင်း သိရသည်။
...................................................................................................
(ဧရာဝတီ သတင်းဋ္ဌာနမှ ကောက်နှတ်တင်ပြပါသည်)

ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် နှစ်များအတွင်း ရိုဟင်ဂျာ နှစ်သောင်းခန့် ရောက်ရှိခဲ့ပြီး၊ အချို့မှာ ထိုင်း နိုင်ငံတွင် သောင်တင် နေကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ယနေ့ ပြောကြား လိုက်သည်။သို့သော်လည်း မကြာသေးမီ လပိုင်းအတွင်း ရောက်လာသော ရိုဟင်ဂျာများမှာ ယခုအခါ ထိုင်းနိုင်ငံတွင် တဦးတယောက်မှ မကျန်ရှိတော့ဟု ဆိုသည်။အဆိုပါ ရိုဟင်ဂျာများအပေါ် ထိုင်းအစိုးရ၏ ဆက်ဆံမှုနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောဆိုပြီး မကြာမီမှာပင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ပြီးခဲ့သည့် အင်္ဂါနေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကျွန်းများပေါ်သို့ ရောက်ရှိခဲ့သော ရိုဟင်ဂျာ ၁၂၆ ဦးနှင့် တွေ့လိုကြောင်း ပြောဆိုခဲ့သည်။ဤအတောအတွင်း ထိုင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ Thani Thongpakdi က ထိုင်းသို့ တရားမ၀င် ရောက်လာမည့် မည်သည့် လှေစီး ခရီးသည်ကိုမဆို ပင်လယ်ဘက်သို့ ပြန်လည် တွန်းပို့သည့် မူဝါဒအတိုင်း ဆက်ဆံသွားမည်ဟု ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းစာသို့ ပြောကြားလိုက်သည်။ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှ အစ္စလမ် ဘာသာဝင်များဖြစ်သည်။ နိုင်ငံသားများအဖြစ် သတ်မှတ်ခံရခြင်း မရှိပေ။ မြန်မာစစ်အစိုးရက ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု ၁၃၅ ခု စာရင်းတွင်လည်း ရိုဟင်ဂျာများ ပါဝင်ခြင်း မရှိပေ။နိုင်ငံသား အခွင့်အရေးများ မရရှိသည့် ရိုဟင်ဂျာများက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ခိုလှုံကြသည်။ UNHCR က ၎င်းတို့ထဲမှ အချို့ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြု စောင့်ရှောက်ထားသည်။UNHCR၏ ကြေညာချက်အရ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဒုက္ခသည်စခန်း ၂ ခုတွင် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၂၈၀၀၀ ရှိသည်ဟု ဆိုသည်။ စခန်းအပြင်ဘက်တွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရသေးသည့် ရိုဟင်ဂျာပေါင်း နှစ်သိန်းခန့် နေထိုင်ကြသည်ဟုလည်း သိရသည်။အဆိုပါ ရိုဟင်ဂျာများက မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း စသည့်နိုင်ငံများသို့ ပင်လယ် ခရီးဖြင့် စွန့်စား သွားရောက်ကြခြင်း ဖြစ်သည်။“(လှေနဲ့သွားတဲ့ထဲမှာ) ရိုဟင်ဂျာတွေလည်း ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေလည်း ပါတယ်။ သူတို့ ထွက်ရတဲ့ အကြောင်းရင်းက အလုပ်အကိုင် ရှားပါးမှုက အဓိကပဲ။ တနေရာရာမှာ အလုပ်အကိုင် သွားရှာတယ်။ အဲဒီလိုပဲ ကျနော် သိထားတယ်” ဟု ဘင်္ဂလားဒေ့ရှ်အခြေစိုက် Narinjara သတင်းဌာနမှ သတင်းထောက်တဦးက ဧရာဝတီသို့ ပြောပြသည်။“တချို့လည်း ပိုက်ဆံမပေးရဘူး၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြတယ်။ တချို့ဆိုရင်လည်း တာကာငွေ ငါးသောင်း (ဒေါ်လာ ၇၀၀)အထိ ပေးပြီးမှ ထွက်ရတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့လည်း လူကုန်ကူးသူတွေကို ဖမ်းဆီးမိတာတို့တော့ မတွေ့ရသေးဘူး” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင်လည်း ရိုဟင်ဂျာများ ထိုင်းသို့ အဆက်မပြတ် ၀င်ရောက်နေခြင်းမှာ လူကုန်ကူးသည့် အဖွဲ့အစည်းများနှင့် ဆက်နွယ်မှုရှိကြောင်း ယုံကြည်ရသည်ဟု ဖော်ပြထားသည်။ရိုဟင်ဂျာများ၏ မူရင်းဒေသတွင် စားဝတ်နေရေး အဆင်ပြေစေရန်အတွက် UNHCR အနေဖြင့် နိုင်ငံတကာမှ အကူအညီများ တောင်းခံသင့်သည်ဟု ဆိုသည်။။ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ထိုင်းသို့ ခိုးဝင် ရောက်ရှိလာသူ ရိုဟင်ဂျာများ အရေးအတွက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှားတို့မှ သံတမန်များကို ဖိတ်ခေါ် ဆွေးနွေးခဲ့ကြောင်း၊ လှေစီးရိုဟင်ဂျာများနှင့် ဆက်စပ်နေသည့် ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပထမအဆင့် အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းလိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ယနေ့ထုတ် Bangkok Post သတင်းစာတွင် ရနောင်းမြို့အနီးရှိ ကျွန်းများပေါ်သို့ တရားမ၀င် ရောက်ရှိလာသည့် ရိုဟင်ဂျာ၂ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ရေးသားထားသည်။ ၎င်းတို့ထဲမှ တဦးက ရနောင်းမြို့အနီး လှေနစ်မြုပ်သွားခဲ့ပြီး အတူ လိုက်ပါလာသူများ၏ ကံကြမ္မာကို မသိရကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။


...................................................................................................

(ဧရာဝတီ သတင်းဋ္ဌာနမှ ကောက်နှတ်တင်ပြပါသည်)

ကမ္ဘာ့ ကုသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူး အကြံပေး အရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ယခု လကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အေပီ သတင်းဌာနတွင် ဖော်ပြထားသည်။မစ္စတာ ဂန်ဘာရီသည် ယခုလ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့သွားရောက်မည် ဖြစ်ကြောင်း အမည်မဖော် လိုသည့် သံတမန်တဦးက ပြောကြားသော်လည်း တရားဝင် ကြေညာချက် ထုတ်ပြန်ခြင်း မပြုသေးကြောင်း သိရသည်။ ၎င်း၏ ခရီးစဉ်အတွင်း စစ်အစိုးရနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်တို့အကြား အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် စေ့စပ်ဆွေးနွေးရန် ကြိုးစားသွားမည် ဟုလည်း အေပီက ရေးသားထားသည်။ ကုလသမဂ္ဂ၏ မြန်မာ့အရေးနှင့် ပတ်သက်၍ ကြားဝင် ဆောင်ရွက်ပေးရေးနှင့် ပတ်သက်ပြီး ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) ၏ ဥက္ကဌ ဦးအောင်မိုးဇော်က “အသုံးဝင်တယ်လို့တော့ ထင်တယ်။ ဒါပေမယ့် အခု အနေအထားကတော့ မျှော်လင့်ချက် အတော်နည်းတယ်။ သူတို့နောက်က ရပ်တည်မယ့် နိုင်ငံတွေကြားမှာ ကွဲပြားနေတယ်။ အားရစရာ မကောင်းဘူး။ ပြောထားတာတွေ ထိထိရောက်ရောက် ဖြစ်အောင် မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် ပိုပြီး ကြိုးစားသင့်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် သြဂုတ်လထဲတွင် မစ္စတာဂန်ဘာရီ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုများ အလုပ်မဖြစ်၊ လက်ဆုပ် လက်ကိုင်ပြနိုင်သည့် တိုးတက်မှု တစုံတရာ မရှိဟူ၍ ပြည်ပအခြေစိုက် ဒီမိုကရေစီ အင်အားစုများနှင့် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ကြေညာချက် ထုတ်ပြန်ကာ ဝေဖန်ခဲ့သည်။ မစ္စတာ ဂန်ဘာရီအပေါ် အတိုက်အခံနှင့် စစ်အစိုးရ နှစ်ဘက်လုံး၏ ယုံကြည်မှုရှိ မရှိဆိုသည်နှင့် ပတ်သက်၍ လည်း ဦးအောင်မိုးဇော်က “ သူလုပ်ခဲ့ တဲ့ ကိစ္စတွေနဲ့ပဲ ဆိုင်တယ်။ သူ့ခရီးစဉ်တွေ ပြီးတော့ မပြီးသေးဘူး။ အောင်မြင်တယ်လို့ ပြောလို့ မရသေးဘူး” ဟု ပြောကြားသည်။မစ္စတာ ဂန်ဘာရီသည် ပြီးခဲ့သည့် ၂၀၀၈ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်း တနှစ်တည်းတွင် စုစုပေါင်း ၄ ကြိမ်တိုင်တိုင် သွားရောက်ခဲ့သည်။ အန်အယ်လ်ဒီ ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ရန်ကုန်အခြေစိုက် အေအက်ဖ်ပီ သတင်းဌာနကို “ကျနော်တို့ အနေနဲ့ မစ္စတာ ဂန်ဘာရီကို နောက်ထပ် ကြိုဆိုပါတယ်။ ဒါပေမယ့် သူ့ခရီးစဉ်ကနေ ရလဒ်ကောင်း တွေ ထွက်လာလိမ့်မယ် မထွက်လာဘူး ဆိုတာကိုတော့ ကျနော်တို့အနေနဲ့ သေချာပေါက် မသိနိုင်ဘူး” ဟု ပြောသည်။
..............................................................................................................




ခေတ်ပြိုင် ဂျာနယ်မှ ကောက်နှတ်တင်ပြချက်များ

to download
ဝါရှင်တန်သံအမတ်ဟောင်း ဦးလင်းမြိုင်ကိုနအဖက အမေရိကန်ပြန်လွှတ်ဟု အတိုက်အခံ စွပ်စွဲ
NEJ/ ၂၆ ဇန်န၀ါရီ ၂၀၀၉
(ခေတ်ပြိုင်ဂျာနယ်မှ ကောက်နှတ်တင်ပြပါသည်)
တချိန်က အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့၌ မြန်မာသံအမတ်တာဝန်ထမ်းဆောင်ခဲ့သူ သံအမတ်ဟောင်း ဦးလင်းမြိုင် မကြာခင်က အမေရိကန်နိုင်ငံ ပြန်ရောက်နေသည်ဟု ရန်ကုန်မြို့မှ ဦးလင်းမြိုင်နှင့် နီးစပ်သူများက အတည်ပြုပြောသည်။
ဝါရှင်တန် မြန်မာသံရုံးမှတဆင့် အိုဘားမား၏ အမေရိကန်အစိုးရသစ်အား ချဉ်းကပ်ပြီး မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေး စည်းရုံးရန်အတွက် မြန်မာစစ်အစိုးရက ဦးလင်းမြိုင်ကို ယခုကဲ့သို့ တိုးတိုးတိတ်တိတ် စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု ၀ါရှင်တန် အတိုက်အခံရပ်ကွက်က ပြောသော်လည်း အဆိုပါအချက်ကို ခေတ်ပြိုင်က အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်သည် ယခုတခေါက် အမေရိကန်သို့ ၀င်လာရန်အတွက် လက်ရှိ ၀ါရှင်တန်မြန်မာသံရုံး ယာယီတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးမြင့်လွင်နှင့် ချိတ်ဆက်လုပ်ပြီး ရောက်လာခြင်းဖြစ်သည်။
မြန်မာသံအမတ်ဘ၀က အမေရိကန်အစိုးရပိုင်းနှင့် အတန်အသင့် ဆက်ဆံနိုင်ခဲ့သည့်အတွက် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းရေး အောင်မြင်ရန်အတွက် မြန်မာသံရုံးကို နောက်ကွယ်မှ ကြိုးကိုင်အကြံပေးရန် မြန်မာစစ်အစိုးရက လွှတ်လိုက်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
သို့သော် ရန်ကုန်အမေရိကန်သံရုံးက မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်၏ ပထမအကြိမ် ဗီဇာလျှောက်ထားမှုကိုငြင်းဆိုပြီး နောက်တကြိမ် ဗီဇာလျှောက်မှ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးလင်းမြိုင်၏ မိတ်ဆွေ အသိုင်းအ၀န်းက အတည်ပြုပြောသည်။ မြန်မာသံအမတ်ဟောင်း ဦးလင်းမြိုင်အား မည်သူမည်ဝါဖြစ်သည်ကို သိလျက် ရန်ကုန်အမေရိကန်သံရုံးမှ အဘယ့်ကြောင့် ဗီဇာထုတ်ပေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် ဝါရှင်တန်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း မြန်မာ အတိုက်အခံများ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်လာအောင် နည်းအမျိုးမျိုးဖြင့် တက်တက်ကြွကြွ စည်းရုံးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မြန်မာသံအမတ်ကြီး ဦးလင်းမြိုင် ဝါရှင်တန်တွင် တာဝန်ထမ်းဆောင်နေစဉ် တွေ့ဆုံခဲ့သည့် အတိုက်အခံများထဲတွင် မြန်မာနိုင်ငံလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် ဒေါက်တာဇာနည်လည်း ပါဝင်ခဲ့သည်ဟု စုံစမ်းသိရသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက် ဒေါက်တာဇာနည် မြန်မာပြည်ပြန်ပြီး နအဖထိပ်တန်းအရာရှိအချို့နှင့် တိတ်တဆိတ်လာတွေ့သည့် အကြောင်းကို မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်က အမေရိကန် မြန်မာအတိုက်အခံများအား ဖုန်းဆက်ပြောခဲ့သည်ဟု အတိုက်အခံအချို့က စွပ်စွဲခဲ့သည်။
မြန်မာ့အရေး ဆောင်ရွက်နေသည့် အမေရိကန် အထက်လွှတ်တော် အမတ်များဖြစ်သည့် Mitch McConnell နှင့် Dianne Feinstein တို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား အမေရိကန်မှ နှင်ထုတ်ရန် ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီး ကော်လင်းပါဝဲထံ စာရေးတောင်းဆိုခဲ့ဖူးသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ပြုတ်ပြီးမကြာခင် ဦးလင်းမြိုင်အပါအ၀င် နိုင်ငံခြားရှိ မြန်မာသံအမတ်များကို ၂၀၀၄ ခု ဒီဇင်ဘာ (၂) ရက်နေ့ ရန်ကုန်အရောက် စစ်အစိုးရက ရုတ်တရက် ပြန်ခေါ်ခဲ့သည်။
အမေရိကန်နိင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်အား နအဖက ရန်ကုန်ပြန်ခေါ်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်ရာထူး ခန့်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန စီမံရေးနဲ့အုပ်ချုပ်ရေးဌာန၏ ထိုအချိန်က ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကိုကို ကျော်ကို အငြိမ်းစားပေးပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်နှင့် အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ရာထူးမှ ပြုတ်သွားသည့် ဗိုလ်မှူးကြီး ကိုကိုကျော်သည် ၁၉၉၉ ခုနှစ်က မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
၂ဝဝ၃ ခုနှစ် အောက်တိုဘာ (၂၁) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် နအဖ ကြေညာခဲ့သည့် အမျိုးသားညီလာခံ ကျင်းပရေး ကော်မတီဝင် (၄၃) ဦးစာရင်းမှာလည်း ဗိုလ်မှူးကြီး ကိုကိုကျော်၏ အမည် ပါဝင်ခဲ့သည်။ သို့သော် ပြုတ်သွားသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဗိုလ်မှူးကြီး ကိုကိုကျော် ပတ်သက်မှု ရှိမရှိဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မြန်မာသံအမတ်ကြီး ဦးလင်းမြိုင်သည် DSA အပတ်စဉ် (၁၁) မှ ဖြစ်ပြီး ရေတပ်မှာ ဗိုလ်မှူးအဆင့်နှင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယခင် ရေတပ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့နှင့် တပတ်စဉ်တည်းဖြစ်ပြီး ပုဂ္ဂိုလ်ရေး ရင်းနှီးသူဖြစ်သည်။ မြန်မာစစ်အစိုးရ ရေတပ်မှာ အရာရှိ အဖြစ် (၂၆) နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၉၃ ခုနှစ်ကစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အမှုထမ်း ဆောင်ခဲ့ကြောင်း Washington Diplomat သတင်းစာမှာ ဖော်ပြထားသည်။
...................................................................................................
ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်းဘန်ကောက်ရွှေဆိုင်များ ပိတ်
NEJ/ ၂၆ ဇန်န၀ါရီ ၂၀၀၉
(ခေတ်ပြိုင်ဂျာနယ်မှ ကောက်နှတ်တင်ပြပါသည်)
ကမ္ဘာ့ရွှေဈေးမှာ တရက်တည်း အတက်အကျ မြန်လွန်းနေသည့်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းရှိ နာမည်ကြီး ရောင်ဝရတ်ရွှေဈေးတန်းမှ ရွှေဆိုင်များ တရုတ်နှစ်သစ်ကူးရက်အတွင်းမှာပင် ပိတ်လိုက်ရကြောင်း ရွှေကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက ပြောသည်။
အရောင်းအ၀ယ်ကောင်းသည့် တရုတ်နှစ်သစ်ကူးရက်အတွင်း ရွှေဆိုင်များပိတ်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“ကမ္ဘာ့ရွှေဈေးက တနေ့တည်း အမျိုးအမျိုးဖြစ်နေတော့ ရွှေဆိုင်တွေက ဈေးအမျိုးမျိုး လိုက်ပြောင်းပေးနေရတာနဲ့ တနင်္လာနဲ့ အင်္ဂါကို ရွှေဆိုင်တွေပိတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်” ဟု ရွှေကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ကျစ်တီက ပြောသည်။ တရုတ်တန်း ရောင်ဝရတ်ရွှေဈေးတန်းမှာ ရွှေဈေး တကြိမ်ပြောင်းလျှင် ဘတ်ငွေ (၄၀၀) ၀န်းကျင် အတက်အကျ ဖြစ်နေသည့်အတွက် ဈေးသတ်မှတ်ရန် ခက်ခဲပြီး ပိတ်ရသည်ဟုလည်း ဆက်ပြောသည်။
ကမ္ဘာ့ရွှေဈေးမငြိမ်သည့်အတွက် တရုတ်နှစ်သစ်ကူးအတွင်း အာရှရွှေဆိုင်များလည်း ပိတ်ပြီး ဗုဒ္ဓဟူးနေ့မှ ရွှေဆိုင်များ ပြန်ဖွင့်မည်ဖြစ်သည်။
ဇန်န၀ါရီ (၂၄) ရက် ထိုင်း ရွှေကုန်သည်ကြီးများအသင်း ထုတ်ပြန်ထားသည့် ရွှေဈေးမှာ ရွှေချောင်းဝယ်ဈေး တဘတ်သား ဘတ်ငွေ (၁၄,၅၀၀) နှင့် ရောင်းဈေး ဘတ်ငွေ (၁၄,၆၀၀) ရှိပြီး လက်ဝတ်ရတနာရွှေမှာ ၀ယ်ဈေး ဘတ်ငွေ (၁၄၂၉၅.၈၈) နှင့် ရောင်းဈေး (၁၅,၀၀၀) ရှိသည်။
..........................................................................................

၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု (သုံးသပ်ချက်)
မင်းနိုင်သူ/ ၂၆ ဇန်န၀ါရီ ၂၀၀၉
(ခေတ်ပြိုင်ဂျာနယ်မှ ကောက်နှတ်တင်ပြပါသည်)

၂၀၀၉ ခုနှစ်အတွင်း အာရှနိုင်ငံများ၌ စီးပွားရေးကို အခြေခံသော လူမှုအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးချက်တရပ်ရှိသည်။ ထိုကဲ့သို့ သတိပေးသူမှာ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗဟိုရုံးအကြီးအကဲ Ajay Chhibber ဖြစ်သည်။ ၎င်းက အခြေခံဒီမိုကရေစီစံနှုန်းများနှင့် နိုင်ငံ့စီးပွားရေးထိန်းကျောင်းနိုင်မှုစံနှုန်းများ အပေါ်မှုတည်၍ “အာရှနိုင်ငံများအတွင်း” ဟူသော အထူးပြုချက်ကို သုံးနှုန်းသတိပေးခဲ့ခြင်းဖြစ်ဟန်ရှိသည်။
ထို့ကြောင့် သတိပေးဧရိယာအတွင်း ပါဝင်နေသည့် ၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေး အလားအလာကို သုံးသပ်ကြည့်ဖို့လိုလာသည်။
၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေးသည် ၂၀၀၈ ခုနှစ်ထက် သိသာစွာ ကျဆင်းလိမ့်မည်ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) နှင့် အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် (Burma Fund) ဘားမားဖန်းမှ ဦးစိန်ဌေးတို့နှစ်ဦးက တူညီစွာမှန်းဆသည်။
ကမ္ဘာ့စီးပွားရေးကျဆင်းလာချိန်တွင် ကမ္ဘာ့ကုန်သွယ်ရေးနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော နိုင်ငံများ ရင်ဆိုင်ရမည့် စီးပွားရေးအကျပ်အတည်းထက် မြန်မာက ပိုမည်ဖြစ်သည်။
၂၀၀၈ ခုနှစ် နှစ်စပိုင်းတွင် နာဂစ်ဒဏ်ခံခဲ့ရသဖြင့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများမှ အခြေခံသွင်းအားစုများနှင့် လုပ်သားများ ပျက်စီးဆုံးရှုံးခဲ့ခြင်း၊ နှစ်လယ်ပိုင်းတွင် အဓိကပို့ကုန်တမျိုးဖြစ်သော ပဲဈေးကွက်ပျက် ပြားသွားခြင်းနှင့် စစ်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှု များပြားနေခြင်းတို့သည် အခြားနိုင်ငံများထက်ပိုနေသော အချက်များဖြစ်ကြောင်း မီးမောင်းထိုးပြကြသည်။
“စီးပွားရေးခန့်မှန်းတဲ့အခါ ပြီးခဲ့တဲ့ တနှစ်လောက်ကိုပဲကြည့်ပြီးတော့ ခန့်မှန်းလို့တော့ မရဘူးပေါ့။ အရင်ကဟာတွေကိုလည်း ကြည့်ဖို့လိုတယ်။ သို့သော်လည်း recently ပေါ့။ တနှစ်လောက်ကဟာကတော့ တိုက်ရိုက်ထိခိုက်တာ (directly impact) ဖြစ်တာပေါ့။ ဒီလိုပဲ စီးပွားရေးကျဆင်းမှုဟာ တနှစ်အတွင်း သိသာမှု မရှိခဲ့ဘူးဆိုရင်လည်း နောက်နှစ် နောက်နှစ်တွေမှာကျမှ သွားပြီးထိခိုက်တာမျိုးလည်းရှိတယ်။ ချက်ချင်းထိခိုက်တာမျိုးလည်းရှိတယ်။ ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ ၂၀၀၇ စက်တင်ဘာအရေးခင်းမျိုးကတော့ တိုက်ရိုက်အကျိုးသက်ရောက်သွားတာလို့ ပြောလို့ရတယ်” ဟု ဦးစိန်ဌေးက ဆိုသည်။
အကယ်စင်စစ်လည်း ကမ္ဘာ့စီးပွားရေး မကျဆင်းမီကပင် မြန်မာ့စီးပွားရေးမှာ ကျဆင်းနေခဲ့ပြီးဖြစ်သည်။
စစ်အစိုးရ၏ ညံ့ဖျင်းသောကိုင်တွယ်မှုကြောင့် ယိုင်နဲ့နေသော မြန်မာ့စီးပွားရေးကို မေ (၂) ရက် နာဂစ်က အရှိုက်ထိုးလိုက်ပြန်သည်။ စပါးစိုက်ပျိုးထုတ်လုပ်မှု (၄၀) ရာခိုင်နှုန်းမျှ ပျက်စီးခဲ့သည်။ ငါးလုပ်ငန်း၊ ဆားလုပ်ငန်း များလည်း နာလန်မထူနိုင်။ ထို့ထက်ပိုဆိုးသည်မှာ ဒေသခံလူထု နှစ်သိန်းနီးပါး အသက်ဆုံးရှုံးခဲ့ကြရခြင်း ဖြစ်သည်။ လုပ်သားအင်အားဆုံးရှုံးမှုသည် အဆိုးဝါးဆုံး ဆုံးရှုံးမှုဖြစ်သည်။
သေဆုံးသူစာရင်းကို နအဖက အတိအကျထုတ်ပြန်မပေးနိုင်သော်လည်း ပျက်စီးဆုံးရှုံးမှုစာရင်းကိုမူ သုံးပတ်အတွင်း အရအမိကောက်ကာ ကန်ဒေါ်လာ (၁၁) ဘီလီယံကျော်ရှိကြောင်း ကမ္ဘာကိုပြောသည်။ မေ (၂) ရက်က ဖြစ်ပွားခဲ့သော မုန်တိုင်းကြောင့် ပျက်စီးမှုတန်ဖိုးကို မေ (၂၅) ရက်တွင် စာရင်းအတိအကျဖြင့် တင်ပြလာနိုင်စွမ်းသော နအဖ၏ စာရင်းများကို ကမ္ဘာကမယုံ။ သို့နှင့် အာဆီယံက ကြားဝင်တွက်ချက်ပေးရာ လေးပုံတပုံလျော့ပါးသွားပြီး (၄) ဘီလီယံဟု အဖြေထွက်လာသည်။
နာဂစ်ဖြစ်ပြီးစအချိန်ကလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ရန် မစဉ်းစားဘဲ မေ (၅) ရက်တွင် ဘဏ္ဍာရေး ဒု-၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက ဒုက္ခသည်ပြ ဒေါ်လာရပြီ အထင်နှင့် ကမ္ဘာ့ဘဏ်သွားကာ လက်ဖြန့်သည်။ ကမ္ဘာ့ဘဏ်က မပေး။
ဤကဲ့သို့သော မရိုးဖြောင့်မှုများရှိရသည့်အထဲ နာဂစ်ဒုက္ခသည်များကို ကူညီသူများအား အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးအရေးယူမှုများကြောင့် ကမ္ဘာ့အကူအညီပေးရေးများ တွန့်ဆုတ်ကုန်သည်။ နအဖ၏ မိုက်မဲမှုကြောင့် ဒေသခံလူထုသည် ကမ္ဘာ့အကူအညီများကို လိုသလောက်မရခဲ့။
တဖက်တွင်လည်း စက်တင်ဘာအရေးအခင်းကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ကျဆင်းလာနေသော ခရီးသွားလုပ်ငန်းသည် နာဂစ်အပြီးတွင် အခြေအနေပိုဆိုးလာသည်။ မီးခိုးမဲ့စက်ရုံပိုင်ရှင် ခရီးသွားလုပ်ငန်းရှင်များ ကိုယ်တိုင် ၎င်းတို့အိမ်တွင် မီးခိုးမဲ့တော့မည့် သဘောရှိလာသည်။ ဗီဇာစနစ်ပြောင်းလဲပေးရန်နှင့် နိုင်ငံခြားသားများအပေါ် ကန့်သတ်မှုများ လျှော့ပေါ့ပေးရန် ခရီးသွားလုပ်ငန်းရှင်များက တောင်းဆိုလာကြသည်။ နအဖကတော့ ယခုအချိန်အထိ တုတ်တုတ်မျှမလှုပ်။
ပုဂ္ဂလိကစီးပွားရေးကျဆင်းနေချိန်တွင် ရှိသမျှသယံဇာတ ထုတ်ရောင်းရန်သာ ကြံဆနေသော နအဖက ဘင်္ဂလားဒေ့ရှ်နှင့် ရေပိုင်နက် အငြင်းပွားပြန်သည်။ ရလဒ်ကား ပြည်တွင်းရေထွက်ပို့ကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ရပ်ဆိုင်းကုန်ခြင်းဖြစ်သည်။
တဖန် နှစ်လယ်ပိုင်းတွင် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းဖြစ်ပွားခဲ့သော ပဲကြိုပွိုင့်ရောင်းဝယ်မှုများကြောင့် အဓိကပို့ကုန်တခုဖြစ်သည့် ပဲဈေးကွက်ပျက်သွားပြန်သည်။ ဤတွင် နအဖက နိုင်ငံတော်မှ ဦးဆောင်ရောင်းဝယ်မည်ဆိုကာ ပဲဈေးကွက်ကို ထိန်းချုပ်ရန် တာစူလာပြန်၏။ တနိုင်ငံလုံးရှိ ကုန်စည်ဒိုင်အမှုဆောင်များအား ကုမ္ပဏီများ စုဖွဲ့ခိုင်းနေသည်။ နယ်ခံကုမ္ပဏီနှင့် ရန်ကုန်ရှိ နအဖလက်ဝေခံကုမ္ပဏီများ ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်ကြရမည်ဟု စီးပွားကူးသန်းဒု-၀န်ကြီးက နယ်လှည့် ဆွယ်တရားဟောနေ၏။ နယ်ခံကုန်သည်ပွဲစားများက လိုလားမှုမရှိ။ နအဖနှင့် ပတ်သက်နေသော ရန်ကုန်ကုမ္ပဏီများကိုလည်း မယုံကြည်ကြ။ အဆုံးသတ်တွင် မည်ကဲ့သို့သော ရလဒ်ပေါ်ထွက်လာမည်ကို စောင့်ကြည့်ကြရဦးမည်။
နအဖ၏ တပွဲတိုးဖြေရှင်းနည်းများကား ထိုမျှနှင့်ရပ်မသွား။ နာဂစ်ဒဏ်ခံခဲ့ရခြင်း၊ စပါးဈေး အလွန်အမင်းကျဆင်းနေခြင်းတို့ကြောင့် သွင်းအားစုများ ဖြည့်တင်းရန်ပင် အခက်အခဲရှိနေသော လယ်သမားများ၏ လယ်ယာမြေများကို ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများအား ၀င်ရောက်လုပ်ကိုင်စေသည်။ အမည်ကိုကား လှလှလေး ပေးထားပါ၏။ အကျိုးတူ လယ်ယာစီးပွား။ ထိုအကျိုးတူ လယ်ယာစီးပွားဆိုသည်ကို ယခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ပါ တိုးချဲ့သွားမည်ဟု နအဖက လေသံပစ်ထားသည်။
“အဲလိုတွေက လုပ်ခဲ့ဖူးတယ်။ ၁၉၉၅ ခုနှစ်လောက်မှာထင်တယ်။ ရေနက်ကွင်း စိုက်ကွင်းဆိုပြီး ဒေသခံတွေဆီက မြေတွေသိမ်းပြီး သူတို့ကုမ္ပဏီတွေကို ချပေးတာမျိုးတွေရှိခဲ့တယ်။ မကွေးတိုင်းမှာလည်း စီမံကိန်း ၀ါစိုက်ဖို့ဆိုပြီး ယာမြေတွေသိမ်း ပုဂ္ဂလိကကုမ္ပဏီတွေကို ချပေးခဲ့ဖူးတယ်။ မဆလ လက်ထက်တုန်းကလည်း သမ၀ါယမ လယ်ယာတွေဆိုပြီး ရှိခဲ့ဖူးတာပါပဲ။ အခုလည်း အဲဒီပုံစံတွေအတိုင်း နအဖက လိုက်လုပ်နေတာပါပဲ။ အဲဒါတွေက ဒေသခံလူထုအတွက် အကျိုးမရှိနိုင်ဘူး။ ကုမ္ပဏီတွေပဲ အကျိုးရှိမယ်။ သူတို့က ထွက်လာတဲ့အသီးအနှံကို ပြည်ပတင်ပို့ခွင့်ရတော့ နိုင်ငံခြားငွေ (export earning) တွေ ရမယ်။ မူလလုပ်ခဲ့တဲ့ လယ်သမားတွေကတော့ ကုမ္ပဏီရဲ့ အလုပ်သမားသွားဖြစ်ရော။ လယ်ပိုင်ကနေ လယ်ယာလုပ်သားဖြစ်သွားတာ။ နောက်ဆုံးကျတော့ ဒေသခံတောင်သူလယ်သမားတွေကတော့ ဘ၀ပျက်သွားတော့တာပေါ့။ သူတို့ရဲ့ စီးပွားရေးမူဝါဒထဲမှာ ပုဂ္ဂလိကပိုင်ပြုရေးဆိုတာပါပေမယ့် လက်တွေ့မှာ သမ၀ါယမပြုနေတာပဲ။ ပုဂ္ဂလိကပိုင်ပြုတယ်ဆိုရင် တဦးချင်းစီ၊ တကဏ္ဍစီကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးရမှာ”ဟု ဦးစိန်ဌေးက သုံးသပ်ပြသည်။
ထိုကဲ့သို့ ပုဂ္ဂလိကစီးပွားရေး ကဏ္ဍတွင် ဒေသခံများ မလုပ်တတ်ဟုဆိုကာ ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများထံ လုပ်ငန်းခွင်များ ထိုးထည့်ပေးနေသော နအဖအနေဖြင့် ၎င်းတို့ကိုယ်တိုင်စီမံခန့်ခွဲနေသည့် အစိုးရအသုံးစရိတ်ကို ကြည့်ပြန်တော့လည်းမဟန်။ ဘတ်ဂျက်လိုငွေပြမှုက (၅) ရာခိုင်နှုန်းအထက်မှာ နှစ်စဉ်ရှိနေသည်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင်လည်း ဘတ်ဂျက်လိုငွေပြမှု ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော်ရှိခဲ့ကြောင်း ၀န်ကြီး အဖွဲ့အစည်းအဝေး(၃၈/၂၀၀၈) တွင် ၀န်ကြီးချုပ်က ၀န်ခံခဲ့သည်။
“(၇) ရာခိုင်နှုန်း (၈) ရာခိုင်နှုန်းဆိုတာ နှစ်စဉ်လိုဖြစ်နေတာ မဆန်းတော့ပါဘူး။ ဒီနှစ်မှာ ပိုတောင်သုံးရဦးမယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်မှာ ပုဂ္ဂလိက ကဏ္ဍကသုံးစွဲမှုတွေ လျော့လာမှာဖြစ်လို့ ငွေကျုံ့မှု (deflaction) မဖြစ်အောင် အစိုးရက ပိုသုံးပေးရမယ်” ဟု ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။
ဦးစိန်ဌေးက “တိုင်းပြည်တိုးတက်ဖို့ ဘတ်ဂျက်ပိုသုံးသင့်တဲ့အခါ သုံးကြရပါတယ်။ စီးပွားရေးကျဆင်းလာချိန်မှာ အစိုးရက ပိုသုံးပေးရတယ်ဆိုတာ မှန်ပါတယ်။ သီအိုရီအရမှန်ပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ပိုသုံးခဲ့တာများနေပြီဗျ။ ၈၈ ကနေ ၂၀၀၈ ဆိုရင် အနှစ်နှစ်ဆယ်ရှိနေပြီ။ ဘာမှအကျိုးမရှိဘူး။ အဲဒီမှာပိုသုံးတာ မသုံးတာထက် သုံးတဲ့ဧရိယာတွေကြည့်ရမှာ။ ယောင်ပြတည်ဆောက်မှုတွေ လုပ်နေတာမျိုးက ဘာမှအကျိုးမရှိဘူး။ မလိုအပ်သေးဘဲနဲ့ ဒါမှမဟုတ် တကယ်မလုပ်နိုင်သေးဘဲနဲ့ ၀ါဒဖြန့်ချင်လို့ လမ်းဖောက်လို့၊ တံတားဆောက်လို့ စပါးထွက်နှုန်းတိုးလာမလား။ ဘတ်ဂျတ်သုံးစွဲတဲ့အခါ ဘယ်ကဏ္ဍသည် နိုင်ငံအတွက် အဆီအနှစ်ဖြစ်စေသလဲ။ ဒါကိုကြည့်ရမယ်။ အခုဟာက စစ်တပ်အတွက် အများကြီးသုံးနေတယ်။ မလိုအပ်ဘဲ နေပြည်တော်ဆောက်နေတာ အခုထိမပြီးသေးဘူး။ အများပြည်သူအလုပ်လုပ်တဲ့ ကဏ္ဍတွေမှာ ပံ့ပိုးတာမရှိဘူး။ နိုင်ငံတနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြမှုဟာ (၂) ရာခိုင်နှုန်း၊ (၃) ရာခိုင်နှုန်းသာ ရှိသင့်တာပါ” ဟု ပြောသည်။
နအဖ၏ စာရင်းများကား မှန်ကန်လေ့မရှိဟု ကမ္ဘာကလက်ခံထားကြသည်။ ယခုဘတ်ဂျက်လိုငွေပြမှုသည်လည်း ယခုထက်ပိုစရာသာရှိသည်။ ကြံ့ဖွံ့လို လူမှုရေးအသင်းအဖွဲ့ဆိုသည်ကြီးကိုလည်း နအဖက ထောက်ပံ့နေရသဖြင့် လျော့စရာအကြောင်းမရှိ။ ကြံ့ဖွံ့ပံ့ပိုးငွေများ မည်သည့်ဝန်ကြီးဌာန၏ အသုံးစာရင်းမှ သွားသနည်း။
မိမိတို့ အစိုးရအသုံးစရိတ်ကိုပင် ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းမရှိသည့် နအဖအနေဖြင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း ၎င်းတို့အား နောက်ခံပြုပေးနေသော ကုမ္ပဏီကြီးများ လက်သို့သာ ၀ကွက်အပ်စီမံစေသည်မှာ တကယ်တော့မဆန်း။
ဆန်းသည်မှာ Ajay Chhibber ၏ စီးပွားရေးကို အခြေခံသော လူမှုရေးအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးမှုမှန်ကန်ကြောင်းကို မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် နှစ်စမှာပင် ပြသခဲ့ခြင်းဖြစ်သည်။
ဖြစ်ရပ်မှာ နအဖလက်ဝေခံကုမ္ပဏီများကြီးစိုးရာ ရေနံမှော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မကွေးတိုင်းမှူး၏ အစ်မပိုင်ကုမ္ပဏီက နှောပင်ရေနံမှော်တွင် ဒေသခံတွင်းပိုင်များထံမှ ရေနံစိမ်းကို လက်ဝါးကြီးအုပ် ၀ယ်ယူလိုသည်။ တန်ရာတန်ကြေးမပေး။ ပြင်ပရေနံပွဲစားများက တပေပါ (၅) သောင်းကျော် ပေးနေချိန်တွင် ကုမ္ပဏီက (၃) သောင်းဝန်းကျင်သာပေးသည်။ သူတို့မှလွဲ၍ အခြားရောင်းချခြင်းမပြုရဟု အစည်းအဝေး ခေါ်ပြောသောနေ့မှာပင် ဒေသခံလုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် ပြဿနာတက်သည်။ စစ်တပ်က ဒေသခံလူထုကိုသာ ပစ်ခတ်နှိမ်နင်းခြင်းဖြင့် ဖြေရှင်းပြသည်။
အလားတူဖြစ်ရပ်မျိုးများ ပေါ်ပေါက်လာနိုင်စရာအကြောင်းများလည်း တွေ့မြင်နေရသည်။ အဘယ့်ကြောင့် ဆိုသော် နအဖ၏ စီးပွားရေးမနိုင်နင်းမှုနှင့် ၎င်းတို့နှင့် လက်ဝေခံကုမ္ပဏီများကိုသာ အလုံးစုံသော လုပ်ပိုင်ခွင့်များ ပေးထားသဖြင့် လူထုစီးပွားကျဆင်းလာနေခြင်းကြောင့်ဖြစ်သည်။
...............................................................................