Sunday, December 21, 2008

ရန်ကုန် လင်းစဒေါင်း ဓာတ်ငွေ့စက်ရုံ မီးလောင်၊ (၂) ဦးဒဏ်ရာရ

to download
alpha zawgyi - One font
အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်းရှိ အောက်စီဂျင်ဓာတ်ငွေ့စက်ရုံ မီးလောင်မှုကြောင့် လူ (၂) ဦးဒဏ်ရာရပြီး ဆေးရုံတင်ထားရသည်။
ယနေ့ နေ့လယ် (၁) နာရီခွဲခန့်၌ မီးလောင်မှုဖြစ်ပွားပြီး မီးသတ်ကား အစီးရေ (၁၅) စီးခန့်လာသည်ဟု မျက်မြင် သက်သေများက ပြောသည်။
အဆိုပါစက်ရုံမှ စက်ရုံမှူးမှာ ဦးနေထွန်းဖြစ်ကြောင်း လင်းစဒေါင်းမှ ယင်းစက်ရုံအနီးနေသူတဦးက ပြောသည်။
“စက်ရုံမှူးတို့ဆီကို ဒီနေ့ပဲ မီးသတ်က လူကြီးတွေ လာပြီးတော့ စစ်တာပဲ။ မီးဘေးအန္တရာယ် ကင်းဝေးရေးအတွက် လာပြီး သတိပေးတာတွေ့တယ်” ဟု အဆိုပါစက်ရုံအနီးနေသူက ပြောသည်။
မီးလောင်ရခြင်းမှာ သံပြားများဖြတ်တောက်ရာတွင် အသုံးပြုရသော ဓာတ်ငွေ့တမျိုးကို အသုံးပြုနေရာမှ ယင်း ဓာတ်ငွေ့ပိုက်ပွင့်ကာ မီးကူးစက်လောင်ခြင်းဖြစ်ပြီး လူ (၂) ဦး ဒဏ်ရာရကြောင်း သိရသည်။
မျက်မြင်သက်သေတဦးကမူ “အခုပဲ ဆေးရုံကြီးကို ပို့တာပါ။ စိုးရိမ်ရလားတော့ မသိသေးဘူး။ ကျနော့်အထင်ကိုပြောရရင်တော့ နည်းနည်းတော့များမယ်ဗျ” ဟု မျက်မြင်သက်သေက ဆိုသည်။
မီးလောင်မှုမှာ မိနစ်ပိုင်းတွင် ငြိမ်းသွားပြီး အဆောက်အအုံများကို ကူးစက်လောင်ကျွမ်းမှု မရှိကြောင်း၊ သို့သော် အနီးရှိ လုပ်ငန်းသုံးပစ္စည်း အတိုအထွာများကို လောင်ကျွမ်းသွားသည့်အတွက် ဆုံးရှုံးမှုတန်ဖိုးမှာ သိန်းနှင့်ချီ ရှိနိုင်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်သော ဓာတ်ငွေ့စက်ရုံမှာ ဆေးရုံသုံး အောက်စီဂျင်များ ထုတ်ပေးနေသော စက်ရုံဖြစ်သည်။
......................................................................................................
စစ်ဗိုလ်များကို ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌရာထူးပေးရန် စီစဉ်NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈

စစ်တပ်၌ ရာထူးတက်ရန်လမ်းမရှိတော့သည့် စစ်အရာရှိများကို အရပ်ဘက်တွင် ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌအဆင့် ရာထူးများပေးတော့မည်ဖြစ်ပြီး အရာထမ်းမဟုတ်သည့် စစ်ဘက်ဝန်ထမ်းများကိုမူ နေပြည်တော်လွှတ်တော်ရုံးတွင် တာဝန်ထမ်းဆောင်းခိုင်းမည်ဖြစ်သည်ဟု စစ်အရာရှိတဦးက ပြောသည်။
စစ်တပ်မှ မကြာခင် အရပ်ဘက်ပြောင်းပေးမည့် ဗိုလ်မှူးအဆင့် (၃,၀၀၀) ကျော်ရှိပြီး ၎င်းတို့အား ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌ ရာထူးယူမလား၊ ပင်စင်သွားမလား ရွေးချယ်ခိုင်းထားသည်ဟု စုံစမ်းသိရသည်။ မကြာခင်က စစ်အရာရှိ အတော်များများကို အရပ်ဘက် ၀န်ကြီးဌာနများသို့ ခွဲတမ်းချပေးပြီးနောက်ပိုင်း လက်ရှိ ကြံ့ဖွံ့များနေရာကို စစ်ဗိုလ်များနှင့် အစားထိုးရန် စစ်အစိုးရဘက်က ပြင်ဆင်နေခြင်းဖြစ်သည်။
လက်ရှိ ကြံ့ဖွံ့ ဥက္ကဋ္ဌ ရာထူးယူထားသူများမှာ အဖွဲ့အစည်း ရန်ပုံငွေများ များပြားစွာရှိထားသည့်အတွက် နောက်လာမည့် စစ်ဗိုလ်များနှင့် ပဋိပက္ခဖြစ်စရာ အကြောင်းရှိသည်ဟု နေပြည်တော် အရာရှိအချို့က သုံးသပ်သည်။
နေပြည်တော် လွှတ်တော်ရုံးဝန်ထမ်းများအဖြစ် ပြောင်းရမည့် တပ်ကြပ်ကြီးကဲ့သို့သော အဆင့်များမှ အသက် (၄၅) နှစ်ကျော်သူများကို ပြောင်းခိုင်းမည်ဖြစ်သည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။ အဆိုပါအဆင့်များကို နေပြည်တော် လွှတ်တော်ရုံးဝန်ထမ်းများအဖြစ် မသွားလိုပါက ပင်စင်ပေးမည်ဟုလည်း ဆက်ပြောသည်။
.................................................................................................
နေပြည်တော်ဝန်ထမ်းများ မြေကွက်ဖိုးမတတ်နိုင်၍ အိမ်မဆောက်နိုင်
NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈

နေပြည်တော်ဝန်ထမ်းများအတွက် အိမ်ဆောင်ရန် မြေကွက်များပေးသော်လည်း ငွေမတတ်နိုင်သည့်အတွက် မည်သူမျှ အိမ်မဆောက်နိုင်ဖြစ်နေသည်ဟု ၀န်ထမ်းတဦးက ပြောသည်။
ဥတ္တရသီရိ မြို့ကွက်သစ်တွင် နေပြည်တော်ဝန်ထမ်းများအတွက် မြေချပေးထားပြီး ပေ (၆၀) ပေ (၄၀) တကွက်ကို (၃) သိန်း၊ ပေ (၆၀) ပေ (၈၀) တကွက်ကို (၅) သိန်း တောင်းသည့်အတွက် ၀န်ထမ်းများ အိမ်မဆောက်နိုင် ဖြစ်နေသည်ဟု ပြောသည်။
သို့သော် နေပြည်တော်တွင် ငွေတတ်နိုင်သည့် ၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဆင့် အရာရှိများမှာမူ အိမ်များ အသီးသီး ဆောက်နေကြသည့်အပြင် အဆိုပါပုဂ္ဂိုလ်များအတွက် အိမ်အလကား ဆောက်ပေးမည့် ပုဂ္ဂလိက ကုမ္ပဏီများလည်း ရှိသည်ဟု စုံစမ်းသိရသည်။
နေပြည်တော်တွင် ၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဆင့် အရာရှိများအတွက် အိမ်ဆောက်ရန် မြေနေရာများ အခမဲ့ပေးသော်လည်း သာမန်ဝန်ထမ်းများအတွက် ဝေးလံသည့် မြို့သစ်များ၌သာ နေရာချပေးထားသဖြင့် ၀န်ထမ်းများ မကျေမနပ်ဖြစ်နေသည်။
ဝန်ကြီး၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဆင့် အရာရှိများအတွက် အိမ်ပုံစံ (၄၂) မျိုးပေးထားပြီး နှစ်သက်ရာပုံစံကို တထပ်ဒီဇိုင်းဖြင့် တနှစ်အတွင်း အပြီးဆောက်ရန် မြေနေရာများ အခမဲ့ပေးထားသည်။
သာမန်ဝန်ထမ်းများကိုမူ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ စသည့် ဝေးလံသည့် မြို့သစ်တို့တွင် အိမ်ဆောက်လိုပါက မိမိစရိတ်ဖြင့် ဆောက်ရမည်ဆိုသည့်အတွက် ၀န်ထမ်းများ မကျေမနပ် ဖြစ်နေသည်ဟု ၀န်ထမ်းတဦးက ပြောသည်။
(၂၄) ခန်းပါ နေပြည်တော် ၀န်ထမ်းအိမ်ရာ တကွက် အလုံး (၁၁၀) ဖြင့် မူလက (၁၀) ကွက် ဆောက်ပေးရန် လျာထားခဲ့သော်လည်း ယခုအခါ ဓနသီရိ၊ ဥာဏသီရိ၊ ဗလသီရိ၊ သုခသီရိ၊ ၀ဏ္ဏသီရိ စသည့် ၀န်ထမ်းအိမ်ရာ (၅) ကွက်နှင့် အပြီးသတ်ထားသည့်အတွက် ၀န်ထမ်းများ နေထိုင်ရေး ကသီလင်တ ဖြစ်နေသည်ဟုလည်း ပြောသည်။
...............................................................................................
ကူဝိတ်မြန်မာသံရုံးအတွက် သံရုံးစရိတ်ထောက်ပံ့ကြေး ကူဝိတ်အစိုးရ ကမ်းလှမ်း
NEJ/ ၁၉ ဒီဇင်ဘာ ၂၀၀၈

ကူဝိတ်နိုင်ငံတွင် ဖွင့်လှစ်မည့် မြန်မာသံရုံးအတွက် ပထမ (၃) လတာ ကုန်ကျစရိတ်ကို ကူဝိတ်အစိုးရက သံရုံးစရိတ် ထောက်ပံ့ပေးရန် ကမ်းလှမ်းထားသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။
မြန်မာစစ်အစိုးရအနေဖြင့် ကူဝိတ်၏ ကမ်းလှမ်းချက်ကို လက်ခံ မခံ ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မြန်မာစစ်အစိုးရသည် ကူဝိတ်တွင် မြန်မာသံရုံးဖွင့်လှစ်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးမြင့်မောင်ကို မကြာခင်က ကူဝိတ်သို့ စေလွှတ်ခဲ့သည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံခြားငွေပြတ်လပ်နေသည့်အတွက် ကူဝိတ်အစိုးရက ပထမ (၃) လအတွက် သံရုံးစရိတ် ထောက်ပံ့ပေးရန် ယခုကဲ့သို့ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရအနေဖြင့် ကူဝိတ်အစိုးရကမ်းလှမ်းသည့် သံရုံးစရိတ်ထောက်ပံ့ကြေး လက်ခံမည်ဆိုပါက မျက်နှာပူစရာဖြစ်ကြောင်း သံတမန်တဦးက ခေတ်ပြိုင်သို့ပြောသည်။
to download
ဥရောပနဲ့ အာရှ စီးပွားရေး အလားအလာ ထိုးကျဆဲ 20 December 2008
အာရှက စတော့ရှယ်ယာ ဈေးကွက်တွေမှာ သောကြာနေ့က အတက်ရောအကျရော ဖြစ်ပေါ်ခဲ့ပြီး ဥရောပဘက်က စတော့ ဈေးကွက်တွေက ဈေးတွေ ကျဆင်းခဲ့ပါတယ်။ ရေနံစိမ်း ဈေးက ၅ နှစ်အတွင်း အနိမ့်ဆုံး ကျဆင်းသွားပြီး ဒီလို ရေနံစိမ်း ဈေး အလားအလာမကောင်းတာကြောင့်လည်း ရှယ်ယာဈေးကွက်တွေ ပိုပြီး ကျကုန်ကြပါတယ်။ ဒီကမ္ဘာ့စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး လန်ဒန်က ဗွီအိုအေ သတင်းထောက် တွမ်ရေးဗားစ် (Tom Rivers) သတင်းပေးပို့ ထားတာကို မအေးသန္တာကျော် က တင်ပြထားပါတယ်။ စွမ်းအင်အစုရှယ်ယာ ဈေးတွေကျဆင်းလို့ ရင်းနှီးမြှုပ်နှံသူတွေ ထိတ်လန့်ပြီး ဥရောပ အစုရှယ်ယာဈေးတွေ ပျမ်းမျှအားဖြင့် ကျဆင်းသွားပြန်ပါတယ်။ အစောပိုင်းကတော့ အာရှက ဗဟိုဘဏ်က သူ့ရဲ့ ပင်မအတိုးနှုန်းကို ၀.၁ % လျော့ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ လာမယ့် ၂၀၁၀ အထိ စီးပွားရေးဖွံ့ဖြိုးမှု လျော့ကျတာကို ရင်ဆိုင်ရမယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ ဂျပန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး ပြဿနာက ပို့ကုန်လုပ်ငန်းကို ပြင်းပြင်းထန်ထန် သွားပြီးတော့ ထိခိုက်ခဲ့တာပါ။ ဂျပန်နိုင်ငံရဲ့ နံပါတ်တစ် ကားကုမ္ပဏီ ဖြစ်တဲ့ တိုယိုတာ ဟာ ကုမ္ပဏီ ရဲ့ ပထမဦးဆုံး အရှုံးနဲ့ ရင်ဆိုင်ရမှုကို လာမယ့် သီတင်းပတ်မှာ ကြေညာမယ်လို့ ဂျပန် သတင်းတွေမှာ ပါရှိပါတယ်။ ဂျပန်နိုင်ငံထုတ် ကုန်ပစ္စည်းတွေ ပြည်ပမှာ ပိုဈေးကြီးလာစေတဲ့အချက် ဖြစ်တဲ့ ဂျပန် ယန်း ငွေကြေးတန်ဖိုး အများကြီး မြင့်တက်လာလို့ တိုယိုတာ ကားအရောင်းဟာ တချိန်ထိုး ကျဆင်းသွားခဲ့ရပါတယ်။ ရှေ့မှာ ခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်ရဦးမယ် ဖြစ်တယ်၊ အခု ကြုံနေရတဲ့ စီးပွားရေး ကျဆင်းမှုကနေ လွတ်မြောက်နိုင်တဲ့ တခုတည်းသော နည်းလမ်းက တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်တဲ့နည်းပဲ ဖြစ်တယ်လို့ ဗြိတိန်အစိုးရရဲ့ ၂၀၀၈ ခုနှစ် နောက်ဆုံးလပတ်အဖြစ် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးချုပ် ဂေါ်ဒန်ဘရောင်း (Gordon Brown) က ပြောကြားသွားပါတယ်။
၂၀၀၈ ခုနှစ်မှာ ကျနော်တို့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်ကြရတယ် ဆိုတော့ ၂၀၀၉ ခုနှစ်ဟာ ကမ္ဘာ့နိုင်ငံတွေ စုပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ကြရမယ့် နှစ်၊ ကုံလုံကြွယ်ဝတဲ့ အနာဂတ်ကို တည်ဆောက်ရင်းနဲ့ မိသားစုတွေ၊ စီးပွားရေး လုပ်ငန်းတွေကို တကယ် ကူညီရမယ့်နှစ် ဖြစ်ပါတယ်။ စီးပွားကျ ကာလမှာလည်း အနာဂတ်အတွက် ဆက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့နိုင်ငံတွေဟာ အနာဂတ်မှာ ပိုပြီး အားကောင်းကောင်းနဲ့ ပေါ်ထွက်လာကြမှာ ဖြစ်ပါတယ်။”
မစ္စတာ ဘရောင်းကပဲ ဆက်ပြောသွားတာက ဗြိတိန်ရော၊ တခြား နိုင်ငံတွေရောက ဒီကျပ်တည်းတဲ့ စီးပွားရေးကာလကို ကျော်လွှားနိုင်ဖို့ လုပ်သင့်တဲ့ကိစ္စတွေကို လုပ်ဆောင်ထားပြီးပါပြီ။ ဒါပေမယ့် ဒီလုပ်ငန်းတွေရဲ့ အကျိုးအမြတ်ကို မြင်ရဖို့တော့ အချိန်တခု ပေးရဦးမယ်လို့ ပြောသွားပါတယ်။
“ဟုတ်ပါတယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းမှုရဲ့ ဓါးစားခံ ဖြစ်ရတာ ကျနော်တို့ ကံဆိုးတာပါပဲ။ ဘဏ္ဍာရေး အကျပ်အတည်း ကနေ စီးပွားရေးနဲ့ တခြား အပိုင်းတွေကို ပျံ့နှံ့ထိခိုက်ကုန်တာလည်း ကံမကောင်းပါဘူး။ ဒါပေမယ့် ကျနော်တို့ အခုဆို အတိုးနှုန်းကိုလည်း လျော့ချပေးပြီးပြီ။ စီးပွားရေး စနစ်ကြီးထဲကို ငွေတွေလည်း သွတ်သွင်းပေးပြီးပြီ။ ဆိုတော့ ကျနော်တို့ အခြေအနေ ကောင်းပါတယ်။ ကျနော်တို့ စီးပွားရေးဟာ အင်အားကောင်းတဲ့ စီးပွားရေးပါ။ ဓါတ်ဆီဈေး ကျတယ်။ စားသောက်ကုန်တွေကလည်း ဈေးကျတယ်။ ဒီတော့ လူအများကြီးရဲ့ လူနေမှု အဆင့်အတန်း မြင့်တက်လာတာ လာမယ့်လပိုင်းတွေမှာ ကျနော်တို့ တွေ့မြင်ကြရပါလိမ့်မယ်။”
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း ပြောသွားတာ ဖြစ်ပါတယ်။ လောင်စာဆီဈေးက ပြီးခဲ့တဲ့ ၆ လအတွင်းမှာ ရေနံစိမ်းတစည်ကို ဒေါ်လာ ၁၅၀ လောက်ကနေ ဒေါ်လာ ၄၀ လောက်အထိ ကျဆင်းသွားပေမယ့် ဒီလောင်စာဆီဈေးဟာ အတက်အကျ မြန်တာမိုလို့ သတိထားရမယ့်ကိစ္စပဲ ဖြစ်နေဦးမယ်လို့ မစ္စတာ ဘရောင်းက သတိပေးပါတယ်။
ကမ္ဘာ့စီးပွားရေးမှာ အဆိုးဆုံးအခြေအနေ ရှေ့မှာ ကြုံရဦးမယ်လို့ ထိပ်တန်းဘဏ်အဖွဲ့အစည်းတခုရဲ့ ခန့်မှန်းမှုကလည်း မှုန်ဝါး နေတဲ့ စီးပွားရေးမြင်ကွင်းတွေကို ပိုပြီးတော့ အရောင် ပြယ်စေသလိုပါပဲ။ ကမ္ဘာ့စီးပွားရေးဟာ ၂၀၀၈ ခုနှစ်မှာ ၂ % ဖွံ့ဖြိုးခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာတော့ ၀.၄ % ကျုံ့ သွားမယ်လို့ ကမ္ဘာပေါ်က အဓိက ဘဏ်ကြီးတွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်း ၃၇၅ ခုကို ကိုယ်စားပြုတဲ့ IMF နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့ကြီးက ပြောပါတယ်။ အခုအခြေအနေဟာ ခေတ်သစ်စီးပွားရေး သမိုင်းမှာ အပြင်းထန်ဆုံး တကမ္ဘာလုံး တပြိုင်နက် စီးပွားရေး ချွတ်ခြုံကျမှု ဖြစ်တယ်လို့ IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး က ပြောပါတယ်။
၁၉၃၀ ခုနှစ် စီးပွားရေး ပျက်ကပ်မှုကြီးနောက်ပိုင်း ကြုံရတဲ့ အဆိုးဆုံး ဘဏ္ဍာရေး အကျပ်အတည်းဖြစ်တဲ့ အခု စီးပွားရေး အကျပ်အတည်းမှာ အမေရိကန်ပြည်ထောင်စု၊ ယူရို ငွေကြေးသုံးစွဲတဲ့ ဥရောပ ၁၅ နိုင်ငံနဲ့ ဂျပန်နိုင်ငံ အပါအ၀င် လက်ရှိ စီးပွားရေး ဆုတ်ယုတ်မှုနဲ့ ကြုံနေရတဲ့ စီးပွားရေးအင်အားကြီး နိုင်ငံတွေဟာ ၁.၄ % စီးပွားရေး ကျုံ့ သွားကြမှာ ဖြစ်ပါတယ်။
....................................................................................................................

ကမ္ဘာ့စီးပွားရေး အကျပ်အတည်း မြန်မာပြည်သူတွေကို ရိုက်ခတ်
18 December 2008
ကမ္ဘာတ၀န်းမှာ စီးပွားရေး အကျပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ နဂိုကတည်းကမှ စီးပွားရေး ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း စီးပွားရေး ပြဿနာတွေနဲ့ရင်ဆိုင်နေကြရတာပါ။ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာ၊ ၀င်ငွေနိမ့်ကျတဲ့အခြေအနေမျိုးတွေ ရှိနေရတဲ့ အခြေအနေမှာ အခုလို ကမ္ဘာနဲ့အ၀န်း စီးပွားရေးကျဆင်းမှုတွေနဲ့ ကြုံနေရလို့ မြန်မာနိုင်ငံသားတွေကြား ညည်းညူသံတွေကိုလည်းကြားနေရပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြားမှာ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံမျိုးမှာ အခြေအနေတွေက ပိုလို့ဆိုးနေတယ်လို့ ပြောဆိုနေကြတာပါ။ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတာ၊ စီးပွားရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ခွင့်မရှိတာစတဲ့ အခြေအနေတွေအောက်မှာ မြန်မာနိုင်ငံသားတွေ ခြိုးခြံချွေတာရင်းနဲ့ နိစ္စဓူဝ ဘ၀တွေကို ဖြတ်သန်းနေကြရတာပါ။ ရန်ကုန်မြို့ခံတယောက် ပြောပြတာကတော့ …
"ကျပ်တည်းတယ်ဆိုတာ အခု ကျနော်တို့ဆီက ထွက်ကုန်တွေကအစ ဈေးတွေ တအားကျနေတယ်။ ဥပမာ နိုင်ငံခြားကိုတင်ရတဲ့ ငါးဆိုရင် ဈေးတွေကျနေလို့ ကန်သမားတွေအဆင်မပြေဘူး။ ကန်သမားတွေ အဆင်မပြေတော့ သူတို့ကို မှီခိုနေရတဲ့ ကျန်တဲ့မိသားစုတွေ အကုန်လုံးလည်း အဆင်မပြေတော့ဘူး။ အဲလိုတွေပေါ့၊ ကျနော်တို့ကြုံရတဲ့အပိုင်းမှာတော့။
"ဈေးကျတယ်ဆိုပေမယ့်လည်း ကျနော်တို့မှာ ၀ယ်စားနိုင်တဲ့အင်အား မရှိဘူး။ ခြိုးခြံရတာလည်း အကုန်ပဲ။ ဒီမှာက အကုန်လုံးက ရှားပါးနေတာလေ။ နေရာတကာ အကုန်ပဲ။စားတာသောက်တာလည်း အရင်တုန်းက တထောင်လောက်နဲ့စားရင် အခု ခုနှစ်ရာလောက်နဲ့ ဖြစ်အောင်စားရတယ်။ ၀င်ငွေက တအားနည်းတဲ့အခါကြတော့ ဒီပိုက်ဆံနဲ့ချိန်ပြီးတော့သုံးရတာပေါ့။ ဘာပဲပြောပြော အဆင်မပြေတာတော့ အမှန်ပဲ။"
ဒီလို ညည်းညူနေကြပေမယ့်လည်း မြန်မာစစ်အစိုးရ သတင်းစာထဲမှာတော့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းက မြန်မာနိုင်ငံကို ထိခိုက်မှုမရှိဘူး၊ အခြေအနေတွေဟာတည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ်ဆိုပြီး ဖော်ပြနေပါတယ်။ အမေရိကန်နိုင်ငံက စလိုက်တဲ့ ဘဏ္ဍာရေးပြဿနာတွေဟာ ကမ္ဘာတ၀န်းကို ရိုက်ခတ်ခဲ့လို့ ပြဿနာတွေနဲ့ ကြုံနေရပေမယ့် မြန်မာနိုင်ငံကတော့ အပြုံးမပျက်ပါဘဲဆိုပြီး အခန်းဆက်ဆောင်းပါးတွေနဲ့ဖော်ပြနေတာပါ။ မြန်မာနိုင်ငံမှာ စီးပွားရေးအခြေအနေတွေဟာ တကယ်ပဲ တည်ငြိမ်မှုတွေ ရှိနေပါသလား၊ နောက်ထပ် ရန်ကုန်မြို့ခံတယောက် ပြောပြတာကတော့ …
"ပြည်တွင်းမှာတော့ အလုပ်က သိပ်မဖြစ်ဘူး။ အလုပ်တွေက လူလျှော့တာတို့၊ထပ်မခေါ်တာတို့ ရှိတဲ့အခါကြတော့ ဘယ်လိုလုပ် စီးပွားရေးက ကောင်းတယ်လို့ ဆိုလို့ရမလဲ။ ဘွဲ့ရပြီးတောင်မှ အခွင့်အရေးက အရမ်းနည်းနေတယ်၊ အလုပ်တခုရဖို့ကို။အခြေအနေကတော့ အခုဟာက ရှိတဲ့ဟာလေးနဲ့ ဆက်နေတဲ့သဘောပဲ။ ဘယ်အချိန်ပေါက်ကွဲထွက်လာမလဲဆိုတာ မသိနိုင်တဲ့အခြေအနေမှာ ရောက်နေတယ်။
"အခုလက်ရှိအခြေအနေကို အကုန်လုံးက စိတ်ညစ်နေတဲ့သဘောမှာ ရှိတယ်။ အခုချိန်ကစပြီး နည်းနည်းသိသာလာပြီ။ တဖြည်ဖြည်းနဲ့ ပိုဆိုးသွားမယ့် အခြေအနေတော့ရှိတယ်။ တချို့ ဒီစီးပွားရေးဂယက်နဲ့ မထိခိုက်တဲ့လူတွေတော့ ရှိကောင်းရှိမယ်၊ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့။
"အခုဟာ ခရီးသွားဖို့တောင် လူတွေက အရေးကြီးတဲ့ကိစ္စလောက်ပဲ ထွက်တော့တယ်။အတတ်နိုင်ဆုံး လျှော့ချထားတဲ့သဘော ရှိတယ်။ အရောင်းအ၀ယ်တွေကတော့ပါးတာပေါ့။ လူတွေက စားသောက်ဆိုင်တွေ ဘာတွေ သိပ်မလာတော့ဘူး။"
ဒီလိုပဲ အစိုးရရဲ့ သတင်းစာတွေထဲမှာ မြန်မာနိုင်ငံက အခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ်ပါပဲလို့ ရေးသားနေသလို ဒီကနေ့လည်း ဆက်လက်ဖော်ပြရာမှာ ပြီးခဲ့တဲ့ မေလထဲတုန်းက နာဂစ်ဆိုင်ကလုန်းဘေးဒဏ် ခံခဲ့ရတာကိုတောင် ပြည်တွင်းအားနဲ့ စုပေါင်းဖြေရှင်းလို့ ပြေလည်သွားရပါတယ်ဆိုပြီး ပြောခဲ့တာပါ။ လေမုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသက လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံတွေပြောကြတာကတော့ ဒီလိုမဟုတ်ပါဘူး။
"စီးပွားရေးက အကုန်ထိတာပေါ့။ ကျနော်တို့မြို့ပေါ်မှာလုပ်တဲ့ အလုပ်တွေအားလုံးလည်း ထမင်းစားရရုံလောက်ကို တော်တော်ကြိုးစားနေရတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဘာမှမရှိပါဘူး။ တကယ့်လယ်သမား၊ တကယ့်ရေလုပ်သားတချို့ဒီအတိုင်းပဲ၊ သူတို့ဆီမှာ မြို့ပေါ်တက်ဖို့ လမ်းစရိတ်မရှိတဲ့လူတွေက ဘာပိုက် ဘာလှေမှရမှာမဟုတ်ဘူး။ တော်တော်နည်းပါးပါတယ်၊ ကျနော်တို့ဆီမှာ။
"လူတယောက်က လက်ဖက်ရည်ဆိုင်ဖွင့်ရင် အကုန် လက်ဖက်ရည်ဆိုင်၊ ကွမ်းဆိုင်ထွက်မယ်ဆိုရင် အကုန် ကွမ်းဆိုင်။ အဲလိုပေါ့။ အလုပ်အကိုင် အခွင့်အလမ်းနည်းတော့အကုန်စုပြုံနေကြတယ်။ လူတယောက် ကောက်ညှင်းပေါင်းရောင်းရင် အကုန်ကောက်ညှင်းပေါင်း။ သီးခြား အခွင့်အလမ်းတွေ မရှိဘူးလေ။ မရှိတော့ လူတွေကအလုပ်တခုထဲမှာ ပြုံပြီးတော့ လုပ်ကြရတာပေါ့။
"ကျနော်တို့ နာဂစ်ဒေသမှာ အခုနောက်ပိုင်းဆိုရင် သားငါးရှာတာကအစ တော်တော်အခက်အခဲတွေ့တယ်။ ဆန်စပါးဖြစ်ထွန်းမှုကလည်း အားလုံးပေါင်းရင် လယ်ဧက ၄၀%လောက်ပဲ စိုက်နိုင်တယ်။ အဲဒီထဲမှာမှ ပါးပါးလျားလျားပဲ ဖြစ်ထွန်းတယ်။ နဂိုကလယ်တကွက်ကို ၇၀၊ ၈၀ ထွက်တဲ့ နေရာတွေမှာ အခု ရိပ်ပြီးစ လယ်တကွက်မှာ စပါး၃၀၊ ၃၅၊ ၄၀ အဲဒီလောက်ပဲရတယ်။ ရတဲ့အထဲမှာတောင် ဆန်မအောင်တဲ့စပါးတွေတွေ့ရတယ်။ အများကြီးပေါ့။ မျိုးစပါးဖိုးကြေရုံပဲ။ အလုပ်သမားခ ရှုံးတာပေါ့။ ဟန်ချက်ညီညီ မဖွံ့ဖြိုးပါဘူး။"တကယ်တော့ မြန်မာစစ်အစိုးရက တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်လို့အချက်အလက်တွေ၊ သတင်းတွေ ထုတ်ပြန်ရာမှာ အားနည်းချက်တွေ ရှိလေ့ရှိပါတယ်။မြန်မာနိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းနဲ့ ပတ်သက်လို့ ဆိုရင်လည်းပဲ ၁၀%ကျော်အထိရှိတယ်လို့ ထုတ်ပြန်ပြောဆိုလေ့ ရှိပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ ဒီထက်အများကြီး လျော့နည်းစရာရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) လိုအဖွဲ့အစည်းတွေက ပြောဆိုထားတာပါ။ အခုနောက်ဆုံး ADB ရဲ့ ၂၀၀၈ ခုနှစ် စီးပွားရေးခန့်မှန်းချက် အရဆိုရင်လည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်မှုနဲ့ ပတ်သက်လို့စိုးရိမ်စရာ အခြေအနေတွေ ရှိနေဦးမယ်ဆိုပြီး ပြောဆိုထားပါတယ်။
.........................................................................................

ထွက်ပြေးလာသည့် မြောက်ကိုရီးယား ၁၉ ယောက် မြန်မာပြည်မှာ အဖမ်းခံရ
20 December 2008
မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ လူ ၁၉ ယောက်ကို မြန်မာပြည်တွင်း တရားမ၀င် ၀င်ရောက်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ မြောက်ကိုရီးယားက ဘက်ပြောင်းလာသူ ၁၉ ယောက်ဟာ မြောက်ကိုရီးယားက တရုတ်ပြည်၊ တရုတ်ပြည်ကနေ အရှေ့တောင်အာရှ ကို ဖြတ်ခါ တောင်ကိုရီးယားကို သွားရောက်ဖို့ ရှိပါတယ်။
တရုတ်ပြည်မှာ ဘယ်လောက်ကြာကြာ နေခဲ့တယ်ဆိုတာ မသိရပေမယ့် မြန်မာပြည်တွင်းကိုတော့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ၀င်လာလို့ အဖမ်းခံရတာပါ။ ပြည်တွင်း ၀င်ရောက်လာလို့ ဖမ်းဆီးလိုက်တာဖြစ်တယ် တရားမ၀င် ၀င်ရောက် လာသူတွေဖြစ်တဲ့အတွက်လည်း လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူရမှာဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။
ရှေ့သီတင်းပတ်ထဲမှာ ရုံးတင်စစ်ဆေးမှာဖြစ်ပါတယ်။ ထိန်းသိမ်းရေးစခန်းကနေ အကျဉ်းထောင်ထဲကို ရောက်သွားတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၁၉ ယောက်ထဲမှာ အမျိုးသမီး ၁၅ ယောက် အမျိုးသား လေးယောက် ပါဝင်ကြပါတယ်။ မြန်မာပြည်မှာရှိတဲ့ မြောက်ကိုရီးယား သံရုံးက ဒီကိစ္စကို ၀င်ရောက်ပြောဆိုတာ မရှိသေးပါဘူး။ မြောက်ကိုရီးယားကို ပြန်ပို့မယ်ဆိုတာ သေချာ မသိရသေးပေမယ့် မြန်မာလူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ပြစ်မှုထင်ရှားတယ် ဆိုရင် ထောင်ဒဏ်နှစ်ရှည် ချခံရဖွယ်ရှိပါတယ်။
တရုတ်ပြည် ကတော့ ဆင်းရဲမွဲတေ နှိပ်ကွပ်မှုကြောင့် ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားတွေဟာ စီးပွားရေးကြောင့် ထွက်ပြေးလာသူတွေဆိုပြီး မြောက်ကိုရီးယားကို ပြန်ပို့လေ့ရှိပါတယ်။
..........................................................................................

ထောင်ပြောင်း နိုင်ငံရေးအကျဉ်းသား ဥပဒေရပိုင်ခွင့် ဆုံးရှုံး
19 December 2008
မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုရွှေမောင်အပါအ၀င်လေးဦးကိုမန္တလေးမှာဖမ်း၊ အင်းစိန်မှာထောင်ချပြီးတဲ့နောက် ဖျာပုံထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဖျာပုံထောင်ရောက်သွားတဲ့ ကိုရွှေမောင်ကို မကြာသေးခင်ကမှ သွားတွေ့ခဲ့တဲ့ ဇနီးဖြစ်သူကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုရွှေမောင်ဟာ မန္တလေးထောင်ကနေ ဒီနှစ် ဧပြီလမှာ ရန်ကုန်၊ အင်းစိန်ထောင်ကိုပြောင်း၊ အဲဒီမှာ ခုနစ်လကြာပြီးတဲ့နောက်မှာမှ ထောင် ၈ နှစ်ချပြီး အခုတခါဖျာပုံထောင်ကို ပြောင်းခံခဲ့ရတာပါ။ သူအပါအ၀င်လေးဦးကို အင်းစိန်ထောင်ကနေ ဖျာပုံထောင် ပြောင်းရွှေ့ခဲ့တဲ့နေ့က တလမ်းလုံး ဘာမှမစားရဘဲ သွားခဲ့ရတယ်လို့ သူ့ရဲ့ဇနီးဖြစ်သူ မသန်းသန်းဝင်းက ပြောပြပါတယ်။
“အင်းစိန်ထောင်ကနေ ဖျာပုံထောင်ကို ၁ ရက်နေ့ကနေ သင်္ဘောနဲ့ ည သူတို့ခေါ်သွားတယ်တဲ့။ ဟိုမှာ ဖျာပုံထောင်ကို ၂ ရက်နေ့မှာ ရောက်တယ်တဲ့။ လမ်းမှာ
သူတို့ ဘာမှလည်း မစားရဘူးတဲ့။ ဒီအတိုင်း တင်လွှတ်လိုက်တာတဲ့။ သူတို့ လုံခြုံရေးနဲ့ပေါ့။ လုံခြုံရေးတွေကိုလည်း ဘာမှမကျွေးလိုက်ဘူးဆိုတော့ လုံခြုံရေးတွေကလည်း ဘာမှ မတတ်နိုင်ဘူးတဲ့။”
ကိုရွှေမောင်နဲ့အတူ ဖျာပုံထောင်ကို ပြောင်းရွှေ့ခံခဲ့ရသူတွေကတော့ ကိုဇော်ဝင်း၊ကိုဝဏ္ဏအောင်နဲ့ ဦးပဉ္ဇင်း ဦးသုမန၊ လူအမည် ဦးမင်းသက်တို့ဖြစ်ပါတယ်။ အဖမ်းခံရပြီးကတည်းက ထောင်သာကျသွား၊ ထောင်သုံးခုသာ ပြောင်းသွားတယ်၊ကိုရွှေမောင်ကို ဘာပုဒ်မနဲ့ထောင်ချတယ်၊ သူကျူးလွန်တဲ့အပြစ်က ဘာတွေဆိုတာကို ကာယကံရှင် ဇနီးသည်အနေနဲ့ တရားဝင်ဝင် တိတိကျကျ ဘာမှမသိရဘူးလို့ မသန်းသန်းဝင်းက ပြောပါတယ်။
“ခုချိန်ထိ ကျမတို့ကို စာရွက်လည်း ထုတ်မပေးသေးဘူး။ သူ့ကိုတော့ ပုဒ်မ (၅၀၅)လို့တော့ ကျမကြားတာပဲ။ ပုဒ်မ (၅၀၅) က သုံးမှုတဲ့။ ပုဒ်မ (၃၄၅) လား ဘာလဲမသိဘူး။ သံဃာကို အကြည်ညိုပျက်စေမှုဆိုပြီး အဲဒါက တမှုတဲ့။ သူတို့ကိုလေးမှုနဲ့ ထောင် ၈ နှစ်ချတယ်တဲ့။ ကျမ အဲဒီလိုပဲသိရတယ်။ ကျမ အခု သူတို့ အဲဒီအမှုရဲ့ စာရွက်တွေ သွားထုတ်တော့လည်း မရသေးဘူး။ အဲဒီလိုပဲ ဖြေလိုက်တာထောင်က။ တရားဥပဒေအရ ကျမတို့မှာ ဘာမှ ခုခံခွင့်မရှိတာကို ကျမရင်ထဲမှာခံစားရတာပေါ့နော်။ ဘာမှ ခုခံခွင့်လည်းမရှိဘူး။ ကျမတို့ဘက်က ရှေ့နေထားခွင့်လည်း ကျမတို့မှာ မရလိုက်ဘူးလေ။ ဒီအတိုင်းပဲ တရားမဲ့ကြီးကို ထောင်ချလိုက်တာပဲ။ ပြီးတော့ ကိုရွှေမောင်နဲ့ပါသွားတဲ့ ပိုက်ဆံတွေလည်း ကျမ ပြန်မရဘူး။ အဲဒါတွေကိုပါ သူတို့ ခုချိန်ထိ ယူထားတာပဲ။”
မန္တလေးကနေ ဖျာပုံကိုသွားမယ်ဆိုရင် အရင်ဆုံး ရန်ကုန်ကိုသွား၊ အဲဒီကနေမှ ကားနှစ်ဆင့်ထပ်စီးပြီး ဖျာပုံထောင်ထိအရောက် စုစုပေါင်း မိုင် ၅၀၀ ကျော်ခရီးကို သွားရတာပါ။ ဒါပေမယ့်လည်း မသန်းသန်းဝင်းကတော့ ခင်ပွန်းဖြစ်သူကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရောက်အောင် သွားတွေ့နေမှာပါလို့ ပြောပါတယ်။
“ကြိုးစားရမှာပေါ့။ ကိုယ့်ယောက်ျားတယောက် ဘယ်လိုပဲ ပြန်ပြီးတော့ လွှတ်ပဲပေးပေး၊ ပြန်မလွှတ်ဘဲနဲ့ပဲ ထားထား ကျမကတော့ ကြိုးစားပြီး သွားတွေ့ရမှာပဲသူ့ကို၊ သူကတော့ ဘာမှမပြောပါဘူး။ ငါ့မိန်းမတဲ့။ လာရတာ တော်တော်ဝေးတယ်တဲ့။ ကလေးလေးနဲ့ လာရတာဆိုတော့ စိတ်မကောင်းဘူးတဲ့။ အရင်လို တလတခေါက် မလာပါနဲ့တဲ့။ ကလေးကိုလည်း သနားလို့ပါတဲ့။ ကလေး ငယ်ငယ်လေးနဲ့ဆိုတော့။ နှစ်လနေမှ တခေါက်လောက်လာခဲ့ပါတဲ့။ သူကတော့ အဲဒီလို ပြောတာပေါ့။ ကျမ သူ့ကို စိတ်မချဘူးပေါ့နော်။ မတတ်နိုင်ဘူးပေါ့။ တလတခေါက်လောက်သွားနိုင်အောင် ကျမ ကြိုးစားရမှာပေါ့။”
ဖျာပုံထောင်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရွှေမောင်ရဲ့ဇနီးဖြစ်သူ မသန်းသန်းဝင်း ပြောသွားတာပါ။
ကိုရွှေမောင်တို့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုအပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီကာလတွေက ဖမ်းဆီးထားခဲ့သူတွေကို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ထောင်ဒဏ်နှစ်ရှည်တွေချ၊ မိသားစုနဲ့ ဝေးလံတဲ့ထောင်တွေကိုပြောင်း လုပ်ခဲ့တဲ့ထဲမှာ ကိုရွှေမောင်တို့လည်း အပါအ၀င်ပါ။
အဲဒီလို ထောင်ချ ထောင်ပြောင်းတာတွေ မလုပ်ဖို့၊ လက်ရှိ ဖမ်းထားပြီးသားလူတွေကိုလည်း ပြန်လွှတ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေကြပေမယ့် မြန်မာစစ်အစိုးရကတော့ဆက်ပြီး အန်တုနေဆဲပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့ရာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူလုပ်ဆောင်မှရမယ်လို့ သုံးသပ်ပြောဆိုတာတွေလည်း ထွက်ပေါ်နေကြောင်းပါ။

Monday, October 6, 2008

ပြန်လွတ်လာအပြီး မိတ်ဆွေများနဲ့ စကားလက်ဆုံကျနေတဲ့ ဦးဝင်းတင် (ဦးမိုးသူ၊ ဦးစိုးသိန်း၊ ဦးအောင်သိန်း)


မန်မာစစ်အစိုးရ အာဏာပိုင်တွေက ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေကို နိုင်ငံတ၀န်းမှာရှိတဲ့ ထောင်တွေကနေ လွှတ်ပေးရာမှာ အသက် ၇၈ နှစ်အရွယ်ရှိ ထင်ရှားတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်အပါအ၀င် နိုင်ငံရေး အကျဉ်းသားတချို့လည်း ပါဝင်ခဲ့ပါတယ်။
မြန်မာစစ်အစိုးရ အာဏာပိုင်တွေကတော့ တည်ဆဲဥပဒေတွေအရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို နိုင်ငံတော်သစ် တည်ထောင်ရာမှာ အကျိုးပြုမယ့် နိုင်ငံသားတွေ ဖြစ်လာစေဖို့ရည်ရွယ်ပြီး အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာလို့ ဆိုပါတယ်။
ဦးဝင်းတင်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာကို လက်မခံဘဲ မတရား အကျဉ်းချခံထားရတဲ့သူ့ကို ထောင်ချထားခြင်းကနေ ရပ်စဲတယ်လို့ပဲ လက်ခံယူဆကြောင်းပြောပါတယ်။

.............................................................
အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် သုံးနေကြပြီလော

လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေး လက်နက် တခုသဖွယ် ပြုနေတယ်လို့ ဆိုပြီး ဒီလို အကြမ်းဖက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က အစည်းအဝေး တက်ရောက်လာကြတဲ့ နိုင်ငံပေါင်း ၆၀ ကျော်က ရှုတ်ချလိုက်ပါတယ်။ ဒီလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိနေရာကို အမေရိကန် ပြည်ထောင်စုက ယူထားတာဖြစ်သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က လုံခြုံရေး ကောင်စီမှာပြုလုပ်တဲ့ ဒီအစည်းအဝေးအတွင်း သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဌာနချုပ်ရှိရာ နယူးယောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Margaret Besheer သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
အခုလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေး လက်နက်တခုသဖွယ် အသုံးပြုနေတာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးသင့်တဲ့ အကြောင်းအရာ ဟုတ်မဟုတ် နှစ်နဲ့ချီ အငြင်းပွားခဲ့ကြရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် က ဆိုပါတယ်။
"လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိစ္စဟာ လုံခြုံရေးအရ အမှန်တကယ် စိုးရိမ်စရာ ဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂက အခု အသိအမှတ် ပြုလာပါပြီ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုကိုပဲ ထိခိုက်တာမဟုတ်ပါဘူး။ နိုင်ငံတခုရဲ့ စီးပွားရေးနဲ့ လူမှုရေး မတည်ငြိမ်မှုတွေကို ဖြစ်စေပါတယ်။"
တရက်ကြာ အခြေအတင် ဆွေးနွေးမှု အပြီးမှာတော့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအရာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်တရပ်ကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။
"အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အများသိအောင် ကြိုးပမ်းတဲ့ လုပ်ငန်းစဉ်တရပ်ကို ဒီ ဆုံးဖြတ်ချက်ထဲမှာ ချမှတ်ခဲ့ကြပါတယ်။ အထူးသဖြင့် - ဒီ ဆုံးဖြတ်ချက်ကနေ လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေးလက်နက်သဖွယ် အသုံးပြုနေတာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ ရရှိလာတဲ့ အချက်အလက်တွေကို လုံခြုံရေးကောင်စီမှာ ပုံမှန် တင်ပြသွားနိုင်တဲ့ လုပ်ငန်းစဉ်တရပ် ချမှတ်နိုင်ရေး ပြင်ဆင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း တောင်းဆိုထားပါတယ်။"
ကွန်ဂို သမ္မတ နိုင်ငံနဲ့ ဆူဒန်နိုင်ငံတွေလို ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာနဲ့ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းလည်း နိုင်ငံခြားရေး ၀န်ကြီး ရိုက်စ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေနဲ့ နောက် လစ်ဗျားနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ၀န်ထမ်းတချို့ကလည်း အမျိုးသမီးတွေကို ခေါင်းပုံဖြတ် အသုံးချမှုတွေ လုပ်နေတယ် ဆိုတဲ့ အစီရင်ခံစာတွေ ရှိတဲ့အကြောင်းလည်း သူက ထောက်ပြခဲ့ပါတယ်။
ကုလသမဂ္ဂအနေနဲ့ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားဆောင်ရွက်နေပြီး သူ့ ၀န်ထမ်းတွေအနေနဲ့ ဒီလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအရ ခေါင်းပုံဖြတ်အသုံးချတာကို လုံးဝ သည်းခံမှာမဟုတ်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။
ပဋိပက္ခတွေကနေ လွန်မြောက်ပြီး ပြန်လည် တည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ တချို့ လူ့အဖွဲ့အစည်းတွေမှာ ဆိုရင်လည်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား အခြေအနေမှာ ရှိနေသေးသလို ဒီကိစ္စကို ထိပ်ဆုံးကထားပြီး ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်းလည်း အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဆက်ပြောသွားခဲ့ပါတယ်။
ဘောစနီးယား၊ ရ၀မ်ဒါ၊ ကမ်ဘောဒီးယား၊ ဟိတ်တီ၊ လစ်ဗျား နဲ့ ယူဂန်ဒါ စတဲ့ ကမ္ဘာတ၀ှမ်းက လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေမှာ အမျိုးသမီးတွေအပေါ် လိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေတာနဲ့ပတ်သက်လို့ မှတ်တမ်းတွေ ရှိပါတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ မိသားစု၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းရဲ့ စွန့်ပယ်မှု ခံရတာတွေရှိသလို တချို့ကလည်း အိပ်ခ်ျအိုင်ဗွီ အိပ်စ် ရောဂါ ကူးစက်တာ ခံရသူတွေလည်း ရှိပါတယ်။
စစ်ပွဲဖြစ်ပွားတဲ့ ကာလတွေအတွင်းမှာ အမျိုးသမီးတွေဟာ အတင်းအဓမ္မ ပြုကျင့်ခံရတာတွေအပြင် အတင်းအကျပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခံရတာ၊ နောက် စားဝတ်နေရေး အတွက် သူတို့ရဲ့ ခန္ဓာကိုယ်ကို ပေးဆပ်ရတာ စတာတွေနဲ့ ကြုံတွေ့ရလေ့သလို တချို့ အမျိုးသမီးငယ်တွေဆိုရင် ကလေးစစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းတာတွေလည်း ခံရလေ့ ရှိပါတယ်။
ဒီလို လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေးလက်နက်သဖွယ် အသုံးပြုနေတာတွေဟာ စစ်အစိုးရအုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာလည်း ရှိနေတယ်လို့ WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ သဘာပတိ အဖွဲ့ဝင်တယောက်လည်းဖြစ်၊ ပလောင်အမျိုးသမီးသမဂ္ဂ ကို ထူထောင်ခဲ့သူဖြစ်တဲ့ မလွေအေးနန်းက အခုလို ပြောပြပါတယ်။
"စစ်ပွဲတွေ ဖြစ်တဲ့နေရာမှာ၊ တိုက်ပွဲတွေ ဖြစ်တဲ့နေရာမှာ ကြည့်မယ်ဆိုလို့ရှိရင် ဥပမာ ကရင်ဒေသမှာ ရှိတဲ့ဟာတွေ၊ နောက်ပြီး ရှမ်းပြည်မှာ ဖြစ်နေတဲ့ဟာတွေ ရှိတယ်။ တိုင်းရင်းသူ အမျိုးသမီးတွေ အကုန်လုံး ခံနေရတာတွေ ရှိတယ်။ ဥပမာ ပြောမယ်ဆိုလို့ရှိရင် စစ်ပွဲထဲမှာ ဖြစ်နေတဲ့ဟာက အမျိုးသမီးတွေက စစ်ကြောင်းတကြောင်းက ၀င်လာပြီဆိုရင် တိုက်ပွဲတွေ ဖြစ်လာပြီဆိုလို့ရှိရင် အဲဒီမှာ ရှိနေတဲ့ အမျိုးသားတွေက အကုန်လုံး ထွက်ပြေးသွားတာမျိုးတွေ ရှိနေတယ်။ နောက်ပြီးတော့ ပေါ်တာဆွဲခံရလို့ ထွက်ပြေးရတဲ့ အမျိုးသားတွေ ရှိတယ်။ နောက်ဆုံး ကျန်တာက အဲဒီရွာထဲမှာ အမျိုးသားတွေ လိုက်ရှာမရလို့ အချိန်မှာ အမျိုးသမီးတွေက ဓါးစားခံ ဖြစ်လာတာပေါ့နော်။ အဲဒီမှာရှိတဲ့ အမျိုးသမီးတွေက အစုလိုက်အပြုံလိုက်လိုမျိုးပေါ့နော်။ မုဒိမ်းကျင့် ခံရတဲ့ဟာမျိုးတွေ ဖြစ်လာတာပေါ့နော်။ အဲဒါတွေကလည်း စစ်လက်နက်တခုအနေနဲ့ပေါ့နော် အဲဒီမှာရှိနေတဲ့ ရွာသားအမျိုးသားတွေကို လိုက်ရှာမတွေ့တော့တာနဲ့ ရန်သူတွေကို လိုက်ရှာမတွေ့တော့တာနဲ့ ကျန်နေခဲ့တဲ့ အမျိုးသမီးငယ်တွေကို၊ မိခင်တွေကို မုဒိန်းကျင့်တာတွေက ဒါတွေဟာ အမျိုးသမီးတွေကို စစ်လက်နက်သဖွယ် အသုံးပြုပြီးတော့ အကြမ်းဖက်နေတာမျိုးတွေ ဖြစ်တာပေါ့။"
ဟုတ်ကဲ့။ မြန်မာစစ်တပ်ဘက်က ကျူးလွန်တာတွေပေါ့နော်။ မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေဘက်မှာရော ဒီလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မရှိဘူးလားရှင့်။ -
"အဲဒါက ပြောရမယ်ဆိုရင် ကျမတို့ အတွေ့အကြုံရှိတာက ကျမတို့ ပလောင်မှာ Palaung State Liberation Army ဆိုတာ ရှိတယ်။ အခု ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်တုန်းက အတင်းအဓမ္မ လက်နက်ချ ခံရတဲ့အဖွဲ့ ရှိတာပေါ့နော်။ ဒါကို ကြည့်မယ်ဆိုရင် သူတို့ကလည်း လက်နက်ကိုင်ဖြစ်တာပေါ့နော်။ သူတို့ကြားထဲမှာ ဒီလို ကိစ္စရပ်တွေဖြစ်လားလို့ ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ ဘက်လိုက်ပြီးတော့ ပြောတာမဟုတ်ပါဘူး။ ကိုယ့် ပလောင် မိုလို့ ဘက်လိုက်ပြီး ပြောတာမဟုတ်ဘူး။ ဒါတွေက မရှိနေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ပလောင် လက်နက်ကိုင်အဖွဲ့တွေ ရှိနေတာက ကျမတို့ ပလောင်ပြည်သူလူထုတွေက ဒီစစ်အာဏာရှင်တွေ၊ နအဖ စစ်တပ်ကနေ ထိုးစစ်ဆင်တဲ့နေရာမှာ ဒီမှာရှိတဲ့ ပြည်သူလူထုတွေကို ပလောင်လူထုတွေကို အကြမ်းဖက်နေတာတွေကို မတော်မတရားလုပ်နေတာတွေက ကာကွယ်ဖို့အတွက် ရပ်တည်နေတာဖြစ်တာကြောင့် ကျမတို့လူထုတွေကို ကာကွယ်တာမျိုး ဖြစ်တယ်။ တချို့နေရာဒေသတွေမှာဆိုရင် ကျမတို့ ဒီမှာရှိနေတဲ့ ပလောင်အမျိုးသမီးတွေက မုဒိမ်းကျင့်ခံရတာမျိုးဆိုလို့ရှိရင် သွားပြီးတော့ သူတို့တွေကိုယ်တိုင် လိုက်ပြီးတော့ ဒါတွေကို အကာအကွယ် ပေးနေတဲ့ အဆင့်မျိုးတွေ ရှိတာပေါ့နော်။ သူတို့ကြားထဲမှာ ဒါတွေကလည်း ဖြစ်လို့မရဘူး။ ဖြစ်လည်း မဖြစ်နေဘူး။ ရှိလည်း မရှိနေဘူးပေါ့။"
ပလောင်အမျိုးသမီးသမဂ္ဂက မလွေအေးနန်း ပြောပြခဲ့တာဖြစ်ပါတယ်။
.....................................................................
ငွေကြေးဈေးကွက် ကယ်တင်ရေးအစီအစဉ် မှန်ကန်တဲ့ရွေးချယ်မှုလို့ သမ္မတဘုရှ် ခေါ်ဆို

ဘဏ္ဍာရေး အကျပ်အတည်း ကယ်တင်ရေး ဥပဒေ အတည်ပြု လက်မှတ်ရေးထိုးနေသည့် သမ္မတ ဘုရှ်
(အောက်တိုဘာ ၃၊ ၂၀၀၈)
အမေရိကန်ပြည်ထောင်စုမှာ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး ပြဿနာ အကျပ်အတည်း ပြေလည်သွားပါလိမ့်မယ်။ ဒါပေမယ့် မကြာခင်ကပဲ အတည်ပြုခဲ့တဲ့ ဘဏ္ဍာရေး အကျပ်အတည်းဖြေရှင်းရေးဥပဒေ ရဲ့ အကျိုး သက်ရောက်မှု ဖြစ်ပေါ်ဖို့ကတော့ အချိန် စောင့်ရဦးမယ်လို့ အမေရိကန် သမ္မတ ဂျော့ ဘုရှ် က ပြောကြားသွားပါတယ်။
သမ္မတ ဘုရှ် က သူ့ရဲ့ စနေနေ့ ရေဒီယို မိန့်ခွန်းမှာ အခုလို အမေရိကန်လူထုကို အားပေးစကား ပြောသွားတာပါ။ အကျပ်အတည်း တွေ့နေတဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေကို ဒေါ်လာ သန်းပေါင်း ၇ သိန်း နဲ့ ကယ်တင်ဖို့ စီစဉ်တာဟာ မှန်ကန်တဲ့ လုပ်ဆောင်မှုပဲလို့ သမ္မတ ဘုရှ် က ပြောပါတယ်။ သောကြာနေ့ကပဲ ဥပဒေအဖြစ်နဲ့ အတည်ပြုလိုက်တဲ့ အဲဒီအစီအစဉ်အရ ကြွေးမြီ ပေးတဲ့ ဘဏ်တွေ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဈေးကွက်အပေါ်မှာ ပေါ်ပြီးတော့ အယုံအကြည် ရှိလာစေဖို့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ပိုပြီးတော့ ပေါ်ပေါက်လာ စေဖို့အတွက် အကျပ်အတည်း တွေ့နေတဲ့ ဘဏ္ဍာရေး ကုမ္ပဏီတွေကနေ တန်ဖိုးကျ ရင်းနှီးမြှုပ်နှံမှုတွေကို အစိုးရက ၀ယ်ယူမှာ ဖြစ်ပါတယ်။
ဥရောပ ခေါင်းဆောင်တွေကလည်း ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေကြရပါတယ်။ တကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ ကြွေးမြီစနစ်မှာ အကျပ်အတည်း ဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းဖို့ ပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီ နဲ့ အီတလီ တို့က ခေါင်းဆောင်တွေ စနေနေ့ကပဲ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ တွေ့ဆုံခဲ့ ကြပါတယ်။ အစည်းအဝေး တက်ရောက်တဲ့ အစိုးရတွေဟာ သူတို့ နိုင်ငံတွေမှာ သူတို့နည်း သူတို့ဟန်နဲ့ လုပ်ကိုင်သွားကြမှာ ဖြစ်တယ်။ ဒါပေမယ့် တခြား ဥရောပ နိုင်ငံတွေနဲ့ ညှိနှိုင်း တိုင်ပင် လုပ်ဆောင်ကြမှာ ဖြစ်တယ်လို့ ဒီအစည်းအဝေးကို စီစဉ်ခဲ့တဲ့ ပြင်သစ်သမ္မတာ နီကိုးလက်(စ်) ဆာကိုဇီ က ပြောပါတယ်။
ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒန်ဘရောင်းကတော့ ကြံ့ခိုင်ပြီးတော့ ကြွေးကင်းတဲ့ ဘယ်ဘဏ်မှ အပြင်ကို ထုတ်ပေးစရာ ငွေမရှိတာ နဲ့တော့ လုပ်ငန်း ပျက်သွားရတာမျိုး ကြည့်မနေသင့်ပါဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒီပြဿနာ အတွက် ဘဏ်တွေရော၊ ငွေကြေးကစားသူတွေရော သူတို့လုပ်ခဲ့တဲ့ ဆိုးပြစ်ကိုတော့ မျှဝေခံစားရမယ်လို့ ဥရောပ ခေါင်းဆောင်တွေ တင်ပြသွားကြပါတယ်။
......................................................................................
ပြည်ပကတင်သွင်းတဲ့ နို့မှုန့်တွေ မစားသုံးဖို့ မြန်မာအာဏာပိုင်တွေ နှိုးဆော်ပြည်ပကတင်သွင်းတဲ့ နို့မှုန့်တွေ မစားသုံးဖို့ မြန်မာအာဏာပိုင်တွေ နှိုးဆော်

တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ နို့ထွက် ပစ္စည်းတွေကို မစားသုံးကြဖို့အတွက် မြန်မာအာဏာပိုင်တွေက လူထုကို နိုးဆော် ထားတယ်လို့ တနင်္ဂနွေနေ့ထုတ် မြန်မာအလင်းသတင်းစာ ဖော်ပြလိုက်ပါတယ်။ ပလက်စတစ် ပစ္စည်းတွေ ထုတ်လုပ်ရာမှာ သုံးတဲ့ မယ်လမင်း ဓာတုဓာတ် ပါဝင်မှု အချိုးများတာကြောင့် သောက်သုံးတဲ့ ကလေးတွေမှာ ကျောက်ကပ် ပျက်စီးစေနိုင်တာမို့ ကျန်းမာရေး ၀န်ကြီး၊ ကျန်းမာရေး ဦးစီးဌာန၊ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနကနေ တရုတ်နိုင်ငံက မြန်မာ ပြည်တွင်း တင်သွင်းလာတဲ့ ကလေးနို့မှုန့် ၁၆တန်ကို ဖျက်ဆီးခဲ့တဲ့အကြောင်း၊ ဈေးတွေမှာလည်း မယ်လမင်း အဆိပ်သင့်တဲ့ နို့မှုန့်နဲ့ နို့ထွက်ပစ္စည်းတွေ မရောင်းချဖို့ ညွှန်ကြားတဲ့ အကြောင်း မြန်မာ့အလင်း သတင်းစာက ရေးသားထားပါတယ်။
တရုတ်နိုင်ငံက အဆိပ်သင့်တဲ့ နို့မှုန့်တွေ ထုတ်လုပ်တဲ့ ကုမ္မဏီတွေ စာရင်းပြုစု ရာမှာ မပါဝင်တဲ့ တချို့ ကုမ္မဏီတွေကနေ မြန်မာပြည်ကို တင်သွင်းခဲ့တဲ့ နို့မှုန့်တန်ချိန် ၁၅၀၀ကိုလည်း စစ်ဆေးဖို့ စီစဉ်နေပြီလို့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ တချိန်ထဲမှာလည်း ဒီနေ့ တရုတ်ပြည်မှာရှိတဲ့ မြို့ကြီး ၂၇မြို့က အသစ်ထုတ်လုပ်တဲ့ နို့ အရည်တွေမှာ အမျိုးပေါင်း ၆၀၀ကျော်မှာ မယ်လမင်း ဓာတုဓာတ် ကင်းစင်တာ တွေ့ရတယ်လို့ တရုတ်နိုင်ငံက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေး အကျဉ်းသား ဦးရေ မနှစ်ကထက် နှစ်ဆ ပိုများလာဟု မြန်မာလူ့အခွင့်အရေးအဖွဲ့များ အစီရင်ခံ
မြန်မာနိုင်ငံမှာ နိုင်ငံရေး လှုပ်ရှားသူတွေ ဒီနှစ်အတွင်း ဖမ်းဆီးခံရမှုဟာ ၂၀၀၇ခုနှစ်ကထက် အဆမတန်များလာခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ AAPPBနဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ US Campaign For Burma အဖွဲ့က ပူးတွဲ ထုတ်ပြန်တဲ့ အစီရင်ခံထဲမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာရဲ့ နာမည်ကိုလည်း အမှောင်ထဲရောက်နေတဲ့ အနာဂတ်များဆိုတဲ့ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အားထုတ်ဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ပေးပါတယ်။ ဒီအစီအရင် ခံစာရေးသားသူ US Campaign For Burma အဖွဲ့က ညွှန်ကြားရေးမှူး ဦးအောင်ဒင်ကို ဒီအစီအရင်ခံစာမှာ အဓိက ဘာတွေကို မီးမောင်းထိုးပြထားသလဲဆိုတာကို မေးတော့
"နိုင်ငံရေးအကျဉ်းသားတွေက ခိုး ဆိုး လုယက်ပြီး ထောင်ကျကြတာမဟုတ်ဘူးလေ။ သူတို့ ယုံကြည်တဲ့ နိုင်ငံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ တိုင်းသူပြည်သားများအတွက် အခြေခံ လူ့အခွင့်အရေးတွေ ရရှိဖို့အတွက် သူတို့ ရဲရဲဝင့်ဝင့် တောင်းဆိုကြတယ်၊ ဖော်ထုတ်ပြတယ်။ သူတို့ဟာ တကယ်ကျတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်တွေပဲ။ အဲဒီ အနာဂတ်တွေကို အကျဉ်းထောင်ထဲမှာ ထည့်သွင်း အကျဉ်းချထားခြင်းဖြင့် ကျွန်တော်တို့ အနာဂတ်တွေ အမှောင်ထုထဲကို ရောက်နေတယ်။ ဒီအနာဂတ်တွေကို အမှောင်ထုကြီးထဲက မဆွဲထုတ်နိုင်မချင်း ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်က ဆက်ပြီးတော့ မှောင်မိုက်နေဦးမှာပဲ။ ကျွန်တော်တို့က ဒါကြောင့်မို့ ဒီအစီရင်ခံစာကို အမှောင်ထုထဲက အနာဂတ်များလို့ အမည်ပေးထားတာပါ။"
ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားတာကတော့ ၂၀၀၇ခုနှစ်ကနေပြီး ၂၀၀၈ခုနှစ်အတွင်းမှာ ဖမ်းခံရတဲ့သူဟာ ၇၈%အထိ တိုးလာတယ်ဆိုပြီး ဖော်ပြထားပါတယ်။ ဘာဖြစ်လို့ အခုလိုများလာရသလဲဆိုတဲ့အပေါ် US Campaign For Burma အဖွဲ့က ဘယ်လို သုံးသပ်ပါသလဲရှင့်။
"ပထမအချက်က ပြီးခဲ့တဲ့ ၂၀၀၇ သြဂုတ် ဖြစ်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်ပြီး လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေ၊ စက်တင်ဘာမှာ ဖြစ်ခဲ့တဲ့ သံဃာဦးဆောင်မှု ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုတွေမှာ ဖမ်းဆီးထားတဲ့ လူတွေ အများကြီးရှိတယ်။ အဲဒီလူတွေကို တကယ်ကျတော့ နအဖ စစ်အုပ်စုက တယောက်မကျန် ပြန်လွှတ်ပေးရမှာ။ အဲဒီလို ပြန်လွှတ်ပေးဖို့ကိုလည်း သူက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကိုရော၊ အထွေထွေ အတွင်းရေးမှူးချုပ်ကိုရော သဘောတူ ကတိက၀တ်ပြုလုပ်ပြီးသား။ ဒါပေမယ့် မလွှတ်ပေးဘဲနဲ့ ဆက်ပြီး ဖမ်းထားတာ၊ ထောင်တွင်း အကျဉ်းချထားတာက အနဲဆုံး ၇၀၀ ကျော်ရှိတယ်။ နောက်ပိုင်း နအဖရဲ့ စစ်အာဏာရှင်အောက် ရာသက်ပန် သွတ်သွင်းရေး အစီအစဉ် လုပ်နေတာက တဖြေးဖြေးနဲ့ အရှိန်အ၀ါရလာပြီ။ အဲဒီလို ရလာတဲ့အချိန်မှာ ဒီဆန္ဒခံယူပွဲကို မတရားသဖြင့်လုပ်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတင်း အဓ္ဓမပြုတယ်။ တဘက်မှာလည်း လူထု ဒုက္ခကို မျက်ကွယ်ပြုတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းက အင်းအားစုတွေရဲ့ တုန့်ပြန်မှုကလည်း ပိုပြီး အရှိန်အဟုန် ကြီးမားလာတယ်။ အဲဒီလို အရှိန်အဟုန် ကြီးမားလေလေ ဖမ်းဆီးမှုက များလေလေဖြစ်တယ်။ ဒါကြောင့် ဂျူလိုင်ကနေ စက်တင်ဘာအထိ သုံးလအတွင်းမှာ နအဖ စစ်အုပ်စုက ဖမ်းဆီးလိုက်တဲ့ ဒီမိုကရေစီ အင်အားစု အရေအတွက်က ၁၀၀ ကျော်တယ်။ ဒါကြောင့်မို့ နိုင်ငံရေး အကျဉ်းသား အရေအတွက်က လျော့နည်းမသွားဘဲ တိုးပြီးရင် တိုးနေတာပါပဲ။"
အစီအရင်ခံစာနဲ့အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအ၀င် ကုလမသဂ္ဂထဲမှာ အရေးပါတဲ့ အဖွဲ့တွေကို အိတ်ဖွင့်ပေးစာ ပေးတယ်လို့လည်း သိရပါတယ်။ အဲဒီ အိတ်ဖွင့်ပေးစာက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာပေါ့လေ။ အဲဒီ အိတ်ဖွင့်ပေးစာဟာ တကယ်တမ်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့က ဘယ်လောက်အထိ မျှော်လင့်ချက် ရှိပါသလဲ။
"အဲဒီ အဖွဲ့အစည်းတွေက ဘယ်လောက်အထိ အလုပ်လုပ်နိုင်ကြမလဲဆိုတာ။ အင်အားစုတွေဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပအဖွဲ့တွေရဲ့ ဆောင်ရွက်မှု၊ နောက် တရုတ်၊ အိန္ဒိယ၊ အာစီယံစတဲ့ နိုင်ငံတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဖြစ်တဲ့ မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရမယ်။ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ရမယ်ဆိုတာကတော့ အခြေခံအားဖြင့် သဘောတူပေမယ့် လက်တွေ့လုပ်တဲ့နေရာမှာ ကွဲလွဲနေတာရှိတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ဖိအားပေးမှုတွေ တိုးမြင့်ချင်တယ်။ အိန္ဒိယ၊ တရုတ်၊ အာစီယံတွေက နအဖကို ပျော့ပျော့ပြောင်းပြောင်း ချဉ်းကပ်ပြီးတော့ ကြိုးစားချင်တယ်။ အဲဒီလို ကွဲလွဲမှုတွေကို ညှိနှိုင်းပြီးတော့ တသံတည်း ထွက်နိုင်ဖို့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေမှူးချုပ်ရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ အစီရင်ခံစာရဲ့ အဓိက တုန့်ပြန်မှုက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ကို နိုင်ငံ ၁၉၂နိုင်ငံက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီးတော့ ခုနက ကွဲလွဲနေတဲ့ နိုင်ငံတွေကြားထဲမှာ တညီတညွတ် အသံထွက်လာအောင် ဖိအားပေးတာပါ။ အဲဒီလို ဖိအားကလည်း အောင်မြင်မယ်၊ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း သူရဲ့ စွမ်းအားကို မြင့်တင်မယ်ဆိုရင် ကွဲပြားတဲ့ နိုင်ငံတွေကြားမှာ ညီညွတ်တဲ့ သဘောထားတရပ်ကို ချမှတ်နိုင်မှာ ဖြစ်ပြီး အဲဒီ ညီညွတ်တဲ့ တုန့်ပြန်မှုက နအဖကို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးစေနိုင်ပြီးတော့၊ တွေ့ဆုံဆွေးနွေးပွဲပေါ်မှာ စိတ်ဝင်စား အကောင်အထည်ဖော်လာတဲ့အထိ ရောက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကမ္ဘာတ၀န်းမှာ ဖမ်းဆီးခံစားရသူတွေရဲ့ လူ့ဂုဏ်သိက္ခာနဲ့ တရားမျှတမှု ရရှိစေရေးအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရဲ့ အစပြု ဆောင်ရွက်မှု စတင်ချိန်နဲ့ တိုက်ဆိုင်ပြီးတော့ ဒီ အစီရင်ခံစာကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

တွေးတွေးပြီး ရီ(ရယ်)

၁)တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။
တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "
၂) တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာ စူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။ လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ "ရှ...ရှ..ရှ"နဲ့ အသံတစ်သံကို သူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကို ကြည့်လိုက်တော့ မှတ်တိုင်တစ်ခုကို ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။
လူငယ်ထဲက တစ်ယောက်က "အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ? ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ" လို့ မေးတော့ အဘိုးအို စကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။
အဘိုးအို ပြောလိုက်တာက " ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ" ဟူတည်း။
၃)
တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြတယ်။ "၄" ဂဏန်းရဲ့ အသံထွက်က "သေ"ဆိုတဲ့ တရုတ်စကားနဲ့ အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာ ခုံနံပါတ် ၄ ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့.....
ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းက အိမ်တစ်အိမ်မှာ ၄ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။ အဲဒီနံပါတ်ကြောင့် အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏ လက်ခံခဲ့ရတယ်။ တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်း ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ...
" ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ" လို့ ပြောတဲ့အသံကို ကြားတော့ လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။ အရင်အသံလိုပဲ..
" ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ" လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး
" ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ" လို့ မေးလိုက်တယ်။ ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက
" မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီ နံပါတ်၎ နေရာမှာ ညှပ်နေလို့" ပါ ဟူတည်း။
တွေးတွေးပြီးရယ်.. ကြောက်ကြောက်နဲ့ ရယ်....း)နိုင်းနိုင်းစနေ ရှာကြံတင်ဆက်သည်။
ရေးသားသူ....... နိုင်းနိုင်းစနေ at 10:05:00 PM 2 comments Saturday, June 07, 2008တွေးတွေးပြီးရယ်
၁)နေရာ ... စိတ္တဇဆေးရုံဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"
နောက်တစ်နေ့ ....နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ" ဟူတည်း။
၂)ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံ အကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကို ဤသို့ခိုင်းနှိုင်းပြသည်။"ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်"
ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက "ဆရာနေ့တိုင်း သွားတိုက်သင့်တယ်" ဟူတည်း။
၃)ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။
ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့် "ဆရာမ ကလေးမလိုချင်ဘူး" ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက "ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။
ဟာသလေးတွေ တင်ပေးပါဆိုလို့ တင်လိုက်ပါတယ်။ မရယ်ရလဲ ရယ်ကြပါလို့..ကျွန်မအပါအဝင် တစ်ချို့လူတွေက အလုပ်ဖိစီးမှု၊ ကျောင်းစာဖိစီးမှု၊ အဖက်ဖက်က ဖိအားတွေကြောင့် လွတ်လပ်ပေါ့ပါးတဲ့ စာတွေကိုပဲ ဖတ်ချင်ကြတယ်။ စိတ်ညစ်လေးလံတဲ့ စိတ်ကို ရယ်စရာစာတွေ၊ ရုပ်ရှင်တွေကြည့်ပြီး ဖြေချင်ကြတယ်။ "laughter is the best medicine" တဲ့... ရယ်စရာတွေ တော်တော်များများ ဖတ်မိပါတယ်။ ဒါပေမယ့် လူပြောစရာဖြစ်မှာစိုးလို့ ဆင်ဆာလွတ်တဲ့ ဟာသတွေပဲ ရွေးတင်လိုက်တယ်.. ပျော်ရွှင်ရယ်မောနိုင်ကြပါစေလို့း)
ရေးသားသူ....... နိုင်းနိုင်းစနေ at 10:15:00 PM 10 comments Tuesday, May 27, 2008တွေးတွေးပြီးရယ်
၁) တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။ ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့ မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့ လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ က "အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက် ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. "လို့ အော်ပြောလိုက်တယ်။ အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး လက်ခုပ်ဝိုင်းတီးကြတော့တယ်..
၂) ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့ Tom က အမေကို ပူဆာတယ်။ Tom က ဆိုးပေပြီး စာလည်းမကြိုးစားတဲ့အတွက် အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက Tom ကို "Tom ဘုရားသခင်ကို စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်.. ဘုရားသခင်က တီဗွီတစ်လုံး လက်ဆောင်ပေးလိမ့်မယ်" လို့ ပြောလိုက်တယ်။
ဒါနဲ့ Tom က ဘုရားသခင်ထံ စာရေးတော့တယ်။"ချစ်လှစွာသော ဘုရားသခင်၊ ကျွန်တော်က ဘုရားသခင်ရဲ့ အချစ်ဆုံး Tomလေးပါ။ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ အများကြီးလုပ်ခဲ့ပါတယ်။ အခုဆို ခရစ်စမတ် ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ" လို့ ရေးလိုက်တယ်။ Tom က စာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့ ဒုတိယတစ်စောင်ကို ကောက်ရေးလိုက်ပြန်တယ်။
"ဘုရားသခင်.. ကျွန်တော် Tom ပါ။ ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။ ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်" လို့ ပြင်ရေးလိုက်တယ်။
Tom က စာကိုတစ်ခေါက် ပြန်ဖြစ်ကြည့်ပြီး မကြိုက်လို့ တတိယတစ်စောင်ကို ရေးလိုက်ပြန်တယ်။"ဘုရားသခင်.. ကျွန်တော်ပါ.. Tomပါ။ ဟုတ်ပါတယ်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။ ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်" လို့ ပြင်ရေးပြီး ဘုရားကျောင်းကို သွားခဲ့တယ်။ ဘုရားကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့ Tom က စတုတ္ထမြောက် စာကိုရေးပြီး မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။
နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ စာတစ်စောင်ကျနေတာကို တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့..."ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို တီဗွီတစ်လုံး မြန်မြန်ပေးပါ" ဟူတည်း။
၃) ထောက်ဒဏ်၁၂နှစ် ကျခံနေတဲ့ လူတစ်ယောက်ဟာ ထောင်ထဲမှာ ပျင်းနေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်တစ်ကောင်ကို သူတွေ့ခဲ့တယ်။ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်ကို ကင်းမြီးကောက်ထောင်ခိုင်း၊ နောက်ဂျွမ်းပစ်ခိုင်း.. စတာတွေ လေ့ကျင့်ပေးပြီး အကျေနပ်ကြီး ကျေနပ်နေခဲ့တယ်။
ဒီလိုနဲ့ ထောင်ထွက်တဲ့နေ့မှာပဲ သူလေ့ကျင့်ထားတဲ့ ပုရွတ်ဆိတ်ကို ကြွားချင်လွန်းလို့ လူစည်ကားတဲ့ အရက်ဆိုင်တစ်ဆိုင်ကို သူသွားခဲ့တယ်။ အရက်တစ်ခွက်မှာပြီး အင်္ကျီအိတ်ထဲက ပုရွတ်ဆိတ်ကို ထုတ်ပြီး ခုန်ပေါ်တင်လိုက်တယ်။ ပြီးတော့ စားပွဲထိုးကို " ဒီပုရွတ်ဆိတ်ကို ကြည့်စမ်း" လို့ ပြောလိုက်တယ်။
စားပွဲထိုးက ပုရွတ်ဆိတ်ကို လက်ဖဝါးနဲ့ ချက်ချင်းရိုက်ချလိုက်ပြီး အားတုန့်အားနာနဲ့ " ဆောရီးနော်..ကျွန်တော် နောက်တစ်ခွက် ချက်ချင်းလဲပေးမယ်" လို့ ပြောလိုက်တယ်။
ဟာသလေးတွေ တင်ပါအုန်းလို့ တောင်းဆိုသူများ ကျေနပ်နိုင်ပါစေ..
ရေးသားသူ....... နိုင်းနိုင်းစနေ at 8:19:00 PM 4 comments Sunday, April 27, 2008ပြုံး...
၁)စင်ပေါ်မှာ ကြက်ဥတွေ ထင်ထားတယ်။ ပထမကြက်ဥက နောက်ဆုံးတစ်လုံးကို ကြည့်ပြီး.."ဟိုတစ်လုံးက အမွေးရှိတယ်.. ရွံစရာကြီး" ဒုတိယကြက်ဥကို ပြောပြတယ်။ဒုတိယကြက်ဥက တတိယကြက်ဥကို ပြန်ပြောတယ်။တတိယကြက်ဥက စတုတ္ထကြက်ဥကို ပြန်ပြောတယ်။စတုတ္ထကြက်ဥက သူ့ဘေးက အမွေးရှိတဲ့ အလုံးကိုလှည့်ကြည့်တော့"မင်း ဘာကြည့်တာလဲ.. အလုံးမှာအမွေးပေါက်တာ မမြင်ဖူးဘူးလားကွ.. မှတ်ထား.. ငါ့နာမည် ကီဝီသီးတဲ့"
၂)တစ်ခါက လူဖြူတစ်ယောက် တရုတ်ဆိုင်မှာ ကြက်ဥသွားဝယ်သတဲ့။ တရုတ်က အင်္ဂလိပ်စကား မတတ်တော့ ကြက်ဥ၀ယ်ရမှာ လူဖြူအခက်တွေ့နေတယ်။ နောက်ဆုံး လက်နဲ့ ကြက်ဥပုံလုပ်ပြလိုက်မှ တရုတ်က ကြက်ဥတွေ ပေးလိုက်တယ်။ အဲဒီလိုပဲ လူမည်းတစ်ယောက်လည်း တရုတ်ဆိုင်မှာ ကြက်ဥ၀ယ်ဖို့ ရောက်သွားတယ်။ အင်္ဂလိပ်စကား မတတ်တဲ့ တရုတ်ကို လက်နဲ့ ကြက်ဥပုံ လုပ်ပြလိုက်တော့ တရုတ်ကလူမည်းကို ဆေးဘဲဥတွေ ထုတ်ပေးလိုက်တယ်။
၃)ဗေဒင်ဆရာ "ဟေ့.. ခင်ဗျား ပိုက်ဆံမရှင်းရသေးဘူး"ဗေဒင်မေးသူ "ကျွန်မမှာ ပေးစရာပိုက်ဆံမရှိဘူးဆိုတာ အခုနားက ဆရာမတွက်မိဘူးလား"
၎)လူနာ "အား... နာတယ်ဗျာ"ဆရာဝန် "အပ်က ခင်ဗျားအသားကိုတောင် မထိရသေးဘူး"လူနာ "ဒါပေမယ့် ကျွန်တော့်ခြေထောက်ကို ဆရာနင်းထားတယ်ဗျာ"
၅)အမွှာလေးနှစ်ယောက်ကို ရေချိုးပေးပြီး အမေလှည့်ထွက်မယ်အပြုမှာ ကလေးနှစ်ယောက်ဆီက ရီသံကို ကြားလိုက်တယ်။အမေ "ဘာလို့ ရီတာလဲ"အမွှာထဲကတစ်ယောက် "ကိုကို့ကို မေမေ ရေနှစ်ခါချိုးပေးပြီး သားကိုတော့ ချိုးမပေးဘူး"
ရေးသားသူ....... နိုင်းနိုင်းစနေ at 7:02:00 AM 1 comments Tuesday, April 08, 2008ည၀တ် အချစ်အင်္ကျီ
ကြိုပြောထားမယ်နော်။ ဒီဟာသက နည်းနည်းဝါ(ပြာ)တယ်။ အမြင်တစ်မျိုး ဖြစ်မယ်ဆိုရင် ဆက်မဖတ်တာ အကောင်းဆုံးပဲး) မဖတ်ပါနဲ့ဆိုမှ ပိုဖတ်ချင်တယ်ဆိုရင်လည်း ဆက်ဖတ်ပေါ့နော်း) တစ်ခါတလေတော့လည်း ပေါ့ပေါ့ပါးပါး အသံထွက်အောင် အော်ရီကြည့်ကြတာပေါ့နော် .. ဟား..ဟား..ဟား
အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။
" ဒါ ဘာလုပ်တာလဲ""ယောကျာ်းအပြန်ကို စောင့်နေတာလေ""ဘာမှ မ၀တ်ဘဲ စောင့်နေရသလား""ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်""လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ""ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်"
ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။
တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။
"ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက" ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။
နိုင်းနိုင်းစနေ
ရေးသားသူ....... နိုင်းနိုင်းစနေ at 9:50:00 PM 9 comments Tuesday, March 11, 2008တွေးတွေးပြီး ရယ်
(၁)လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့ အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်တဲ့အတွက်" လို့ ပြောလိုက်သတဲ့။
(၂)တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက်ပျော်ရမယ်"
တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်"
သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့...
"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။
(၃)လူတစ်ယောက်ဟာ သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ နတ်သားတစ်ဦးက သူ့ကိုဦးဆောင်ပြီး နတ်ပြည်အနှံ့ လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာ နာရီအပြည့်ချိတ်ထားတဲ့ အခန်းတစ်ခုကို ရောက်သွားခဲ့တယ်။ အခန်းထဲမှာရှိတဲ့ နာရီတစ်ချို့က အလုပ်လုပ်နေပြီး၊ တစ်ချို့က ရပ်နေတယ်။ နတ်သားက "ဒီနာရီတွေက လူ့ပြည်မှာရှိတဲ့ လူတွေရဲ့ ကိုယ်စားပြု နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်း ဒီထဲမှာရှိတယ်" လို့ ရှင်းပြတယ်။ နာရီတစ်ချို့က မြန်လိုက်၊ နှေးလိုက် ဖြစ်နေတာကို တွေ့တော့ နတ်သားက " လူတစ်ချို့ မုသားစကားပြောနေတဲ့ အချိန်မှာ သူ့ကိုယ်စားပြု နာရီက အရမ်းမြန်နေတတ်တယ်" လို့ ထပ်ရှင်းပြတယ်။
နတ်သားရှင်းပြတာကို ကြားတော့ သူက စိတ်ဝင်တစား "ဒါဆို ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲရဲ့ နာရီမရှိဘူးလား ကျွန်တော့်ကို ခဏပြလို့ရမလား" လို့ တောင်းဆိုလိုက်တယ်။
နတ်သားပြန်ဖြေလိုက်တာက "ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။ နတ်မင်းကြီးက ပူလို့ဆိုပြီး အဲဒီနာရီကို ပန်ကာလုပ်ဖို့ ယူသွားလို့ပါ" ဟူသတည်း။
(၄)တစ်ခါက နိုင်ငံ အကြီးအကဲ သုံးဦးဟာ ဘုရားသခင်ကို တွေ့ဖို့ အခွင့်အရေးရခဲ့တယ်။ ဘုရားသခင်က သူ့တို့ကို မေးခွန်းတစ်ခုစီ မေးဖို့ ခွင့်ပြုလိုက်တော့...
ပထမနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"ဘုရားသခင် " အနှစ် ၅၀ စောင့်ရလိမ့်မယ်"ပထမနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) "ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်"
ဒုတိယနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"ဘုရားသခင် "နှစ် ၁၀၀ စောင့်ရလိမ့်မယ်"ဒုတိယနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) "ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်"
တတိယနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"ဘုရားသခင် (စိတ်ပျက်ဝမ်းနည်းစွာနဲ့) " အကျွန်ုပ် မမီတော့ဘူး ထင်တယ်" ဟူတည်း။
ဟာသ ကြိုက်နှစ်သက်သူများအတွက် အင်တာနက်မှာ ရှာကြံပြီး ဘာသာပြန် မျှဝေလိုက်ပါတယ်။ ရယ်မောနိုင်ကြပါစေး)
ရေးသားသူ....... နိုင်းနိုင်းစနေ at 10:20:00 PM 1 comments Friday, February 08, 2008တွေးတွေးပြီး ရယ်
(၁)
မောင်... ချစ်သူများနေ့မှာ ခင့်ကို ဘာလက်ဆောင်ပေးရင် ကောင်းမလဲ?
မ...... ခင်ကလေ အရုပ်အကြီးကြီးကို အရမ်းကြိုက်တာပဲ။ နောက်ပြီး ပြင်သစ်ရေမွှေးဆို အသဲစွဲပဲ။ စိန်ဆိုတာ တည်မြဲခြင်းတဲ့။ နောက်ပြီး....
မောင်..... နေပါအုန်း ခင်။ ခင်ကြိုက်တဲ့ အထဲမှာ ဈေးပေါတဲ့ပစ္စည်း မရှိဘူးလား?မ...... ရှိတယ်။ မောင်ပဲလေ...
(၂)
မောင်.... တကယ်လို့ ဖေဖေက မောင့်ကို အမွေတွေအများကြီး ပေးခဲ့မယ်ဆိုရင် မောင့်ကို ခင်လက်ထပ်မလား?မ...... မောင့်အတွက် အမွေကို ဘယ်သူပေးခဲ့ပေးခဲ့ မောင့်ကို ခင်လက်ထပ်မှာပါ။
(၃)
ပဲရစ်မြို့က ကော်ဖီဆိုင်တစ်ဆိုင်မှာ ပြင်သစ်စုံတွဲတစ်တွဲ ထိုင်နေတယ်။ ကောင်လေးက ကောင်မလေးကို စူးစိုက်ကြည့်လို့... ကောင်မလေးက ရှက်သွေးတွေဖြာလို့.. ရုတ်တရက် ကောင်လေးက ကောင်မလေးကို "ခင့် ဖေဖေက သူခိုးလား" လို့ မေးတော့ ကောင်မလေးက ပျာပျာသလဲ....
"အိုး.. မဟုတ်ရပါဘူး။ ခင့်ဖေဖေက ရဲသားရှင့်။ ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ"
"ခင့်ဖေဖေက သူခိုးမဟုတ်ခဲ့ရင် ဘယ်လိုလုပ်ပြီး ခင်မျက်လုံးထဲ ကောင်းကင်ကကြယ်တွေကို ခူးထည့်ပေးခဲ့ ရတာလဲ"
တရုတ်ပြည်ရှိ ကျောင်းသားတစ်ယောက်က အထက်ပါ ပုံပြင်ကိုနားထောင်ပြီး သူ့ကောင်မလေးကို သွားရှာခဲ့တယ်။ ကောင်လေးက ကောင်မလေးကို စူးစိုက်ကြည့်ပြီး မေးလိုက်တယ်။
"ခင့်ဖေဖေက အဆောက်အဦး အင်ဂျင်နီယာလားဟင်""မဟုတ်ရပါဘူး။ ဖေဖေက ဆရာဝန်ပါ.. ဘာဖြစ်လို့လဲ""အဆောက်အဦး အင်ဂျင်နီယာ မဟုတ်ခဲ့ရင် ဘယ်လိုလုပ်ပြီး ခင့်ရင်ဘတ်မှာ လေယာဉ်ကွင်းတစ်ကွင်း ဆောက်ပေးခဲ့ရတာလဲ"
(၄)ဦးနှောက်မရှိတဲ့ မိန်းမကို ဘုရားသခင်က သူ့အတွက် ကိုယ်လုံးလှအောင် ဖန်ဆင်းပေးသတဲ့။ ကိုယ်လုံးမလှတဲ့ မိန်းမကို ဘုရားသခင်က ဦးနှောက်ထက်မြက်အောင် ဖန်ဆင်းပေးသတဲ့။
တကယ်လို့ ဦးနှောက်လဲမရှိ ကိုယ်လုံးလဲ မလှခဲ့ရင်ကော...?
အဲဒီမိန်းမအတွက် ကံဆိုးတဲ့ ယောက်ျားတစ်ယောက်ကို ဘုရားသခင်က ပေးလိုက်မယ်။
ရေးသားသူ....... နိုင်းနိုင်းစနေ at 7:49:00 PM 3 comments Tuesday, December 11, 2007တွေးတွေးပြီး ရယ်
၁)တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။
၂)ဆရာမတစ်ဦးက မူကြိုကလေးတွေကို အိမ်မွေးတိရိစ္ဆာန် အခေါ်အဝေါ်တွေ သင်ပေးနေတယ်။
ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။ မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။ မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်က ထအော်လိုက်တယ် "မေမေ" တဲ့။
၃)ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက"ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက"ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။
၎)"အာဒံနဲ့ ဧ၀သာ တရုတ်ဖြစ်ခဲ့ရင် ငါတို့တွေ ကောင်းကင်ဘုံ ရောက်နေကြမယ် ထင်တယ်နော်""ဘာဖြစ်လို့လဲ""သူတို့သာ တရုတ်ဖြစ်ခဲ့ရင် ပန်းသီးကို မစားဘဲ မြွေကိုပဲ စားလိုက်မှာလေ"
၅)တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး(၁) နေ့တိုင်း ရေသောက်ရပါစေ(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေလို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ......
--------------------------------

အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့
ရီရလား မရီရလားတော့ မသိဘူး။ ကျွန်မက ပျင်းရင်၊ စိတ်ညစ်ရင် ဟာသတွေ တင်တဲ့ဆိုက်ထဲ ၀င်ဝင် ဖတ်တတ်တယ်။ ခုဖတ်မိတာလေးတွေကို မျှဝေလိုက်ပါတယ်။ ပြုံးပျော် ရယ်မောနိုင်ပါစေး)
ရေးသားသူ....... နိုင်းနိုင်းစနေ at 9:07:00 PM 7 comments Wednesday, November 28, 2007တရုတ်နဲ့ ဂျပန်
ကမ္ဘာစစ်က ရန်ငြိုးတွေကြောင့် တရုတ်နဲ့ဂျပန် တစ်ယောက်ကို တစ်ယောက် အမြင်မကြည်ကြဘူးလို့ အလုပ်က ပြည်ကြီးတရုတ် သူငယ်ချင်း တစ်ယောက်က ပြောပြဖူးတယ်။ ဘယ်လောက်ထိတောင် အမြင်မကြည်လဲဆို တရုတ်နာမည်ကြီး ဘတ်စကက်ဘောသမား "Yao Ming"ဆိုရင် ဂျပန်က ကမ်းလှမ်းတဲ့ ကြော်ငြာတွေကို ဘယ်တော့မှ လက်မခံပါဘူးတဲ့။ ဒါဆိုရင် မနှစ်က ဂျပန်ကား ရိုက်သွားတဲ့ နာမည်ကြီး တရုတ် မင်းသမီး"Zhang Ziyi " ရောလို့ ကျွန်မ မေးတော့ အဲဒီမင်းသမီးကို ပြည်ကြီးက တရုတ်တွေ မကြိုက်တဲ့အကြောင်း သူပြောပြတယ်။
နောက်ပြီး သူဆက်ပြောသေးတယ်။ တစ်ခါက တီဗွီ အစီစဉ်တစ်ခုမှာ ကမ္ဘာကျော် တရုတ်မင်းသား "ဂျက်လီ"နဲ့ ထိုင်ဝမ် အဆိုတော် တစ်ယောက်ကို ဂျပန်သတင်းထောက်က အင်တာဗျူးလုပ်သတဲ့။ အင်တာဗျူးမှာ သတင်းထောက်က အဆိုတော်ကို "ကမ္ဘာစစ်တုန်းက ဂျပန်တွေက တရုတ်လူမျိုး သန်းပေါင်းများစွာကို သတ်ခဲ့တယ်လို့ ပြောတယ်။ အသတ်ခံရတဲ့ အရေအတွက်ကို ခင်ဗျားတို့က လိုက်ရေထားလို့လား" လို့ မေးတော့ အဆိုတော်က ဘာပြန်ဖြေရမှန်း မသိဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ မင်းသား ဂျက်လီက ရုပ်ရှင်ထဲက သူ့ရဲ့ ကန်ချက် ထိုးချက်အတိုင်း လျှင်မြန်တဲ့ အတိမ်းအရှောင်နဲ့ အခုလို ဖြေလိုက်ပါသတဲ့။ "ကမ္ဘာစစ်တုန်းက အမေရိကားစစ်သားတွေ ဂျပန်အမျိုးသမီးတွေကို မုဒိန်းကျင့်ခဲ့တယ်လို့ ပြောတယ်။ ခင်ဗျားတို့က အဲဒီမုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးတွေကို ဖရီးလာလားလို့ မေးခဲ့လား" လို့ ပြန်မေးလိုက်မှ သတင်းထောက်ကြီး ဆွံအသွားသတဲ့။ တီဗွီထဲကရော တီဗွီအပြင်မှာရော ကြည့်နေကြတဲ့ ပြည်ကြီး တရုတ်တွေက လက်ခုပ်လက်ဝါး တဖြောင်းဖြောင်း တီးလို့ပေါ့။
ရိုင်းသွားရင် ဆောရီးပါ။ တရုတ်တွေ ဂျပန်ကို ဘယ်လောက်မုန်းကြောင်း သူငယ်ချင်း တစ်ယောက် အားရပါးရ ပြောပြတာလေးပါ။ လူမျိုးတစ်ဦးက အခြားလူမျိုးတစ်ဦးအပေါ် အမြင်မကြည်စေတာ စစ်ရဲ့ရန်ငြိုး၊ စစ်ရဲ့ ဆိုးကျိုး တွေကြောင့်ဖြစ်မယ် ထင်တယ်။ လူမျိုးအချင်းချင်း အပေါ် အမြင်မကြည် စေတာကလဲ အဲဒီ ဆိုးကျိုးတွေကြောင့်ပဲဖြစ်မယ် ထင်ပါတယ်။
ဘာရယ်မဟုတ်ပါဘူး.. ဖတ်ဖူးတဲ့ ဂျပန်နဲ့တရုတ် ဟာသလေးတစ်ခုကို ဟာသကြိုက်တဲ့ လူတွေအတွက် မျှဝေချင်လို့ပါ။ အရမ်းရီရတဲ့ ဟာသတွေလဲ ဖတ်မိပါတယ်။ ဒါပေမဲ့ ဆင်ဆာလွတ်တဲ့ ဟာသတွေပဲ ရွေးတင်လိုက်ပါတယ်။ ပျော်ရွှင်ရယ်မောနိုင်ကြပါစေး)
၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉

တစ်ခါက အမေရိကန်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုးတို့ဟာ သူနိုင်ငံ ကိုယ်နိုင်ငံရဲ့ စစ်ရေးစစ်ရာကို ဆွေးနွေးကြတယ်။
ဂျပန်လူမျိုးက "ကျွန်တော်တို့ လူမျိုးက မတွန့်မကြောက် သတ္တိခဲတွေ နိုင်ငံအတွက်ဆိုရင် အသက်ကိုတောင် စွန့်ဝံ့တယ်။ အခု ကျွန်တော်ခေါင်းပေါ်မှာ ပန်းသီးတစ်လုံးတင်ပြီး ခင်ဗျားတို့ရဲ့ အပစ်ကို ခံရဲတယ်" လို့ ပြောပြီး သူ့ခေါင်းပေါ် ပန်းသီးတစ်လုံးတင်ပြီး ကျန်လူတွေကို သေနတ်အပစ် ပြိုင်ခိုင်းလိုက်တယ်။
ပထမဦးဆုံး အမေရိကန်လူမျိုးက နောက်ကို ခြေအလှမ်း၂၀ လှမ်းပြီး ကိုယ်ကိုလှည့်ပြီး ပစ်ထည့်လိုက်တယ်။ ဂျပန်ခေါင်းပေါ်မှာ တင်ထားတဲ့ ပန်းသီးလေး အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ အမေရိကန်က သေနတ်ပြောင်းဝက မီးခိုးကို တစ်ချက်မှုတ်ပြီး ပြောလိုက်တယ်.. "I am Hunter" ငါက မုဆိုးတဲ့။
ဒုတိယ အင်္ဂလိပ် လူမျိုးက နောက်ကို ခြေအလှမ်း ၅၀လှမ်းပြီး ကိုယ်ကို တစ်ပတ်လှည့်ပြီး ပစ်လိုက်ပြန်တယ်။ ပန်းသီးက ဖွာခနဲ့ပဲ။ အင်္ဂလိပ်က ကိုယ့်ကို အထင်ကြီးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်.. "I am Bond" ငါက ဂျိမ်းစ်ဘွန်းတဲ့။
နောက်ဆုံး တရုတ် အလှည့်ရောက်တော့ တရုတ်က နောက်ကို ခြေ ၃လှမ်း လှမ်းပြီး ပစ်ထည့်လိုက်တယ်။ ဖြာခနဲ့ပဲ ပန်းသီးတော့ မဟုတ်ဘူး။ ဂျပန်ရဲ့ ဦးခေါင်းပါ။ တရုတ်က ဟန်ပါပါနဲ့ ခါးထောက်ပြီး ပြောလိုက်တယ်။ "I am sorry" ငါဝမ်းနည်းပါတယ်တဲ့။
ရေးသားသူ....... နိုင်းနိုင်းစနေ at 5:43:00 PM 3 comments

Thursday, September 25, 2008

မဲဆောက်မှာ ဆည်ရေဖောက်ချ၊

to download
alpha Zawgyi font
(ခေတ်ပြိုင် သတင်းမှ ကောက်နှုတ်တင်ပြပါသည်။)
မဲဆောက်မှာ ဆည်ရေဖောက်ချ၊ မြန်မာအလုပ်သမားစက်ရုံနှင့် အထက ပိတ်ရ
NEJ/ ၂၅ စက်တင်ဘာ ၂၀၀၈။ ။

(၂) ရက်ကြာမိုးသည်းထန်စွာ ရွာသွန်းသဖြင့် မဲဆောက်မြို့ပြင်ရှိ ဆည်ရေပြည့်ကာ ယနေ့နံနက် (၇း၀၀) နာရီခန့်က ဆည်ရေဖောက်ချ လိုက်သောကြောင့် မဲဆောက်အနိမ့်ပိုင်းရှိ စက်ရုံအလုပ်ရုံအချို့နှင့် မြန်မာကလေးငယ်များ ပညာသင်ကြားနေသည့် မြန်မာအထက်တန်း ကျောင်းတကျောင်း အကန့်အသတ်မရှိ ပိတ်လိုက်ရသည်။
မဲဆောက်ဆည်အနီး ဆည်ရေဖောက်ချရာလမ်းကြောအနီးတွင် တည်ရှိသည့် မြန်မာရွှေ့ပြောင်းကလေးငယ်များ ပညာသင်ကြားနေသည့် ဆာသူးလေအထက်တန်းကျောင်း အတွင်းသို့ ဆည်ရေများ အရှိန်ပြင်းစွာဝင်ရောက်ပြီး ကျောင်းဝင်းကျောင်းပြင်တွင် ရေ (၂) ပေခန့် ၀င်ရောက်ခဲ့သဖြင့် ကျောင်းလာတက်သည့်ကလေးများ အန္တရာယ်ရှိသည့်အတွက် အကန့်အသတ်မရှိပိတ်လိုက်ရခြင်းဖြစ်သည်ဟု ကျောင်းအုပ်ဆရာမကြီး နော်ဖောရေက ခေတ်ပြိုင်သို့ ပြောသည်။
သူမက “ဒီလိုကျောင်းပိတ်လိုက်ရတော့ စာမေးပွဲအတွက်ပြင်ဆင်နေတဲ့ ကလေးတွေရဲ့ ပညာရေးအတွက်ထိခိုက်တယ်။ ရေစီးတာအရှိန်ပြင်းတော့ ကလေးတွေအတွက် အန္တရာယ်ရှိတယ်။ ကျောင်းစိုက်ပျိုးရေးခင်းတွေလည်း ပျက်သွားတယ်။ အပိုင်သူကြီးက ဆည်ရေဖောက်မှာကို မနက် (၇း၀၀) နာရီမှ လာပြောတော့ ကျောင်းမှာရေက ပြည့်နေပြီ။ ဒါကြောင့် ကလေးငယ်တွေကို ကျောင်းသားကြီးတွေကချီပိုးပြီး ရေလွတ်ရာပို့ပေးလိုက်ရတယ်။ မိုးက လည်း ဆက်ရွာအုံးမယ်ဆိုတော့ ကလေးတွေကိုငဲ့ပြီး ပိတ်လိုက်ရတယ်။ အခုလိုရေကြီးပြီး ကျောင်းပိတ်လိုက်ရတာတာ ပထမဆုံးအကြိမ်ပဲ” ဟု ပြောသည်။
ဆာသူးလေအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် သတ္တမတန်းကျောင်းသူ မဆောင်းဦးက “ကျောင်းပိတ်လိုက်တော့ စာသင်ချိန်ထိခိုက်တယ်။ စာမေးပွဲအတွက် အိမ်မှာပဲပြန်ပြီးပြင်ဆင်ရမယ်။ ဖြစ်နိုင်ရင် ကျောင်းမပိတ်စေချင်ဘူး” ဟု ပြောသည်။
ဆည်ရေဖောက်ချရခြင်းနှင့် ပတ်သက်၍ ဆည်လုံခြုံရေးဝန်ထမ်းတဦးဖြစ်သူ နိုင်ချိုင်းက “မိုး(၂) ရက်ဆက်တိုက်ရွာတာ တောင်ကျရေနဲ့ မိုးရေ၀င်တော့ ဆည်ရေပြည့်သွားတယ်။ ဒါကြောင့် ဒီမနက်လူကြီးတွေက ဆည်ရေကို ဖောက်လိုက်တာပါ။ ဒီဆည်က မဲဆောက်မြို့ရဲ့ အမြင့်ပိုင်းမှာရှိတယ်။ အကယ်၍ မတော်တဆ ဒီဆည်ကျိုးသွားရင် မဲဆောက်တမြို့လုံး ရေလွှမ်းမိုးနိုင်တယ်” ဟု ပြောသည်။
ဆာသူးလေအထက်တန်းကျောင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းမြန်မာ ကလေးငယ်များ ပညာသင်ကြားနေသည့် ကျောင်းများထဲတွင် အကြီးဆုံးကျောင်းဖြစ်ပြီး မြန်မာကလေးငယ် (၆၅၀) ဦး အခမဲ့ပညာသင်ကြားလျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ ဖို့ဖတ်၊ မဲလမတ် စသည့် သုံးမြို့နယ်တွင် ရွှေ့ပြောင်းမြန်မာကလေးကျောင်းပေါင်း (၅၄) ကျောင်းရှိပြီး ၂၀၀၈-၂၀၀၉ ပညာသင်နှစ် အတွင်း မြန်မာကလေးငယ် (၁) သောင်းခန့် အခမဲ့ပညာသင်ကြားလျက်ရှိသည်ဟု ဒေသအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီအဖွဲ့၏ မှတ်တမ်းအရ သိရှိရသည်။
ဆည်ရေကြောင့် စက်ရုံထဲရေ၀င်သဖြင့် အလုပ်ပိတ်ထားရပြီး မြန်မာအလုပ်သမား (၁၂၀) မှာ နေထိုင်ရေးအခက်အခဲရှိသဖြင့် စက်ရုံအနီးရှိ လူ့ဘောင်သစ်ပါတီစာကြည့်တိုက်တွင် လာရောက်တည်းခိုလျက်သည်။

ရန်ကုန်မြို့လယ် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လူအချို့ဒဏ်ရာရ

ရန်ကုန်မြို့လယ် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လူအချို့ဒဏ်ရာရ
NEJ/ ၂၅ စက်တင်ဘာ ၂၀၀၈။ ။





ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအတွင်း ယနေ့နံနက် (၁၀) နာရီ (၄၅) မိနစ်ခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားပြီး အနည်းဆုံး လူ (၃) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနကို ခေတ်ပြိုင်က မေးမြန်းရာ ဒဏ်ရာရသူ (၃-၄) ဦးခန့် ရောက်ရှိလာသည်ဟု ပြောသည်။ ပန်းပဲတန်းမြို့နယ် ရဲစခန်းကလည်း ကျောက်တံတားမြို့နယ် အတွင်း၌ ပေါက်ကွဲမှုဖြစ်ကြောင်းသာ အတည်ပြုပြောဆိုသော်လည်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူရှိမရှိကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ရန်ကုန်အေပီသတင်းက လူ (၃) ဦး ဒဏ်ရာရသည်ဟု ရေးသော်လည်း ဒီပီအေ သတင်းဌာနကမူ လူ (၇) ဦး ဒဏ်ရာရသည်ဟု ရေးထားသည်။


ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် ရန်ကုန်မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံအတွင်း သံတိုင်အနီး ပေါက်ကွဲခြင်းဖြစ်သည်။ ပန်းခြံထဲ ဝင်သူတိုင်းကို လုံခြုံရေးအရ စစ်ဆေးသည့်အတွက် အပြင်ဘက် ဘတ်စ်ကား ဂိတ်ဘက်မှ ပန်းခြံသံတိုင်ကြား ဗုံးပစ်သွင်းခြင်းဖြစ်နိုင်သည်ဟု မျက်မြင်သက်သေများက ယူဆသည်။



ပန်းခြံတွင်း ပေါက်ကွဲသည့်အတွက် ပန်းခြံထဲမှ စုံတွဲတတွဲ ထိခိုက်ဒဏ်ရာ ရသွားကြောင်း မျက်မြင်သက်သေများက ပြောသည်။ ပေါက်ကွဲမှုမှာ ထူးထူးခြားခြား အသံကျယ်လောင်ကြောင်း မြို့ခံအချို့က ပြောသည်။ ပေါက်ကွဲမှုဖြစ်သည့်နေရာသည် မြို့တော်ခန်းမရှေ့ ပန်းခြံနှင့်ကပ်လျက် ဘတ်စ်ကား အများစု ရပ်ရာ မှတ်တိုင်နှင့် အနီးဆုံးနေရာလည်း ဖြစ်သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင် မြို့တော်ခန်းမဘက်မှ လုံခြုံရေးတာဝန်ခံများ ပြေးထွက်လာပြီး အဆိုပါ ပန်းခြံ ပတ်ဝန်းကျင်ကို တားမြစ်နယ်မြေအဖြစ် အဝါရောင် စက္ကူစများဖြင့် ကာရံလိုက်သည်။ နောက်ပိုင်း လုံခြုံရေးကား အများအပြားရောက်လာသော်လည်း လမ်းကို လုံးဝ ပိတ်ဆို့ခြင်းမလုပ်ဟု မျက်မြင်သက်သေတဦးက ပြောသည်။ ယခု ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယုဇန ပလာဇာ ဘက်မှာလည်း သံဆူးကြိုးများ ချပြီး လူများကို စစ်ဆေးနေကြောင်း ပြောသည်။

စက်တင်ဘာသံဃာ့အရေးအခင်းနှစ်ပတ်လည်ချိန်ကာလ ရန်ကုန်မြို့၌ လုံခြုံရေးတိုးမြှင့်ချထားချိန်၌ ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ တာဝနှ်ရှိကြောင်း မည်သည့်အဖွဲ့အစည်းကမျှ ယခုအချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

Sunday, June 29, 2008

စည်းမဲ့ကမ်းမဲ့အကြမ်းဖက်မှု တားဆီးပေးရန်ဝါရင့်နိုင်ငံရေးသမားကြီးများ တောင်းဆို

to download

စည်းမဲ့ကမ်းမဲ့အကြမ်းဖက်မှု တားဆီးပေးရန်ဝါရင့်နိုင်ငံရေးသမားကြီးများ တောင်းဆို
ပီတာအောင်/ ၂၇ ဇွန် ၂၀၀၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်များအား လုံခြုံရေးဝန်ထမ်းများမဟုတ်ဘဲ လူအုပ်ဖြင့် ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးမှုပြုလုပ်ခြင်းကို တားမြစ်ပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီး များက နအဖစစ်အစိုးရကို ယနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။
ဇွန်လ (၁၉) ရက် အန်အယ်လ်ဒီရုံး၌ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အခမ်းအနားကျင်းပရာသို့ စွမ်းအားရှင်နှင့် ကြံ့ဖွံ့တို့က မော်တော်ယာဉ်များဖြင့် လူအုပ်စုများ ရောက်ရှိလာကာ ရုံးရှေ့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် ပြစ်တင်ဝေဖန်လိုက်ခြင်းဖြစ်သည်။
ထိုလုပ်ရပ်သည် ဥပဒေမဲ့ တရားလက်လွတ်ပြုမူခြင်းဖြစ်သဖြင့် တိုင်းပြည်၏ အနာဂတ်ရေးအတွက် အင်မတန်ရင်လေးဖွယ်ရာဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတို့ကို စည်းကမ်းမဲ့ ချိုးဖျက် အကြမ်းဖက်ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် တိုင်းပြည်အတွက် ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာ ကျဆင်းစေသည့် အဖြစ်အပျက်ဖြစ်ကြောင်း ကြေညာချက်၌ ပါရှိသည်။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက“ ဒီလုပ်ရပ်ဟာ အင်မတန်ကို သိမ်ဖျင်းတဲ့၊ ညံ့ဖျင်းတဲ့ လုပ်ရပ်ကြီးဖြစ်နေတယ်။ အန်အယ်လ်ဒီပါတီ သူ့ဘာသာ အခမ်းအနားလေး လုပ်တာပဲ။ စွမ်းအား ရှင်ဆိုပြီးတော့ အရပ်ထဲမှာ တေလေဂျပိုးလိုလူတွေက ဒီလိုဝင်လုပ်သွားတယ်ဆိုတော့ အန် အယ်လ်ဒီကို ချေမှုန်းတဲ့လုပ်ငန်းဟာ ပိုပြီးတော့ ကြမ်းလာပြီလို့မြင်တယ်။ အပြစ်ရှိတယ်ဆိုရင် လုံခြုံရေးဝန်ထမ်းရဲက လာဖမ်းပေါ့။ အခုဟာက ဘာမှမဟုတ်ဘဲနဲ့ ဗရုတ်သုတ်ခလာပြီး အနိုင် ကျင့်တဲ့ အပေါက်မျိုးနဲ့ တုတ်တွေဘာတွေနဲ့ လူအုပ်ကြီးနဲ့ ကားတွေနဲ့ လာပြီးတော့ လုပ်သွားတယ် ဆိုတာ မလုပ်သင့် မလုပ်ထိုက်တဲ့ဟာကို လုပ်သွားတယ်လို့ ဒီလိုပဲမြင်ပါတယ်” ဟု ပြောသည်။
ပြစ်မှုကျူးလွန်သည်ဟု ယူဆပါ၍ ဖမ်းဆီးလိုပါက တာဝန်ရှိ လုံခြုံရေးဝန်ထမ်းများကသာ ဥပဒနှင့် အညီ ဖမ်းဆီးအရေးယူသင့်ကြောင်းနှင့် ထိုသို့ လူမိုက်ဂိုဏ်းဆန်ဆန် လူအုပ်ဖြင့် အကြမ်းဖက် ၀ိုင်းဝန်းရိုက်နှက်ဖမ်းဆီးခြင်းများ နောင်တွင် မဖြစ်ပေါ်စေရန် နအဖအနေဖြင့် တားမြစ်သင့်သည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီးများ၏ ကြေညာချက်တွင် ပါရှိသည်။
အဆိုပါဖြစ်ရပ်တွင် (၄) ဦးဖမ်းဆီးခံရပြီး (၁) ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု အန်အယ်လ်ဒီက ပြောသော်လည်း အဖမ်းခံရသူ အရေအတွက်မှာ ယင်းထက်ပိုများသည်ဟု အေဂျင်စီသတင်း များတွင် ဖော်ပြသည်။
ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မထိခိုက်စေဘဲ အခမ်းအနား ကျင်းပလို့ရတယ်ဆိုတာ ကျနော်တို့ သူတို့ကို ပြောထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ဆောင် မှုဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတယ်။ ဒါကြောင့် သူတို့ကို ဘာဖြစ်လို့ ဒီလိုလုပ်ရသလဲဆိုတာ ခေါ်ယူမေးမြန်းနေတာ ဖြစ်တယ်။ သူတို့ အဖမ်းခံထားရတာ မဟုတ်ပါဘူး” ဟု ယမန်နေ့က အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။ ။

Sunday, June 22, 2008

ဒေါ်အောင်ဆန်းစုကြည်အမွေမှုဖြစ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖန်တီးဟု ထောက်လှမ်းရေးအရာရှိဟောင်း စွပ်စွဲ

to download

ဒေါ်အောင်ဆန်းစုကြည်အမွေမှုဖြစ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖန်တီးဟု ထောက်လှမ်းရေးအရာရှိဟောင်း စွပ်စွဲNEJ/ ၂၀ ဇွန် ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စိတ်ပိုင်းဆိုင်ရာ လုပ်ကြံမှုတခုပြုလုပ်ခဲ့ကြောင်း ဇွန် (၁၇) ရက်စွဲဖြင့် ရေးသားထားသည့် စာတစောင် မီဒီယာများသို့ ပျံ့နှံ့နေသည်။
အဆိုပါစာကို အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ဗိုလ်မှူးအောင်လင်းထွဋ်က လက်မှတ်ထိုး ထုတ်ပြန်ခြင်းဖြစ်ပြီး ၂၀၀၁ ခု ၀ါရှင်တန်မြို့ မြန်မာသံရုံး၌ ၎င်းတာဝန်ထမ်း ဆောင်ခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည်ဖော်ပြ ရေးသားထားခြင်းဖြစ်သည်။
၂၀၀၁ ခု အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၏ လက်မှတ်ဖြင့် ဒေါ်အောင် ဆန်းစုကြည်အား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တရားစွဲဆိုကြောင်း လက်မှတ်ရေးထိုး ပေးရန် စာတစောင် ၀ါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းထံ ရောက်လာသည်ဟု ဗိုလ်မှူးအောင်လင်းထွဋ်စာမှာ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတက်နေချိန်တွင် မောင်နှမကြား ပြဿနာတခု ဖန်တီးပေးထား ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏စိတ် မရွှင်လန်းစေသည့်အပြင် ပြည်တွင်းနှင့် ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်ထံ အဆိုးမြင်စေရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံစည်ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား အိမ်ပေါ်မှ နှင်ချစေရန် ဦးအောင်ဆန်းဦး၏ဇနီး ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်းမှတဆင့် ဦးအောင်ဆန်းဦးအား လက်မှတ်ရေးထိုးလာ စေရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒေါ်သိန်းလဲ့နွယ်၏ မိသားစုဝင်များအား နအဖက စီးပွားရေးအကျိုးအမြတ်များ ဖန်တီးပေးထားပြီး ဦးအောင်ဆန်းဦးအား စည်းရုံးသိမ်း သွင်းစေခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ဦးအောင်ဆန်းဦးဘက်မှ လက်မှတ်ရေးထိုးရန် သေချာမှ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် တရား စွဲဆိုမည့် စာရွက်စာတမ်းများကို မြန်မာသံရုံး ၀ါရှင်တန်မြို့သို့ ပေးပို့ခဲ့ကာ မြန်မာသံရုံးမှတဆင့် ဦးအောင်ဆန်းဦးထံ စာရွက်စာတမ်းများပေးပို့ခဲ့ပြီး လက်မှတ်ရေးထိုး ပြန်ရောက်လာသောစာကို ထိုစဉ်က မြန်မာသံအမတ်ကြီး ဦးတင်ဝင်းမှ မှန်ကန်ကြောင်း ထပ်ဆင့်လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သံရုံး ချောစာ Pouch ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုလည်း စာတွင် ဆက်လက်ဖော်ပြထားသည်။
ယင်းလုပ်ရပ်များသည် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား စနစ်တကျ အကွက် ချပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိမ်အမွေမှု နောက်ကွယ်မှ စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်သူအများသိစေရန် တင်ပြရခြင်းဖြစ်ကြောင်း ဗိုလ်မှူး အောင်လင်းထွဋ်၏ စာတွင် ဖော်ပြပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အမွေမှုဖြစ်စဉ်အကျဉ်းချုပ် (သတင်းထောက် မောင်မန်း)
၂၀၀၀- ခု နိုဝင်ဘာလ (၁၆) ရက်အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်နေအိမ် အမွေရလိုမှုနဲ့ ရန်ကုန်တိုင်း တရားရုံးမှာ အမှုဆိုင်ခဲ့ပါတယ်။ တရားလို ဦးအောင်ဆန်းဦးရဲ့ အပြောအရတော့ မိခင် ဒေါ်ခင် ကြည် ဆုံးတာ (၁၂) နှစ်ပြည့်လို့ မိခင်ဆန္ဒအရ အမွေတောင်းခံတာဆိုပေမယ့် နိုင်ငံခြားသတင်း တွေရဲ့ ရေးသားချက်အရတော့ ဇနီးဖြစ်သူရဲ့ ဖိအားပေးမှုကြောင့် ဦးအောင်ဆန်းဦးဘက်က ခုလို ဖုတ်ပူမီးတိုက် အမွေတောင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။ နအဖဘက်ကတော့ ဒေါ်အောင်ဆန်း စုကြည် တရားရုံးကို သွားရောက်မယ်ဆိုရင် အကျယ်ချုပ်ကနေ ခွင့်ပြုမယ်လို့ ပြောဆိုပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တရားရုံး မသွားတဲ့ပြင် သူ့ဘက်က လိုက်ပေးမယ့် ရှေ့နေ တွေ ပေါ်ပေါက်ခဲ့ပါတယ်။
၂၀၀၀- ခု နိုဝင်ဘာလ (၂၃) ရက်တရားပြိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖြစ် ရန်ကုန်မြို့က ရှေ့နေများဖြစ်တဲ့ ဦးကြည် ၀င်း၊ ဦးအောင်သိန်း၊ ဦးမြင့်သောင်းနဲ့ ဦးခင်မောင်အေးတို့ကို ဒေါ်အောင်ဆန်းစုကြည်က ငှားရမ်း ပါတယ်။ ဒေါ်အောင်ဆန်းကြည်ရဲ့ တရားရုံး ကိုယ်စားလှယ်အဖြစ် ရှေ့နေကြီး ဦးထွန်းတင်က ဆောင်ရွက်ပါတယ်။ ဦးအောင်ဆန်းဦးဘက်က ရှေ့နေအဖြစ် ရှေ့နေဦးကျော်ဇေယျက လိုက်ပါ ဆောင်ရွက်ပြီး တရားရုံးကိုယ်စားလှယ်အဖြစ် ရှေ့နေဦးဟန်တိုးက ဆောင်ရွက်ပါတယ်။
ဦးအောင်ဆန်းဦးဘက်က တရားစွဲပုံမှားဦးအောင်ဆန်းဦးရဲ့ရှေ့နေက ရန်ကုန်တိုင်းတရားရုံး (အောက်ရုံးလို့လည်းခေါ်ပါတယ်) မှာ စတင် တရားစွဲတဲ့အချိန်က မြေကို ထက်ဝက်ခွဲစိတ်ပြီး အမွေပုံပစ္စည်း လက်ရောက်ရလိုမှု (Suit for Partition) နဲ့ စွဲပါတယ်။ ဒါပေမယ့် အဲသလိုစွဲဆိုတဲ့ အဆိုလွှာဟာ ဥပဒေကြောင်းနဲ့ မညီဘဲ စွဲဆိုပုံ မှားနေတယ်၊ အမှန်ဆိုရင် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု (Right for administration) နဲ့သာ စွဲထိုက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ရုံးတော်မှာ လျှောက်လဲခဲ့ပါတယ်။
၁၉၈၇ ခု ကန့်သတ်ချက်ဥပဒေအရ နိုင်ငံခြားသားတဦးအနေနဲ့ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကို တောင်းခံချင်တယ် ဒါမှမဟုတ် လက်လွဲရောင်းချချင်တယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာန ခွင်ပြုမိန့်ရမှ လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ဒီဥပဒေနဲ့ ကင်းလွတ်ခွင့်ကို အစိုးရက ပေးနိုင်တယ်လို့ပါ တဘက်က ဆိုထားပါတယ်။
ဦးအောင်ဆန်းဦးဟာ ဗုဒ္ဓဘာသာဝင်တဦးဖြစ်လို့ ဗုဒ္ဓဓလေ့ထုံးတမ်း ဥပဒေအရ အမွေတောင်းခံခွင့် ရှိပေမယ့် အမေရိကန်မှာ နေထိုင်ပြီး အမေရိကန်နိုင်ငံသားဖြစ်နေတဲ့အတွက် ခုလို အမွေတောင်းခံ ချင်ရင် နိုင်ငံခြားသားဖြစ်နေတဲ့အချက်၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်နေတဲ့ အချက်တွေကြောင့် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ရဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က လျှောက်လဲပါတယ်။ သဘောကတော့ နိုင်ငံခြားသား ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မရရင် ဘယ်တရားရုံးကမှတဆင့် အမွေတောင်းဖို့ လျှောက်လဲခွင့်မရှိဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒါပေမယ့် ဦးအောင်ဆန်းဦးရှေ့နေ ဦးကျော်ဇေယျရဲ့အပြောအရ ၂၀၀၀ ခု ဇူလိုင်လ (၂၈) ရက် နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဦးအောင်ဆန်းဦးကို ၁၉၈၇ ခုနှစ် ဥပဒေက ကင်းလွတ်မိန့် ပေးထားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ အမှုကို ဒေါ်အောင်ဆန်းစုကြည် မလာရောက်ပေမယ့် မျက်ကွယ်မှာ စစ်မယ်ဆိုပြီး ၂၀၀၀ ခု နိုဝင်ဘာလ (၂၇) ရက် ချိန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ဟာ ကာလပေါက်ဈေးနဲ့ဆိုရင် ကျပ်သန်း (၄၀၀) လောက် တန်တယ်လို့ အိမ်အရောင်းအ၀ယ်သမားတွေက မှန်းပါတယ်။ ၂၀၀၀ ခု နိုဝင်ဘာ (၂၁) ရက် ကနေ ရုံးချိန်း အဆင့်ဆင့်ပြောင်းခဲ့ပါတယ်။
၂၀၀၁- ခု အောက်တိုဘာလ (၂၂) ရက်ရုံးချိန်းတရားလို ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့် မလိုဘဲနဲ့ကို အမွေတောင်းခံ ခွင့်ရှိတယ်လို့ တရားသူကြီး ဦးစိုးသိန်းက အမိန့်ချလိုက်တဲ့အတွက် ဦးအောင်ဆန်းဦးအနေနဲ့ အမွေတောင်းရာမှာ ဥပဒေရေးရာ အခက်အခဲတွေ မရှိသလောက် ဖြစ်သွားပြီလို့ ဆိုရမှာ ဖြစ်ပါ တယ်။ အရပ်စကားနဲ့ ပြောရရင် အမွေရဖို့ သေချာသွားပြီ၊ ဦးအောင်ဆန်းဦးကို အနိုင်ပေးလိုက်ပြီ ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒီမှာတင် ဒေါ်အောင်ဆန်းစုကြည် အိမ်အမွေတ၀က်ဆုံးဖို့ အလား အလာရှိဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံခြားသတင်းတွေက ရေးကြပါတယ်။
ဒါပေမယ့် နိုင်ငံခြားသတင်းတွေရေးသလို ဒေါ်အောင်ဆန်းစုကြည်ဘက်က အမှုရှုံးဖို့ အလား အလာမရှိတဲ့အပြင် ဥပဒေကြောင်းအရ ငြင်းခုံလျှောက်လဲစရာတွေ အများအပြားရှိနေသေးတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးကိုယ်စားလှယ် ဦးထွန်းတင်က ပြောဆိုပါတယ်။ အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်းတရားရုံးကနေ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်မလိုဘဲ အမွေတောင်းခံနိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဘက်က မကျေနပ်တဲ့အတွက် အမြင့်ဆုံးတရားရုံးဖြစ်တဲ့ တရားရုံးချုပ်ကို ပြန်လည်စစ်ဆေးပေးဖို့ တရားပြိုင်ရှေ့နေ ဦးကြည်ဝင်းနဲ့အဖွဲ့က အယူခံ လျှောက်ထားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံလျှောက်ထားချက်ကို ၂၀၀၂ ခု ဇန်န၀ါရီလမှာ တရား ရုံးချုပ်ကနေ လက်ခံစစ်ဆေးဖို့ သဘောတူခဲ့ပါတယ်။ တချိန်တည်းမှာပဲ အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်း တရားရုံးက အမှုတွဲကို တရားရုံးချုပ်က တောင်းခံခဲ့ပြီး အမှုကို ၂၀၀၂ ခု ဖေဖော် ၀ါရီလ (၂၀) ရက်မှာ အပြီးသတ် ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသားလည်းဖြစ်နေတဲ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မပါဘဲ အမွေ တောင်းခံ နေတဲ့အတွက် တရားမ၀င်တဲ့ အဆိုလွှာကို ပယ်သင့်တယ်လို့ တရားပြိုင်ရှေ့နေ ဦးကြည်ဝင်းနဲ့ အဖွဲ့က ယူဆပါတယ်။
၂၀၀၂- ခု ဖေဖော်ဝါရီလ (၂၀) ရက်နှစ်ဘက်ရှေ့နေတွေ တရားရုံးချုပ်မှာ အပြန်အလှန် အပြီးသတ်လျှောက်လဲခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရှေ့နေ ဦးကြည်ဝင်းကတော့ ဦးအောင်ဆန်းဦးဟာ ပြည်ထဲရေးဝန်ကြီး ဌာန အမိန့်မရဘဲ အမွေတောင်းခံခွင့်မရှိတဲ့အကြောင်း ၁၉၈၇ ခု ကန့်သတ်ချက်ဥပဒေကို ကိုးကားပြီး (၄၅) မိနစ်ကြာ ခုခံလျှောက်လဲခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မပါဘဲ ဦးအောင်ဆန်းဦးကို အမွေတောင်းခံခွင့်ပေးလိုက်ရင် မြန်မာနိုင်ငံရဲ့ တရားစီရင်ထုံး ကမောက် ကမဖြစ်သွားမယ့်အလားအလာ ရှိတယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။
သုံးသပ်ချက်
၁။ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ တရားရုံးချုပ်က စီရင်ချက်ချခဲ့ရင် အထူးအယူခံအနေနဲ့ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင် ခုံရုံးထံ ဒေါ်စုရှေ့နေတွေက အထူးအယူခံခွင့် ရှိပါတယ်။
၂။ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင် ခုံရုံးကနေ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံ ခွင့်ရှိတယ်လို့ အမိန့်ချခဲ့ရင်တော့ ဒေါ်စုအနေနဲ့ အိမ်တ၀က် အမွေခွဲပေးရဖို့ သေချာသွားပြီဖြစ် ပါတယ်။
၃။ ဥပဒေလုပ်ထုံးလုပ်နည်းအရ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင်ခုံရုံးကနေ ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ရင် အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်း တရားရုံးကနေ အမှုကို ပြန်စစ်ရအုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးအောင်ဆန်းဦး အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ အမိန့်ချခဲ့ရင်တော့ ဒေါ်စုရှေ့နေတွေဘက်က ငြင်းခုံချေပစရာ ဘာမှမရှိသလောက်ဖြစ်တော့မှာမို့ ဦးအောင်ဆန်းဦး အနေနဲ့ အမွေရဖို့ သေချာပြီလို့ ပြောနိုင်တဲ့အကြောင်း ရန်ကုန်ရှေ့နေ အသိုင်းအ၀န်းက ပြောဆို ပါတယ်။
၎။ အမှုကိုပြန်ကြည့်ရင် ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေ တောင်းခံခွင့်ရှိတယ်လို့ အစိုးရက ခွင့်ပြုထားတဲ့အကြောင်း ဦးအောင်ဆန်းဦးရှေ့နေတွေရဲ့ ပြောဆိုချက်မှန်မမှန် အတိအကျ မသိရပေမယ့် ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ ရန်ကုန်တိုင်း တရားသူကြီးက အမိန့်ချလိုက်တဲ့ အတွက် ဒီအမိန့်ရဲ့နောက်ကွယ်မှာ ပြည်ထဲရေးဝန်ကြီးဌာနက တရားသူကြီးကို လက်သိပ်ထိုး ဖိအားပေးထားသလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
၅။ ဒီအခြေအနေတွေကို ထောက်ကြည့်ရင် တရားလွှတ်တော်ရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ပေးဖို့ အတော့်ကို အခွင့်အလမ်းနည်းပါးတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။
၆။ ထူးခြားတာက ၂၀၀၃ ဒီပဲယင်း အရေးအခင်းနောက်ပိုင်းကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေမှုအခြေအနေကို စစ်အစိုးရတရားရုံးတွေက မထုတ်ပြန်ဘဲ ထားခဲ့တာ ကနေ့ထိ ဖြစ်ပါတယ်။

Video

Friday, June 20, 2008

ပေါင်းလောင်း ရေကာတာများ ဒေသခံတို့၏ ဘဝကို ခြိမ်းခြောက်နေ

to download
ပေါင်းလောင်း ရေကာတာများ ဒေသခံတို့၏ ဘဝကို ခြိမ်းခြောက်နေ
အေးလဲ့ ဇွန် ၁၈၊ ၂၀၀၈

မြန်မာစစ်အစိုးရနှင့် တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီတို့ ဖက်စပ်တည်ဆောက်နေသည့်အထက်ပေါင်းလောင်း ရေလှောင်တမံ စီမံကိန်းကို ချက်ချင်းရပ်ဆိုင်းပေးရန် ကယန်းအမျိုးသမီး သမဂ္ဂ အဖွဲ့မှ ယနေ့ကြေညာချက် တစောင် ထုတ်ပြန်လိုက်သည်။

ဆောက်လုပ်နေဆဲ အထက်ပေါင်းလောင်း ရေကာတာ (Photo: YMEC)
၎င်းကြေညာချက်တွင် ကယန်းအမျိုးသမီးသမဂ္ဂအဖွဲ့၏ “ကယန်းနယ်မြေ၏ နတ်စိမ်းတစ္ဆေတို့ကို ရေနှစ်မြုပ် စေခြင်း” ဆိုသည့် စာမျက်နှာ ၃၄မျက်နှာပါ အစီရင်ခံစာကိုအခြေခံပြီးထုတ်ပြန် ကြေညာခြင်းဖြစ်သည်။
အဆိုပါ ရှမ်းပြည်နယ်တောင်ပိုင်း ပျဉ်းမနားတောင်တန်းများပေါ်ရှိ ပေါင်းလောင်းမြစ်၏ အထက်ပိုင်းရေလှောင် တမံကို တရုတ်နိုင်ငံရေအားလျှပ်စစ်ကုမ္ပဏီ The Yunnan Machinery and Export Co မှ ရင်နှီးမြှပ်နှံမှုဖြင့် တည်ဆောက်နေခြင်း ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၁၄၀ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးမည့်စီမံကိန်းဖြစ်ကြောင်း အစီရင် ခံစာတွင်ဖော်ပြထားသည်။
ဤ အထက်ပေါင်းလောင်ဆည်တည်ဆောက်နေစဉ် ၄ နှစ်အတွင်း ဒေသခံပြည်သူများကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်မှုများရှိနေကြောင်း၊ ကျေးရွာပေါင်း ၁၂ ရွာ ကို ရေလွှမ်းမိုးနိုင်ပြီး ပြည်သူလူထု ၃၅၀၀ ခန့်နေရာ ရွှေ့ပြောင်းရနိုင်ကြောင်းနှင့် စိုက်ပျိုးမြေဧက ၅၀၀၀ကျော်ရေ နစ်မြုပ်နိုင် ကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။
“အခုချိန်က ဒီနယ်မြေရှိ ရွာသားတွေက တောင်ယာလုပ်တဲ့ အချိန်ဖြစ်တယ်၊ အခု ငါးဖမ်း စားဖို့လည်း ခက်လာတယ်၊ တာတမံလုံခြုံရေးယူထားတဲ့ စစ်သားတွေက သူတို့ကို တောင်ယာပေးမခုတ်တော့ဘူး ၊ သူတို့ကို ကန့်သတ်ထားတာတွေ ရှိတယ်၊ ဒီတော့ရွာသားတွေက လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရှိ တော့ဘူး” ဟု ၎င်းအစီရင်ခံစာထုတ်ဝေသည့် အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ငဲကပြောသည်။
အစီရင်ခံစာတွင်၂၀၀၄ ခုနှစ် အထိပေါင်းလောင်းမြစ်ဝှမ်းဒေသတွင် အခြေစိုက်တပ်စွဲသည့် စစ်တပ်မရှိခဲ့ သော်လည်း ယခုချိန်တွင် တာတမံလုံခြုံရေးအတွက် စစ်တပ်ပိုမို တိုးချဲ့ခြင်းကြောင့် ရွာသားများ လုပ်အား ပေးနေရပုံကို“လူကြီးရော လူငယ်ရော၊ ယောကျာ်း၊ မိန်းမရော၊ ရွာတိုင်းက လူ ၂၀လာပြီး ခြုံရှင်းပေး ရတယ်၊ ဘာပစ္စည်း ကိရိယာမှပေးတာမရှိဘူး၊ အစားအသောက်ဘာမှ မကျွေးဘူး၊ သူတို့ အလုပ်တွေကို တနှစ်ပတ် လုံးလုပ်ပေးရလို့ ကျနော်တို့ကလေးတွေ ငတ်ကုန်ပြီ” ဟု ဒေသခံက ပြောဆိုထားသည်ကို ဖော်ပြထားသည်။
၎င်းဆည်စီမံကိန်းနှင့်ပတ်သက်ပြီး အပြင်းအထန်ကန့်ကွက် ကြောင်း၊ ၎င်းဒေသရှိ ရွာသားများအားလည်း ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သိရှိစေရန် ပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာ ကိုလည်း အသိပေးသွားမည် ဖြစ်ကြောင်းတို့ကို ကယန်းအမျိုးသမီးသမဂ္ဂအဖွဲ့က ဆိုသည်။
၂၀၀၅ခုနှစ်မေလတွင်ပြီးစီးခဲ့သည့် ပေါင်းလောင်းမြစ်အောက်ပိုင်း“ပေါင်းလောင်းဘက်စုံ ရေလှောင်တမံ ဆည်” မှ ယခု အခါ နေပြည်တော်သို့လျှပ်စစ်ဓာတ်အားထုတ်ပေးလျှက်ရှိသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။
ဆက်လက်ပြီး ၎င်းဆည်တည်ဆောက်ရေးနှင့်ပတ်သက်၍ စီမံချက်များရေးဆွဲရာတွင်သော်လည်းကောင်း၊ အကောင်အထည် ဖော်ရာတွင်လည်းကောင်း လုံးဝပွင့်လင်းမြင်သာမှုမရှိ၊ ၎င်းဒေသရှိ ကျေးရွာနေလူစု၏ သဘောတူညီချက်မပါရှိဘဲ တည်ဆောက်နေခြင်းဖြစ်ကြောင်းတို့ကို ကယန်းအမျိုးသမီးများ သမဂ္ဂက မှတ်တမ်း ပြုစုထားသည်။
ယင်း ရေလှောင်တမံကို ၂၀၀၄ခုနှစ်ကတည်းက စတင်တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် အပြီး တည်ဆောက် မည်ဖြစ်ကြောင်းလည်း သိရသည်။
အလားတူ လွန်ခဲ့သည့်နှစ်၄၀ခန့်က မိုးဗြဲဆည်တည်ဆောက်စဉ်ကလည်း ကျေးရွာပေါင်း၁၁၄ ရွာ ရေနှစ်မြုပ် ခဲ့ရပြီး ၎င်း လျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားကိုမူ ဒေသခံများအကျိုးခံစားခွင့်မရှိခဲ့ကြောင်းလည်းသိရသည်။
ကယန်းအမျိုးသမီးများသမဂ္ဂကို ၂၀၀၃ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကယန်း လူမျိုးများသည် မျိုးနွယ်အရ ကရင်လူမျိုးများနှင့် ဆက်နွယ်မှုရှိပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် အခြေချနေထိုင် သူများ ဖြစ်ကြောင်း သိရသည်။

သတင်း

အလောင်းမြေမြှုပ်၍ အဖမ်းခံရသူများတွင် ဗကသ ကျောင်းသားများပါဝင်
ကိုသက် ဇွန် ၁၉၊ ၂၀၀၈
နာဂစ် မုန်တိုင်းကြောင့် အသက်ဆုံးပါးသွားပြီး မရှင်းလင်းနိုင်သေးသည့် လူသေအလောင်းများကို ဧရာဝတီတိုင်း ဘိုကလေး မြို့နယ်အတွင်း လိုက်လံမြေမြှုပ်သင်္ဂြိုဟ်သူ ၇ ဦး ယခုလ ၁၄ ရက်နေ့က အဖမ်းခံရရာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ၅ ဦး ပါဝင်သည်ဟု ၎င်းတို့နှင့်အတူ ကယ်ဆယ်ရေးလုပ်သည့် လုပ်သားတဦးက ပြောသည်။
အလောင်းကောက် မြေမြှုပ်သည့်အဖွဲ့

အဖမ်းခံရသူ ၇ ယောက်တွင် အလောင်းကောက်သင်္ဂြိုဟ်သည့်အဖွဲ့ကိုဦးဆောင်သည့် မြန်မာထရီဗြွန်းဂျာနယ် ထုတ်ဝေသူ ဦးအောင်ကျော်ဆန်းနှင့် ဒေါက်တာ နေ၀င်းတို့အပါအ၀င် ဗကသ အဖွဲ့မှ ကိုလင်းထက်နိုင်၊ မနှင်းပွင့်ဝေ၊ ကိုဟိန်းရာဇာထွန်း တို့ပါဝင်ပြီး အခြားသူများ၏အမည်များ မသိရသေးပေ။ ဒေါက်တာ နေ၀င်းသည် မနှင်းပွင့်ဝေ၏ ဖခင်ဖြစ်သည်။
“ဘိုကလေးကအပြန် ဖျာပုံမှာ မှတ်ပုံတင်စစ်ရင်းနဲ့ အဖမ်းခံရတာ၊ ဖျာပုံကနေမှ ရန်ကုန်ကိုလွှဲလိုက်တယ်လို့ ကြားတယ်။ သူတို့ကားမှာ ၁၆ ယောက်လောက်ပါတာ ကားမောင်းတဲ့လူတွေ ဘာတွေ ပြန်လွှတ်လိုက်တယ်” ဟု ကယ်ဆယ်ရေး လုပ်သားက ပြောသည်။
ဗကသ ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုလင်းထက်နိုင်နှင့် မနှင်းပွင့်ဝေတို့သည် ၂၀၀၇ ခုနှစ် စက်တင်ဘာ လှုပ်ရှားမှုပြီးကတည်းက အာဏာပိုင်တို့၏ မတရားလိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရသူများ ဖြစ်ကြသည်။
ဗကသ အဖွဲ့ဝင်တချို့သည် လုံခြုံရေးအခြေအနေကြောင့် ရှောင်တိမ်းနေကြသော်လည်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို အဆင်သင့်သလို လုပ်ကိုင်နေကြကြောင်း သိရသည်။
ဗကသ အဖွဲ့၏ တာဝန်ရှိသူတဦးက “ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဘိုကလေးကို အလောင်းမြှုပ်တဲ့အဖွဲ့ကိုလိုက်ကူရင်း အပြန်မှာ အဖမ်းခံရတာ။ ဒါပေမယ့် အစကတည်းက ကျနော့်တို့က ပြည်သူတွေအတွက်ပဲ လုပ်ခဲ့ကြတာလေ … ရသလောက်တော့ ဆက်လုပ်သွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။
ယခုလအတွင်း စစ်အစိုးရက နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၊ အားကစားအယ်ဒီတာ ဇော်သက်ထွေး၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် ဗကသ အဖွဲ့ဝင်များအပါအ၀င် မုန်တိုင်းကယ်ဆယ်ရေးလုပ်ဆောင်နေသူ ၂၀ ခန့်ကို အကြောင်းပြချက် တစုံတရာမပေးဘဲ ဖမ်းဆီးထားသည်။ဖမ်းဆီးမှုများနှင့်ပတ်သက်၍ “နာဂစ်ကယ်ဆယ်ရေးအတွက် စစ်အစိုးရလိုချင်သလောက် ပိုက်ဆံကို နိုင်ငံတကာ ဆီက လည်းမရ၊ တဘက်က အမှောင်ချထားတဲ့သတင်းတွေကလည်း အပြင်ကိုရောက်၊ ပုဂ္ဂလိကအလှူရှင်တွေ တာဝန်ယူသလို လည်း အစိုးရကတာဝန်မယူနိုင်ဆိုတော့ သူတို့သိက္ခာကျတာပေါ့ … အဲဒီတော့ တကယ်လုပ်နေတဲ့လူတွေကို မဲတာပေါ့ဗျာ” ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းမြင့်အောင်က ပြောသည်
..............................................................................................................
ဒေါ်စုမွေးနေ့ အန်အယ်လ်ဒီ အဖွဲ့ဝင်များ ရိုက်နှက် ဖမ်းဆီးခံရ
အေးလဲ့ ဇွန် ၁၉၊ ၂၀၀၈


ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ရုံးချုပ်ရှေ့တွင် ယနေ့နံက်ပိုင်းက အန်အယ်လ်ဒီ အဖွဲ့ဝင်များကို လုံထိန်းရဲနှင့် စစ်အစိုးရ အထောက်အပံ့ပြုထားသူများက ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
နံနက် ၁၁ နာရီခန့်တွင် အန်အယ်လ်ဒီ အဖွဲ့ဝင်များ ရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ငှက်များလွှတ်ပြီး ဆုတောင်းမေတ္တာပို့နေစဉ် လူ အင်အား ၃၀၀ ခန့်ရှိ ရဲများ၊ ကြံ့ဖွံ့များ၊ စွမ်းအားရှင်များက ဒိုင်နာ ကား ၁၀ စီး ခန့်ဖြင့် ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီးရာ အဖွဲ့ဝင်၎ ဦးခန့် ဖမ်းဆီး ခံ ခဲ့ရကြောင်း အန်အယ်လ်ဒီ ပြန်ကြား ရေးအဖွဲ့ဝင် ဒေါက်တာ ဝင်းနိုင်ကပြောသည်။
“ဒေါ်အောင်ဆန်းဆုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်နဲ့ ရုံးချူပ်ရှေ့မှာအဖွဲ့ဝင်တွေက ငှက်လွှတ်ရင်းနဲ့ ဒေါ်အောင်ဆန်ုးစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ပေးလို့ ကြွေးကြော်တယ်၊ ဒီအချိန်မှာ စွမ်းအားရှင်၊ ကြံ့ဖွံ့တွေက ရုံးရှေ့ပလက်ဖောင်း အထိ ကားမောင်းလာပြီး အဖွဲ့ချုပ် အဖွဲ့ဝင် ၄ ယောက်ကို ရိုက်နှက်ဖမ်းဆီးသွားတယ်” ဟု ဒေါက်တာ ဝင်းနိုင်က ပြောပြသည်။
ဖမ်းဆီးခံရသူ များမှာ ဦးထွန်းမြင့် (ဗဟန်းမြို့နယ် အတွင်းရေးမှူး) ၊ ဦးလှအေး(လှိုင်သာယာ မြို့နယ် စည်းရုံး ရေးအဖွဲ့ဝင်)၊ မင်္ဂလာဒုံမြို့နယ်မှ အန်အယ်လ်ဒီ လူငယ်တဦးနှင့် အမျိုးသမီးတဦး(အမည်မသိရသေး) တို့ ဖြစ် ကြောင်းနှင့် ဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့သည်ဟုလည်း၎င်းက ဆိုသည်။
အခင်းဖြစ်ပွားပြီး၍ ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အာဏာများပိုင်ဘက်မှ ဗဟန်ုးမြို့နယ် ရပ်မိရပ်ဘ ဦးစိုးတင့်၊ ဦးရဲအောင်၊ ဦးတင်မြင့်၊ ဦးဇော်တင့်တို့ လေးဦးက အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးမြင့်၊ ဦးသန်း ထွန်း၊ ဒေါက်တာဝင်းနိုင်၊ ဦးလှသိန်း၊ လူငယ်တာဝန်ခံ ကိုခင်ထွန်းတို့နှင့် တွေ့ဆုံဆွေးနွေးသည်ဟု လည်း ဒေါက်တာ ဝင်းနိုင်ကပြောသည်။
ယင်းသို့ တွေ့ဆုံရာတွင် အာဏာပိုင်များဘက်က နောက်ထပ် အဖမ်းအဆီးများမရှိကြောင်း၊ ဥပဒေဘောင် အတွင်းမှ ထိန်းသိမ်း လုပ်ဆောင်ရန် ပြောဆိုကြောင်း၊ ယခုဖမ်းဆီးထားသူများ၏ လက်ရှိအခြေအနေကို မူ မသိရှိသေးကြောင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များကို ပြောဆိုပေးမည်ဖြစ်ကြောင်း၊ လမ်းပိတ်ထားသည်ကိုလည်း ပြန်လည်ဖွင့်လှစ်ပေး မည်ဖြစ်ကြောင်း တို့ကို ဆွေးနွေး ပြောဆိုသွားသည်ဟု ဆိုသည်။
နံနက်ကတည်းကပင် အာဏာပိုင်များက အဖွဲ့ချုပ်ရုံးအနီး လင့်လမ်းမှစ၍ ရွှေဂုံတိုင်ထိပ်အထိကားလမ်း မကို ပိတ်ဆို့ထားပြီး ဝတ်စုံအပြည့်နှင့် လုံထိန်းကား ၇ စီး၊ အချူပ်ကား ၁ စီး၊ မီးသတ်ကား ၁စီး၊ လုံခြုံရေး ကွပ် ကဲ ရေးအဖွဲ့ကား ၅ စီးတို့ရှိ နေကာ အဖွဲ့ချူပ်ရုံး လမ်းထိပ်တွင်လည်း ဒိုင်နာကား၁၀စီး တို့ဖြင့် စောင့်ကြပ်၍ လုံခြုံရေး တင်ကြပ်ထားကြောင်း သိရသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို အခမ်းအနားအနေဖြင့် မပြုလုပ်သော်လည်း အန်အယ်လ်ဒီ လူမှု အထောက် အကူပြုအဖွဲ့က အကျဉ်းကျ နိုင်ငံရေသမားများ၏ မိသားစုဝင်များကို ပညာသင်စရိတ် ထောက်ပံ့သည့် အစီအစဉ်ရှိသော ကြောင့် အဖွဲ့ချုပ်ရုံးအတွင်း၌ လူအင်အား ၆၀၀ ခန့်ရောက်ရှိနေကြောင်းလည်း သိရသည်။ အန်အယ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက“ဒီနေ့ ကျနော်တို့ အခမ်းအနား လုပ်တာမဟုတ်ပါဘူး။ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ အလှူဒါနလုပ်တယ်၊ ကုသိုလ်ကောင်းမှုပြုလုပ်တယ်၊ အဲဒါကို ကျနော်တို့ကို အနှောင့် အယှက်ပေးတာ၊ လာတားမြစ်တဲ့သူတွေက ဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လားလို့” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး“ဒီလို နေ့မျိုးမှာ ကျနော်ပြောချင်တာကတော့ ဒေါ်အောင်ဆန်းဆုကြည်ဟာ နိုင်ငံတကာ ကချီးမြင့်တဲ့ ဆုပေါင်း ၈၅ ဆု ရထားပါတယ်၊ တကြိမ်တခါမှ ဘာပြစ်မှုမှ ကျူးလွန်ခြင်းမရှိခဲ့ဘဲနဲ့ ၁၂နှစ်ကျော် အချိန်အထိ အဖမ်းအဆီးခံ ထားရတာဟာ လုံးဝတရားမျှတမှု မရှိဘူး၊ ကျနော်တို့ဗုဒ္ဓဘာသာတယောက် အနေနဲ့ အလှူအတန်းလုပ်တာကို အနှောင့် အယှက်ပေးခံနေရတာဟာ အလွန်ဝမ်းနည်းစရာကောင်းတယ်၊ အလွန်တရားမဲ့လွန်းတယ်လို့ပြောချင်ပါတယ်” ဟုလည်း ပြောာသည်။
အန်အယ်လ်ဒီ ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် ယနေ့ နံနက် အစောပိုင်း ကစတင်ပြီး သံဃာတော်များနှင့် သီလရှင်အပါး ၁၀၀ ခန့်ကို တန်းဆွမ်းလောင်းခြင်း၊ ဘုန်းတော်ကြီး ကျောင်းတချို့သို့ ဆွမ်းဆက်ကပ်ခြင်းများ စသည့် အလှူဒါနများကို စီစဉ်ပြုလုပ်ရာ အန်အယ်လ်ဒီ ရုံးသို့ ကြွရောက်ရန် ပင့်ဖိတ်ထားသော သံဃာတော်များကို အာဏာပိုင်များက တားဆီး ပိတ်ပင်ခဲ့ကြောင်း သိရသည်။
တခြားသော တောင်ကြီးမြို့၊ မန္တလေးမြို့တို့ရှိ အန်အယ်လ်ဒီ အဖွဲ့ဝင်များကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် ကျန်းမာစွာဖြင့်အချူပ်အနှောင်မှ လွတ်မြောက်ရန် ဆုတောင်းမတ္တာပို့ခြင်း၊ မိဘမဲ့ကျောင်းများသို့ အလှူအတန်းပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင်များက ပြောသည်။

သတင်း

ဒေါ်စုလွတ်မြောက်ရေး အဖွဲ့ချုပ်လူငယ်များ ဆန္ဒပြကိုစိုး မေ ၂၇၊ ၂၀၀၈


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့က ဦးဆောင်ပြီး ယနေ့ နေ့လယ်ပိုင်းတွင် လူ ၅၀ ခန့် လမ်းလျှောက်ချီတက် ဆန္ဒပြကြရာ အာဏာပိုင်များက ဖြိုခွဲ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
(ဓာတ်ပုံ - ပီဒီစီ)
ရန်ကုန်မြို့ ဗဟန်းမြို့နယ် အန်အယ်လ်ဒီ ရုံးချုပ်ရှေ့မှ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့အထိ ဦးတည်၍ နေ့လယ် ၁ နာရီခန့်က စတင်လမ်းလျှောက်ချီတက် ဆန္ဒပြသူများမှာ မြရိပ်ညို ဟိုတယ် နှင့် ဟာမစ်တစ် ကားမှတ် တိုင်အနီး ကမ္ဘာအေး ဘုရားလမ်းမပေါ်၌ ဖမ်းဆီးခံလိုက်ရကြောင်း မျက်မြင် သက်သေတဦးက ပြောသည်။
“လုံထိန်းတွေနဲ့ ကြံ့ဖွံ့လို စွမ်းအားရှင်လို အဖွဲ့တွေက ဖမ်းတာ၊ တုတ်တွေ ဒိုင်းတွေနဲ့ ရိုက်ရိုက်လို့လည်း ပြောတယ်၊ ရဲ ကား ၂ စီးပေါ်ခေါ်တင်သွားတယ်၊ ၁၅ ယောက် ၁၆ ယောက်လောက် ပါသွားတယ်၊ အဖမ်းခံရတဲ့ အထဲမှာ တောင်ဒဂုန်က မထက်ထက် ဦးဝေလည်း ပါတယ်၊ တချို့ လည်း ထွက်ပြေးကြတယ်၊ ဖမ်းတဲ့လုံထိန်းတွေက ရဲ တပ်ရင်း (၈) ကလို့ ကြားတယ်”ဟု ၎င်းက ပြောပြသည်။
အဖမ်းခံရသူများတွင် မထက်ထက်ဦးဝေအပြင် ကိုရန်နိုင်ထွန်း၊ မပြည့်ပြည့်၊ ကိုထွန်းထွန်းဝင်းနှင့် ဆရာကိုအောင်ဖေ စသူတို့လည်း ပါဝင်ကြောင်း သိရသည်။
ဆန္ဒပြသူများက အန်အယ်လ်ဒီ တူညီဝတ်စုံများ ဝတ်ဆင်ထားပြီး ခမောက်များကိုလည်း ဆောင်းထားကြောင်း၊ “ဒုက္ခသည် များကို ကယ်တင်ကြ” “ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်” စသည်ဖြင့် ကြွေးကြော်ကြကြောင်း၊ ပိတ်စ အဖြူပေါ်တွင် အနီရောင်နှင့် ဒေါ်အောင်ဆန်းစုကြည် ကို ချက်ချင်းလွှတ်ပေး ဟူသော စာများရေးထား သည့် ဆိုင်းဘုတ်တခုကိုလည်း ကိုင်ဆောင်ထားကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင် လူငယ် တဦးကပြောဆိုသည်။
ထို့သို့ ဆန္ဒပြသူများ လမ်းလျှောက်ဆန္ဒပြသည့် ရွှေဂုံတိုင်နှင့် ဟာမစ်တစ်တကြော ကမ္ဘာအေးဘုရား လမ်းပေါ်တွင် လုံထိန်း ရဲ ကားများ၊ မီးသတ်ကားများဖြင့် အာဏာပိုင်များက လုံခြုံရေးထူထပ်စွာချထားသည်ဟုလည်း မျက်မြင် သက်သေများက ပြောသည်။
“ရွှေဂုံတိုင်နဲ့ ဟာမစ်တစ် တကြောလုံးမှာ လုံခြုံရေးက မီးသတ်ကားတွေရှိတယ်၊ လုံထိန်းတွေက တရုတ်က ထုတ်တဲ့ကား တွေနဲ့ ရွှေဂုံတိုင်မှာပဲ ၁၂ စီးတွေ့တယ်၊ စစ်ကားတော့ လုံးဝမတွေ့ရဘူး”ဟု မြင်တွေ့ခဲ့ရသူ တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင်လည်း ရဲကား ၊ မီးသတ်ကား၊ အချုပ်ကားများဖြင့် လုံခြုံရေး ထူထပ်စွာချထား သည်ကို တွေ့မြင်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ် ဘဝဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ကျော်ပြီဖြစ်သည်။
စစ်အစိုးရက သတ်မှတ်ထားသည့် ထိန်းသိမ်း ချုပ်နှောင်ကာလသည် မေလ ၂၄ ရက်နေ့တွင် ၅ နှစ် တိတိ ပြည့်မြောက် ခဲ့ပြီဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းပြန်လွှတ်ရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က မေလ ၂၄ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။
အမေရိကန် နိုင်ငံ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော (Freedom Now) အဖွဲ့မှ ဥပဒေပညာရှင် ရှေ့နေ ဂျာရက်ဒ် ဂန်ဆာနှင့် မဂ္ဂန် ဘာရွန် တို့ကလည်း မြန်မာနိုင်ငံ ဥပဒေကြောင်းအရ မေလ ၂၄ ရက်နေ့ ည သန်းခေါင်ယံတွင် ချုပ်နှောင်ကာလ ပြီးဆုံး ပြီဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးရန် လွန်ခဲ့သည့် သောကြာနေ့က ကြေညာချက်တစောင် ထုတ်ပြန်၍ စစ်အစိုးရသို့ တောင်းဆိုလိုက်သည်။
ယခု ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးအရေးယူထားသည့် ဥပဒေ ပုဒ်မ ၁၀ (ခ) အရ ဆက်လက်ဖမ်းဆီး ချုပ်နှောင် ရန်ဖြစ်စေ၊ ဆက်လက်တားဆီးမှုများ ပြုလုပ်ရန်ဖြစ်စေ တကြိမ်တွင် တနှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅)နှစ် အထိသာ အရေး ယူနိုင်ကြောင်း သိရသည်။

...........................................................................................


ဒေါ်စု အကျယ်ချုပ်သက်တမ်းတိုးခြင်းကို အဖွဲ့ချုပ်နှင့် နိုင်ငံတကာက ရှုတ်ချ

ကိုစိုး မေ ၂၈၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နေအိမ်အကျယ်ချုပ် ထပ်မံတိုးလိုက် ခြင်းသည် ဥပဒေနှင့် လုံးဝမညီကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အကျယ်ချုပ်သက်တမ်းတိုးခြင်းသည် ဥပဒေနှင့် မညီညွတ်သည်ကို တင်ပြရန် အဆင်သင့်ရှိကြောင်းနှင့် နအဖ အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေအရ အယူခံခွင့်လည်း ပေးရမည် ဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။
“အခုဟာ က လုံးဝလုံးဝကို ဥပဒေနဲ့ မညီတဲ့ အတွက် အယူခံကို တင်ပါ့မယ်၊ ကျနော်တို့ အယူခံမှာ ပွင့်ပွင့်လင်းလင်း ဥပဒေနဲ့အညီ ကမ္ဘာသိအောင်လျှောက်လှဲ တင်ပြချင်ပါတယ်၊ ဒီလို ဥပဒေနဲ့ မညီတဲ့အမိန့်ကို ထုတ်ခဲ့တဲ့ နအဖ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အရ အယူခံခွင့်ကို ပေးပါလို့ပြောလိုပါတယ်”ဟု ဦးဥာဏ်ဝင်းက ပြောဆိုသည်။
နအဖ စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ဖြင့် ထားရှိခြင်းမှာ ဥပဒေနှင့် ညီညွတ်သည် ဆိုပါက အထောက်အထားနှင့်တကွ တင်ပြရန်လည်း ဦးဥာဏ်ဝင်းက တောင်းဆိုလိုက်သည်။
တချိန်တည်းတွင် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံ့ ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ နေအိမ်အကျယ်ချုပ်တိုးလိုက်ခြင်းကို အလွန်ဝမ်းနည်းကြောင်းနှင့် စစ်အစိုးရ အနေနှင့် ကိုယ့်ဥပဒေ ကိုယ်ပြန်ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုကြသည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက“ဒေါ်အောင်ဆန်းစုကြည်ကို ၆ နှစ် ဆက်တိုက် နေအိမ်အကျယ်ချုပ်ချတဲ့ မြန်မာစစ်အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ကျနော် ဝမ်းနည်းမိပါတယ်”ဟု ပြောဆိုသည်။
မစ္စတာ ဘန်ကီမွန်းသည် လေဘေးဒုက္ခသည်များ ကူညီရေးအတွက် မြန်မာနိုင်ငံသို့ သွားရောက်၍ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံကာ ပြန်လာပြီးနောက် အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
အမေရိကန် သမ္မတ ဂျော့ဘုရှ် ကလည်း“အခုလို နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက နေအိမ် အကျယ်ချုပ်သက်တမ်း တိုးလိုက်တာ ကျနော် အလွန်စိတ်မကောင်းဖြစ်မိပါတယ်”ဟု ပြောဆိုလိုက်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံးကိုပြန်လွှတ်ပေးရန်နှင့် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် တခြားသော ဒီမိုကရေ စီအင်အားစုများ ၊ တိုင်းရင်းသား အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို တိုက်တွန်း တောင်းဆိုသည်။
အမေရိကန် လူ့အခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်သော (Freedom Now) အဖွဲ့ အကြီးအကဲ ဥပဒေပညာရှင် ရှေ့နေ ဂျာရက်ဒ် ဂန်ဆာက“ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အကျယ်ချုပ် သက်တမ်းတိုးလိုက်တာကို အံသြစရာ မရှိပါဘူး၊ ဒါဟာ စစ်အစိုးရ က ကိုယ့်ဥပဒေ ကိုယ်ပြန်ချိုးဖောက်တာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
စစ်အစိုးရသည် ယခုကဲ့သို့ မြန်မာလူထု သန်းပေါင်း များစွာ အခက်အခဲ ဒုက္ခ ဖြစ်နေချိန်တွင် အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲကို ၂ ကြိမ် ပြုလုပ်ကာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ် အကျယ်ချုပ် သက်တမ်း တိုးလိုက်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးအရကယ်ဆယ်ရေးလုပ် နေခြင်းဖြစ်သည်ဟု လည်း ရှေ့နေ ဂျာရက်ဒ် ဂန်ဆာက ဆက်ပြောသည်။
ယင်းသို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ယမန်နေ့ နေ့လယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့က ဦးဆောင်ပြီး အန်အယ်လ်ဒီ ရုံးချုပ်ရှေ့မှ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့အထိ ဦးတည်၍ လူ ၅၀ ခန့် လမ်းလျှောက်ချီတက် ဆန္ဒပြကြရာ အာဏာပိုင်များ က ဖြိုခွဲ ဖမ်းဆီးခဲ့သည်။
စစ်အစိုးရက သတ်မှတ်ထားသည့် ထိန်းသိမ်း ချုပ်နှောင်ကာလသည် မေလ ၂၄ ရက်နေ့တွင် ၅ နှစ် တိတိ ပြည့် မြောက်ခဲ့ပြီ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းပြန်လွှတ်ရန် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က မေလ ၂၄ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။
ပြီးခဲ့သည့် သောကြာနေ့ကလည်း Freedom Now အဖွဲ့မှ ဥပဒေပညာရှင် ရှေ့နေ ဂျာရက်ဒ် ဂန်ဆာနှင့် မဂ္ဂန် ဘာရွန် တို့က မြန်မာနိုင်ငံ ဥပဒေကြောင်းအရ မေလ ၂၄ ရက်နေ့ ည သန်းခေါင်ယံတွင် ချုပ်နှောင်ကာလ ပြီးဆုံး ပြီဖြစ်သော ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးရန် ကြေညာချက်တစောင် ထုတ်ပြန်၍ စစ်အစိုးရသို့ တောင်းဆိုခဲ့သည်။
ယခု ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးအရေးယူထားသည့် ဥပဒေ ပုဒ်မ ၁၀ (ခ) အရ ဆက်လက်ဖမ်းဆီး ချုပ်နှောင်ရန် ဖြစ်စေ၊ ဆက်လက်တားဆီးမှုများ ပြုလုပ်ရန်ဖြစ်စေ တကြိမ်တွင် တနှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ် အထိသာ အရေး ယူနိုင်ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ် ဘဝဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ကျော်ပြီဖြစ်သည်။

Thursday, June 19, 2008

စာအုပ်စင်

to download
ဗဟိန်း သို့မဟုတ် ညီညွတ်ရေးဗိသုကာ
အာဏာရှင်ဖြစ်စေ၊ ရီပတ်ဗလစ်ကင် ဖြစ်ပါစေ၊ အစိုးရမှန်သမျှသည် သူ့အား မိမိတို့နယ်မြေများမှ နှင်ထုတ်ခဲ့ကြသည်။ သမားရိုးကျဖြစ်စေ၊ အလွန်အကျွံ ဒီမိုကရက်ဖြစ်စေ ဓနရှင်မှန်သမျှသည် သူ့အားအပြိုင်အဆိုင် ပုတ်ခတ်ခဲ့ကြသည်။ ......သူ့တွင် ဆန့်ကျင်ဘက်များအမြောက်အများရှိကောင်းရှိမည် ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေးရန်သူဟူ၍ တဦးတလေမျှပင်ရှိနိုင်ခဲကြောင်း ရဲဝံ့စွာပြော လိုက်ရပေသည်။ဖရစ်ဒရစ်အိန်ဂယ်(ကားလ်မာ့က်စ်၏ဘ၀နှင့် ပတ်သက်၍ပြောကြားချက်)

(၁) လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော် ...။စစ်တပ်မှ ဒုတိယအကြိမ် အပြီးအပိုင် အာဏာမသိမ်းမီကာလ၊နွေရာသီရဲ့ ပူရှိန်ပြင်းပြင်း ... ကျောင်းဖွင့်ချိန် ... ဇွန်လဆန်း။... ... ... ... ...မန္တလေးတက္ကသိုလ်ပုရ၀ဏ်တွင် အဆောက်အအုံတွေက ဤမျှလောက်နီးနီးကပ်ကပ် ပူးပူးကျပ်ကျပ် မရှိသေး -ပူပင်ပူအိုက်ငြားသော်လည်း တမာတန်းနှင့်စိန်ပန်းပင် အုပ်အုပ်တွေကြားက တချက်တချက်ဖြတ်သန်းလာသော သန့်သန့်ရှင်းရှင်းလေကို ရှူရှိုက် လိုက်ကြရလျှင် ငြီးစီစီဖြစ်နေသည့် ကျောင်းသူ ကျောင်းသားများလန်းလန်းဆန်းဆန်းဖြစ်သွားကြ၏။ကျောင်းဆင်းကျောင်းတက်သွားကြ ပြန်ကြ၊ ဆိုင်များတွင် စားကြ၊ သောက်ကြ၊ သစ်ပင်ရိပ်များတွင် နားကြ၊ ခိုကြ။ အရှေ့ရှမ်းရိုးမဆီငေးကြမောကြ။နယ်မှ ၁၆ နှစ် ၁၇ နှစ် ရွယ် ကျောင်းသား ၂ ယောက်သည် သင်တန်းတချိန်အပြီး မုန့်သွားစားလိုက်၊ ပင်မအဆောက်အအုံထဲဝင်လိုက်၊ စာသင်ခန်း တွေကိုလေ့လာကြည့်လိုက် ... နှင့် နောက်ဆုံးပြတိုက်ရှိရာ ရာဇတ်အဆောက်အအုံဘက်ရောက်သွားကြသည်။ အောက် - အထက် ... တက်ကြည့်ဖြစ်ကြသည်။ တနေရာတွင် ကျက်သရေရှိလှသော လူတယောက်၏ ပုံတူပန်းချီကားတချပ်ကို မြင်လိုက်ကြရ၏။ မျက်နှာထား ကြည်ကြည်လင်လင်နှင့် ပြေပြစ်ချောမောလှသော ထိုသူ၏ ပုံကိုကြည့်ရင်း - “ဘယ်သူလဲ ?” ဟု တယောက်က မေးသည်။ ကျန်တယောက်က ခေါင်းယမ်းပြ၏။အခန်းထောင့် စားပွဲတလုံးပေါ်မှာ မျက်နှာအပ်၍မှေးနေသော ကျောင်းသားကြီးတယောက် ထလာသည်။“ကိုယ်တို့ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းပုံလေ။ ဒီမန္တလေးက အင်တာ ( - ) အောင်သွားတယ်။ နောက် ရန်ကုန်တက္ကသိုလ်ဆက်တက်တယ်။ ဗကသ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို ခေါင်းဆောင်ခဲ့တဲ့ သခင်ဗဟိန်းဆိုတာ သူပဲ ... ပေါ့၊ သူ့ကို မန္တလေးကတင်မဟုတ်ဘူး၊ တပြည်လုံးက ချစ်ကြတယ်လေ...”ဖရက်ရှာကျောင်းသားနှစ်ယောက် ငေးနားထောင်ရင်းက ပန်းချီကားကြီးကို တခါထပ်ကြည့်လိုက်ကြပြန်သည်။ချစ်ခင်မှု၊ လေးစားမှုသည် သူတို့၏ မျက်နှာပေါ်တွင် အထင်းသားထင်ဟပ်လာခဲ့ကြချေပြီ။(၂)“တစ္ဆေကြီးတကောင်သည် ဥပရောပတိုက်တွင် လှည့်လည်သွားလာနေပေသည်။ ဤတစ္ဆေကြီးကား ကွန်မြူနစ်ဝါဒပင် ဖြစ်၏။ ပုပ်ရဟန်းမင်းကြီးနှင့် ဇာဘုရင်၊ မက်တာနစ်ခ်ျနှင့် ဂီဇော့၊ ပြင်သစ်ရယ်ဒီကယ်များနှင့် ဂျာမန်ပုလိပ် သူလျှိုများ ...ဟူသော ဟောင်းနွမ်းသည့် ဥရောပတိုက်ရှိ အင်အားစုအားလုံးသည် ဤတစ္ဆေကြီးအား မောင်းထုတ်ပစ်ရေးအတွက် သူတော်စဉ် မဟာမိတ်ကို ဖွဲ့စည်းလိုက်ကြလေပြီ။”- ကွန်မြူနစ်ကြေငြာစာတမ်း (၁၈၄၈) - ဤတစ္ဆေကြီးသည် အနှစ် ၇၀ မျှအကြာတွင် တကမ္ဘာလုံးသို့ ကိုယ်ထင်ပြလိုက်၏။ ဆိုဗီယက်နိုင်ငံတော်ကြီး ပေါ်ပေါက်ခဲ့၏။ သို့သော် ကိုလိုနီနိုင်ငံ တနိုင်ငံဖြစ်နေသော မြန်မာပြည်တွင်မူ အနှစ် ၉၀ ကြာမှ အရိပ်ထင်နိုင်ခဲ့ပေသည်။ ၁၉၃၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်၍ တည်ထောင်လိုက်နိုင်ခဲ့ကြသည်။
.........................................................................................................
“ရုပ်ဝါဒ ဆိုသည်မှာ စိတ်ဝါဒမဟုတ်၊ စိတ်ကူးစိတ်သန်း မဟုတ်၊ အကောင်အထည်က မာကျောကြမ်းတမ်းကြီး လက်တွေ့ကိုင်စမ်းမိသော ရုပ်ဝါဒ။ သည်လို ယေဘုယျ လူအများက မှတ်ထင်ကြပေမည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင် ဗဟိန်းအား ....ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့် ရုပ်ဝါဒနိုင်ငံရေးသမားဟာ မနီးစပ်ပါကလားဟု ထင်မှတ်ကြပေလိမ့်မည်။ သည်လို မှတ်ထင်လျှင် ဗဟိန်းကို နိုင်ငံရေးသမား အဖြစ် တွေ့မြင်၍ လူအဖြစ် မသိသေးသောကြောင့် ဖြစ်တန်ရာသည်။”ဤကား 'လူ' ကိုဗဟိန်း နှင့် ကွန်မြူနစ် ကိုဗဟိန်း အပေါ် ယှဉ်တွဲ ပေါင်းစပ်ကြည့်သောသူ တဦး၏ အမြင်ဖြစ်သည်။သခင်သန်းထွန်းတယောက် သပ်သပ်ရပ်ရပ်နေ၊ သေသေသပ်သပ် အလုပ် လုပ် တတ်သည်ကို တွေ့သိကြသော သူများက “ကွန်မြူနစ်တွေလည်း ဒီလိုနေ၊ ဒီလို လုပ်တတ်ပါလား” ဟု ပြောမိကြသည်။ “ကွန်မြူနစ်ဆိုတာ ဖြစ်သလို နေ၊ ဖြစ်သလို စားပြီး အလုပ် အင်မတန် လုပ်သူများ” ဟူ၍သာ သူတို့ သိထားကြသည်။ နယ်ချဲ့ အရင်းရှင်များ၊ ဖက်ဆစ်များနှင့် သူတို့၏ အလိုတော်ရိ လက်ဝေခံများက ပုံဖျက်ထားသော အာဘော်များနှင့်သာ လက်ပွန်းတတီး နေခဲ့ရသော ကိုလိုနီုင်ငံရှိ ပြည်သူများ-ဤသို့ ရောထွေး ထင်ကြ၊ပြောကြသည်မှာ သဘာဝတော့ ကျချေသည်။ အမှန်မှာမူ တော်လှန်ရေး ကိုယ်၌မူက အနုပညာ တရပ် ဖြစ်သည် .....ဟု ကွန်မြူနစ်များ ခံယူထားသည်ကို သူတို့ မသိကြ၍သာ ....။(၃)ကိုဗဟိန်းကို လူအဖြစ် တချို့ က ဤသို့ မြင်ကြသည်။ သမဂ္ဂ ပျော်ပွဲစားရုံတွင် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံ တို့ဖြင့် ဆူပွက်နေစဉ် သည်အထဲမှ ကျောင်းသားတဦးသည် ၀ိုင်းဖွဲ့ စကားပြောထဲတွင် မပါဘဲ စီးကရက်ကို တွင်တွင်ဖွာလျက် စားပွဲစွန်းရှိ ဓါတ်စက်ကို ဓါတ်ပြား တချပ်ပြီးတချပ်လဲကာ ဖွင့်လျက်ရှိသည်။သူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင်အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်း ကဲ့သို့ လန်းရွှင်သည်။ သူ၏ ချစ်ဖွယ်ကောင်းသော အပြုံးကလေးများသည် နီရဲနေသော ပါးပြင်နှင့် နှုတ်ခမ်းပေါ်တွင် ထာဝစဉ် နားလျက်ရှိသည်။ ကျက်သရေဖြင့် လျှမ်းသောအပြုံး၊ မေတ္တာ၏ အထိမ်းအမှတ် အပြုံး -( လူစိမ်း တဦးနှင့် မိတ်ဆက်ပေးလိုက်သော အခါ ) သူ၏ ကြာပွင့်ချပ်ကလေး ထဲမှ ၀တ်ဆံကို ဖွင့်လှပ်လိုက်သော ကဗျာဆန်သည့် အပြုံးဖြင့် တုံ့ပြန်ကာ -“ ကျနော်တော့ မေရှင်ကို အတော် ကြိုက်တယ်။ ခင်ဗျားကော ဘယ့်နှယ့်လဲ ....” ဟု မေးတတ်သည်။ နောက်တော့ ....“ချစ်၍ ခေါ်ရာ၊ ချစ်၍ ခေါ်သည်”....သီချင်းကို ဖွင့်၊ “သော်တာ ငွေမင်း” .... ကို ဖွင့်သည်။ (နောက်တော့ ဂီတနှင့် ပတ်သက်၍ သူ့ ခံယူချက် ကို ဤသို့ ပြောပြပါလိမ့်မည်။)“ တချို့ ကအင်္ဂလိပ် တီးလုံးသွားသီချင်းတွေကို မကြားနိုင်ကြဘူး၊ နားပိတ်ထားချင်သတဲ့ဗျ။ သာယာတဲ့တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ။ ဂီတဆိုတာ လူတမျိုးထဲ ကန့်သတ်ထားတာမဟုတ်ဘူး...”သူသည်သီချင်း ဓာတ်ပြားတွေကို တပြားပြီးတပြား ဖွင့်ရင်း ဤအဘိဓမ္မာကို ရင့်ကျူးဖော်ထုတ်နေတက်၏။“ ကျနော့်အဖို့တော့ သာယာလှပတဲ့ တေးဂီတဆိုရင် နိုင်ငံခြားဂျပန်ပဲဖြစ်ဖြစ်၊ က္ကုတာလျံပဲဖြစ်ဖြစ် နားထောင်တာပဲ။ တချို့ က အင်္ဂလိပ်သံဆိုရင် အသံသေးအသံကြောင် ဆိုပြီးနားမထောင်နိုင်ကြတာ အံ့သြစရာပဲ...”ဤသို့ပြောသံကြားသောအခါ သူငယ်ချင်းတစ်ယောက်လည်းဖြစ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကိုဗဟိန်းနှင့် အတူတွဲ၍ ခေါင်းဆောင်ပါဝင်ခဲ့သော ကိုဗဆွေ(နောင် ဖဆပလ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ)က...“ ဗဟိန်းကလည်း ဝတ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတ လိုက်စားချင်နဲ့တော့... မင်းတို့တွေစိတ်ကူးယဉ် သမားတွေကိုး...” ဟု မှတ်ချက်ချသည်။ဒီအခါ ကိုဗဟိန်းက ... “ လူဆိုတာ အလှအပကိုမက်တာပဲ၊ ကဗျာဂီတရဲ့ အလှအပကို မကြည်နူးပဲ မနေနိုင်ဘူး။ လူဆိုတာမင်းပြောတဲ့ စိတ်ကူး ယဉ်ပဲဆိုပါတော့ ကဗျာဂီတကို နားလည်မွေ့ လျော်လာတာ ယဉ်ကျေးလာတာကွ”... ဟု ရယ်ရင်းမောရင်း ပြောတတ်၏။ သူသည် အမှန်တကယ်လည်း ဂီတကို ချစ်မြတ်နိုးသူဖြစ်သည်။ အချိန်ရရင် ရသလို ဂီတကို ဖက်ပွေ့ တတ်သည်။ ဇမ္ဗူ့ ကျွန်းလုံးသီချင်းခံ့ကို ဂီတ၌ အတော်အတန် ဝါရင့်သူများသာရပေသည်။ ကိုဗဟိန်းသည် ဇမ္ဗူ့ ကျွန်းလုံးသီချင်းခံ့ကို အစအဆုံးပင် ဆိုနိုင်သည် မှာ အံ့သြဖွယ် ကောင်းပေသည်။ ပြည်လှဖေ၏ “ နတ်သျှင်နောင်”၊ ဒိုရာသန်းအေး၏ “ လှေကလေး” ကိုလည်း အတော်သဘောကျသည်။ (ချစ်ဒုက္ခ ဦးဘညွှန့် နှင့် ခင်မင်သော ကိုဗဟိန်းသည် “ ဆုထူးရွယ်” သီချင်းကို ဓါတ်ပြား မထွက်မီက ရနှင့်နေသည်။)တခါတရံ မေရှင်၏ “ ကျောင်းပိတ်ရက်” သီချင်းကို ဆိုလေ့ရှိ၏။ကဗျာကိုတွေ့လျှင် လူတွေချစ်သလို၊ ကိုဗဟိန်းကိုလည်း တွေ့လျှင် မချစ်ဘဲ မနေနိုင်။ သူ၏အပြုံးသည် အင်မတန် ချစ်ဖွယ်ကောင်းသည်။ အပြုံးမှာ ကဗျာလေးတပုဒ်နှင့် တူနေ၏။ အင်္ဂလိပ်စာ ပါမောက္ခ ရုတ်စ် ကပင် ကိုဗဟိန်းအား “ နှစ်လိုဖွယ် ကောင်းသော သူငယ်ပဲ” ဟုပြောကြောင်း မှတ်တမ်းတခုရှိဖူး၏။အကယ်၍ ကိုဗဟိန်းသည် နိုင်ငံရေးသမား မဖြစ်လျှင် ဧကန်စာရေးဆရာ တယောက်ဖြစ်မည်။... ဟု ထင်ကြသည်။သူသည် စာပေကိုလည်း အင်မတန်ဝါသနာပါသည်။ ကားလ်မာ့က်စ်၏ ကွန်မြူနစ် စာပေ ပရယတ္တိကိုသာမဟုတ်၊ အနုစာပေ စသည်ကိုလည်း ဖတ် သူဖြစ်၏။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။(ဂေါ်ကီ၏ ဝတ္ထုတိုတပုဒ်ကို “ လေလွင့်သူ” အမည်နှင့် ဗမာလိုဆီလျော်အောင် ဘာသာပြန်၍ လက်ရွေးစဉ်မဂ္ဂဇင်းတွင် ထည့်ဖူးသည်။ ပစ္စည်းမဲ့အ ချင်းချင်း ဆင်းရဲသော ဘဝအကွေ့ ၌ တွေ့ကာရင်းနှီးခင်မင်ပုံ သဘာဝကို ပြထားသော ငတ်မွတ်ခြင်းဘွဲ့ တပုဒ်ဖြစ်ပေသည်။)ဒဂုဏ်မဂ္ဂဇင်းတွင်ပါသော သူ၏ “ ဘဝခရီး” အမည်ရှိဝတ္ထုတိုကား ဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှသည်။ ကုလားဗမာအထိကရုဏ်းကို နောက်ခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာ သူငယ်ချင်းနှစ်ယောက်၏ မေတ္တာငတ်မွတ်ခြင်းအကြောင်းကို ပေါင်းစပ်ကာ ရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာထည့်သွင်းထားသေးသည်။ ထွန်အေး စာအုပ်ဖြန်ချိရေးဌာနမှ ထုတ်ဝေသော “ ဓနရှင်လောက” ကား ဗမာစာနယ်ဇင်းလောကတွင် ထင်ရှားသည်။ “ ဓနရှင်လောက” သည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစေ့ဖြစ်သည်။ ရှင်းလင်းပြတ်သား၍ လှသည်။ ဤစာအုပ်တွင် ကိုဗဟိန်းသည် အရေးအသား၌ နိုင်နင်း ကျွမ်းကျင်ကြောင်း ဖော်ကြွားထားပေသည်။ သူသည် စာရေးကောင်းသူတယောက် ဖြစ်သည်။အင်္ဂလိပ်ပြေးခါနီး သူထောင်မကျခင် ချားလ်စ်ဒစ်ကင်း ၏ နာမည်ကျော် “ မျှော်တလင့်လင့်” ဝတ္ထုကြီးကို “လူ့အလို” အမည်ဖြင့်ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့် ကြုံသဖြင့် စာမျက်နှာ (၆၀) ကျော်သာရိုက်နှိပ် ပြီးစီးရသေးသည်။ အကယ်၍ သည်ဝတ္ထုသာ ထွက်လာလျှင် ဗမာစာပေလောကတွင် ကျော် စောထင်ရှားဦးမည့် ဝတ္ထုကောင်းတပုဒ် ဖြစ်ပေမည်။ သူသည်နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေလေရာ တဖောင်ရိုက်နေစဉ် နောက်တဖောင် ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ် ဖြန်ချီရေးဌာန အလုပ်ခန်းတွင် ထိုင်ကာ ရေးပေးသောဝတ္ထု ဖြစ်သည်။သူ့မှာဝတ္ထုစာရေးဆရာကြီးတယောက် ဖြစ်နိုင်သော လက္ခဏာအများကြီးရှိသည်ဟု စာရေးဆရာ အချင်းချင်း အကဲဖြတ်ထားသည်။ သို့သော် မြန်မာ ပြည်ကို လွတ်လပ်ချင်သောစိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘဝ ကတည်းကပင် ထောင်ကျ ဆင်းရဲအနစ်နာခံကာ နိုင်ငံရေးသမား ဖြစ်လာရခြင်း ဖြစ်ပေသည်။ကိုဗဟိန်းသည် လူအဖြစ်ကုံလုံပြည့်စုံသူ တစ်ယောက်ဖြစ်သည်။ကိုဗဟိန်းကို သူ့မိဘများက ကြေးမုံသဖွယ် အရိပ်ရိပ်တကြည့်ကြည့် နေအောင်ချစ်၏။ သူရန်ကုန်တက္ကသိုလ်သို့ လာနေသောအခါ မိဘများက သူ၏ သေတ္တာကို ချိပ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကျပ်နေအောင် သိပ်ပေးခဲ့၏။ (သားအပေါ်မည်မျှချစ်သည် ဆိုရသော်၊ ထိုအချိန်က သားဖြစ်သူအပေါ် စိတ်ဆိုးနေချိန် ဖြစ်သော်လည်း) ဖခင်ဖြစ်သူဦးမှင်က ရှမ်းပြည်တက်မည့် သူ့သားအတွက် အချမ်းလုံအောင်ဆိုပြီး ရှူးဖိနပ်ကို ကိုယ်တိုင်ဆေးသုတ်ပေးရှာ၏။ (သခင်အောင်ဆန်း သူ့အိမ်သို့ရောက်စဉ်က) “ သူ့ကိုကျုပ်တို့က ဘယ်လောက် တကြည့်ကြည့်နဲ့ ချစ်ခဲ့ရပေမယ့် သူကမိဘကို နိုင်ငံရေးလောက် ချစ်တာမဟုတ်ဖူး”... ဟုဖွင့်ပြောသည်။ တခါသခင်အောင်ဆန်း ပြန်သွားသောအချိန်၌ “ ကိုအောင်ဆန်းနဲ့ ဗဟိန်းဟာအတူတူဘဲ၊ သူတို့ဟာ နိုင်ငံရေးကို မိဘထက် အပုံကြီးချစ်တယ်” ... ဟု ပြောပြန်လေသည်။ မိခင်နှင့် အမများကလည်း သူ့ကို “ ကိုဟိန်း... ကိုဟိန်း” နှင့် ပါးစပ်ဖျားက မချ။မိဘများက သူ့ကို ဘယ်လောက်ပင် ချစ်ချစ် သူသည်နိုင်ငံရေး အတွက် အတွယ်အတာများကို စွန့်ပယ်ကာ မိဘ၏ အေးချမ်းရိပ်ငြိမ်သော အရပ်တွင် မနေဘဲ၊ ကြမ်းတမ်းခက်ထရော်၍ မာကျောလှသော အကျဉ်းထောင် နံရံ လေးဘက်အတွင်း၌သာ ဆင်းရဲခြင်းဒုက္ခကို တွေ့ကြုံရလေသည်။၁၃၀၀ ပြည့်အရေးတော်ပုံ၁၉၃၈ - အထွေထွေသပိတ်အရေးတော်ပုံ၏ အမှတ်အသားသခင်ဗဟိန်း၊ ဒေါက်တာလှရွှေတို့ဗမာအစည်းအရုံးသည် နယ်ချဲ့ ဆန်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ ဒီရေမြင့်ကြီးတွင် ရဲရဲရင့်ရင့် ခေါင်းဆောင်ကာ ပြတ်ပြတ်သား သား ဆင်နွှဲခဲ့သည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ သို့သော်လည်း အစပိုင်းတွင် တော်လှန်သည့် လမ်းညွှန်သဘောတရား ကင်းမဲ့ခဲ့ရုံမက၊ တော်လှန်သည့် သဘောတရား ဖြင့်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းလည်း မဟုတ်လေရာ ထိုအချိန်က ဆင်နွှဲခဲ့ကြသည့် တိုက်ပွဲများသည် နောက်ဆုံးအောင်ပွဲ မရရှိကြဘဲ ဖြစ်နေကြသည်။ဤအရင်းခံ အကြောင်းသည် ၁၃၀၀ ပြည့် အရေးတော်ပုံတွင်လည်း ထင်ဟပ်နေခဲ့၏။ထိုစဉ်က ဖြစ်နေသည်မှာ အခြားကိုလိုနီနိုင်ငံများ ခံစားနေရသည့် နည်းတူ ဖြစ်သည်။ ဗြိတိသျှနယ်ချဲ့ ကုမ္ပဏီများက အကျိုးအမြတ် မှန်သမျှ သိမ်းကြုံးယူ၊ ဌာနေ အလုပ်သမားများက ငတ်တလှည့် ပြတ်တလှည့် မဝရေစာ စားနေရသောကာလ၊ ထိုကာလသည် အချိန်အားဖြင့်လည်း ကြာညောင်းခဲ့လေပြီ။ဤဘဝမှလွတ်မြောက်ရေးအတွက် အလုပ်သမားများက ၁၉၃၈ခု၊ ဇန်နဝါရီလ(၈) ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်) တွင် “ ရေနံမြေသပိတ်” ကြီးဖြင့် အုံကြွ ဆန္ဒပြကြသည်။ တပြည်လုံးမှ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူ များက တခဲနက် ထောက်ခံခဲ့ကြသည်။ စိတ်ဓာတ်အရ၊ နိုင်ငံရေးအရ၊ ရုပ်ဝတ္ထု ပစ္စည်းအရ အဖက်ဖက်မှ အားပေးခဲ့ကြသည်။နိုဝင်ဘာ (၃၀) ရက်နေ့တွင် ချောက်ရေနံမြေမှ စတင်၍ အလုပ်သမား ၂၀၀၀ ခန့်က ရန်ကုန်မြို့ အထိ ဆန္ဒပြ ချီတက်လာရာ ရေနံချောင်း၊ ညောင်ခြေ ထောက်၊ နောက် မကွေးသို့ ဆဌမနေ့တွင် ရောက်ကြသည်။ မကွေးတွင် သပိတ်ခေါင်းဆောင်များကို နယ်ချဲ့ အလိုတော်ရိအစိုးရက ဖမ်းဆီးလိုက်ကြ၏။ မျက်နှာဖြူ အရေးပိုင်ကလည်း မကွေးမြို့ အတွင်း ပုဒ်မ (၁၄၄) ကို ထုတ်ပြန်လိုက်ပြန်သည်။ ဤလိုနှင့် မကွေးတွင် ရက် ၂၀ လောက်သောင်တင်နေကြ၏။ တဖက်တွင် ခြိမ်း ခြောက် တဖက်က ချော့မြူခြင်းလည်း ခံနေရ၏။ နောက်ဆုံးတွင် ရိက္ခာပြဿနာ တက်လာခဲ့၏။ ထို့ကြောင့် တဝက်လောက်က ရေနံမြေသို့ ပြန်ကြရ၏။ ခေါင်းဆောင်များ လွှတ်ပေးရေးအတွက် ကျန်အလုပ်သမားများက အစာငတ်ခံဆန္ဒပြကြသည်။သို့သော် အစာငတ်ခံခြင်းထက် ပုဒ်မ (၁၄၄) ကိုတွန်းလှန်ကာ အာဏာဖီဆန်ခြင်းက ပိုထိရောက်မည်ဟု တို့ဗမာအစည်းအရုံးက ယူဆ၏။ ဒီဇင်ဘာ (၁၁) ရက် ညပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေနှင့် အခြား ကျောင်းသားခေါင်း ဆောင် နှစ်ဦး ရောက်လာကာ ရေနံသပိတ်တပ်ကြီးအား ပုဒ်မ (၁၄၄) ဖီဆန်၍ တရားဟောပြော ကြလေသည်။ ကိုဗဟိန်း၏ ကျော်ကြားလှသော “ မြင်းခွာတချက် ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည်” မိန့်ခွန်းသည် ဤနေရာတွင် ပြောကြားခြင်း ဖြစ်သည်။ အသက်သေသော အရိုးကြေကြေ ရည်မှန်းချက်ပန်းတိုင်အ ရောက် မမှိတ်မသုန် ချီတက်ကြရန်လည်း လှုံ့ဆော်ခဲ့အပြီး ကျောင်းသားခေါင်းဆောင် (၄) ဦးစလုံး အဖမ်းခံလိုက်ရ၏။ သို့သော် လမ်းညွှန်ချက် ရလိုက်ပြီဖြစ်သော အလုပ်သမားတပ်ကြီးက နောက်တရက် နံနက် (၆) နာရီတွင် နံပါတ်တုတ်ကိုင် ပုလိပ်တပ်၊ လှံစွပ်တပ်၊ သေနတ်ကိုင်တပ်၊ မြင်းစီးတပ်များ အတွင်းသို့ ထိုးဝင်ဖြိုခွဲ၍ ချီတက်ကြတော့သည်။မြို့ သူမြို့ သားများက ဝိုင်းဝန်းအားပေးကြသည်။ ကျဆုံးသူ၊ ဒဏ်ရာရသူ၊ ဆွဲချုပ် အဖမ်းခံလိုက်ရသူ အများအပြား ရှိသော်လည်း နောက်မတွန့် ကြတော့ပေ။ ရိုက်နှက်သော နံပါတ်တုတ်ကိုင် ပုလိပ်များ၊ မြို့သူမြို့သားများနှင့် အလုပ်သမားများ အရောရော အနှောနှော ဖြစ်ကုန်၍ လှံစွပ်သေနတ်များ သုံးမရ ဖြစ်ကုန်တော့သည်။ မြင်းစီးပုလိပ်များက ဝင်၍ ရိုက်ပြန်သည့် အဆုံး မခံမရပ်နိုင် ဖြစ်နေသော မြို့သူမြို့သားများက ငြာသံပေးကာ ရရာလက်နက်နှင့် ဝင်ပြီး ခုခံကြသောကြောင့် တပ်လန်ကုန် ကြပြန်သည်။ ထိုသို့ ဖြစ်နေစဉ် ချိတ်ဆက်လုပ်ထားသည့် အတိုင်း ကိုဗဟိန်းက ထောင်အမိုးပေါ်တက်၍ ထောင်သားများအား လှုံ့ဆော်တရားဟောပြန်တော့ရာ ထောင်တွင်းတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ ထောင်ထပြီအထင်နှင့် ပုလိပ်များ ထောင်ဘက်သို့ အကူအညီ ပေးရန် ပြေးကြစဉ် သပိတ်တပ်ကြီးက မကွေးမြို့ အပြင်သို့ အရောက်ဖောက်၍ အောင်မြင်စွာ ထွက်နိုင်ခဲ့ကြသည်။ ကျန်လမ်းခရီးကား ချောမောပြေပြစ်၍ သွားတော့သည်။ လမ်းခရီးမှ လယ်သမားများလည်း ပူးပေါင်း ချီတက်လာကြရာ လယ်သမားနှစ်သောင်းကျော်အထိ ပါဝင်ခဲ့သည်။ အလုပ်သမား အရေးအခင်းသက်သက်တိုက်ပွဲသဏ္ဌာန် မဟုတ်တော့ဘဲ အမျိုးသားရေး လက္ခဏာ ဆောင်နေချေပြီ။ တပြည်လုံးရှိ ကျောင်းသားများ ပိုမိုဆူပွက် လာကြသည်။ ရန်ကုန်ရှိအတွင်းဝန်ရုံးကို ကျောင်းသားများ ဝိုင်းဝန်းဆန္ဒပြရာ ဗြိတိသျှတို့၏ မြင်းစီးပုလိပ် များလက်ချက်ဖြင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရ၏။ ကျောင်းသားကျောင်းသူ (၂၀၀) ဒဏ်ရာရကြ၏။မန္တလေးတွင် ၁၃၀၀ ပြည့် အရေးတော်ပုံနှစ်ပတ်လည် အဖြစ် ၁၉၃၉ခု၊ ဖေဖော်ဝါရီ (၁၀)ရက်နေ့၌ ရဟန်းရှင်လူ (၂) သိန်းကျော် ဆန္ဒပြကြ၏။ ထိုဆန္ဒပြပွဲကို အုပ်စိုးသူများ ပစ်ခတ်ဖြိုခွဲ၍ ရဟန်းတော် (၇) ပါး၊ (၁၂) နှစ်အရွယ် ကျောင်းသားလေး အပါအဝင် ပြည်သူ (၁၇) ဦး ကျဆုံးခဲ့ပြန်သည်။အကျိုးဆက်အားဖြင့် ဒေါက်တာဗမော် အမှူးပြုသော ညွှန့်ပေါင်း အစိုးရ ပြုတ်ကျသွား၏။ ဦးပု အစိုးရ တက်လာသည်။ သို့သော် အလုပ်သမား၊ လယ် သမားနှင့် ပြည်သူ အသိန်းအသန်း၏ ဘဝကား ထူးခြား မလာခဲ့ပေ။ တို့ဗမာအစည်းအရုံး သည်လည်း ကွဲသွားခဲ့၏။ တိုးတက်သော ဆရာကြီး သခင်ကိုယ်တော် မှိုင်းဂိုဏ်းနှင့် သခင်ထွန်းအုပ်-သခင်ဗစိန်ဂိုဏ်း ဟူ၍ ကွဲ၏။အခြား အောင်ပွဲမခံလိုက်ရသော ကိစ္စများနည်းတူ ၁၃၀၀ ပြည့်အရေးတော်ပုံ အောင်ပွဲမရခြင်းက - နောက်ဆုံး အောင်ပွဲခံရန် မှန်ကန်သော ပါတီတရပ်၏ ခေါင်းဆောင်မှု လိုအပ်သည်ဟူသော အမြင်ကို ရှေ့တန်းရောက် နယ်ချဲ့ ဆန့်ကျင်ရေးသမားများအား ပေးအပ်လိုက်၏။ ရှေးမဆွကပင် နယ်ချဲ့ ထမ်းပိုးအောက်မှ ရုန်းထွက် နိုင်ရန်အတွက် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်များ အနေနှင့် ကြိုးပမ်းခဲ့ကြပါ၏။ အနုနည်း အကြမ်းနည်း၊ နည်းမျိုးစုံဖြင့် လွတ်လမ်းကို ရှာဖွေ ကြ၏။ စူးစမ်းကြ၏။ နောက်ဆုံးတွင် တော်လှန်သော ပညာတက်လူငယ်များက တော်လှန်ရေး သဘောတရားများကို အငမ်းမရ ရှာဖွေကြရာမှ သူတို့သည် မာ့က်စ် ဝါဒ၊ လီနင်ဝါဒကို ရှာဖွေ တွေ့ရှိသွားကြခြင်း ဖြစ်သည်။မာ့က်စ်၊ လီနင်ဝါဒ ကို ၁၉၃၇ ခုနှစ်၊ တို့ဗမာအစည်းအရုံး မြင်းခြံညီလာခံတွင် ဥက္ကဋ္ဌသခင်လေးမောင်က ထည့်သွင်းဟောကြားခဲ့၏။ ၁၉၃၉ ခုနှစ်၊ မော်လမြိုင် ညီလာခံတွင် “ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် ဆိုရှယ်လစ် ဘုံနိုင်ငံ ထူထောင်ရေးလမ်းစဉ်” ကိုပင် ချမှတ်နိုင်ခဲ့သည်။ဤသို့ချမှတ်နိုင်လောက်အောင်ပင် ထိုစဉ်က တပြည်လုံးတွင် လက်ဝဲစာပေ လေ့လာရေးများ အပျံ့အနှံ့ ပေါ်ပေါက်နေ၏။ ရန်ကုန်တွင် နဂါးနီစာအုပ် တိုက်၊ နယ်များတွင် ရောင်နီစာဖတ်အသင်း၊ လက်ဝဲစာဖတ်အသင်း ... စသည်ဖြင့် အနှံ့အပြား ဖြစ်နေ၏။ မာ့က်စ်ဝါဒ လေ့လာရေးအဖွဲ့များ ... ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ မြစ်ဝကျွန်းပေါ်၊ ထားဝယ်၊ မြိတ်နှင့် အခြားခရိုင်များတွင် ဖွဲ့စည်းပြီး ဖြစ်နေကြလေပြီ။ ဤသို့ဖြင့် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ သည် ဗမာပြည်နိုင်ငံရေး သမိုင်းသစ်ကို ဖန်တီးလိုက်လေရာ ၁၉၃၉ ခုနှစ်တွင် ဤလေ့လာရေး အစုများကို စုစည်း၍ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်ပေသည်။ ပါတီစတင် တည်ထောင်သူများတွင် ကိုဗဟိန်းသည် ကျောင်းသားစည်းရုံးရေး အတွက် တာဝန်ယူပြီး ပါတီ၏ အထွေထွေ အတွင်းရေး မှူးမှာ သခင်အောင်ဆန်း ဖြစ်သည်။ သခင်အောင်ဆန်းကား ဗမာပြည်ကွန်မြူနစ်ပါတီကို တည်ထောင်သူ တစ်ဦးလည်းဖြစ်၊ ပါတီ၏ ပထမဆုံးသော အထွေထွေ အတွင်းရေးမှူး တာဝန် ကိုယူခဲ့ ရသူလည်း ဖြစ်သည်။ ၄င်းအပြင် သူ့ကို မြန်မာနိုင်ငံတွင် ပထမဆုံး လက်နက်ကိုင်ခေတ်မီ အမျိုးသားတပ်မတော်ကို ထူထောင်သူ တစ်ဦးအဖြစ်လည်း အသိအမှတ် ပြုဖို့လည်း လိုပေသည်။ ကိုဗဟိန်းသည် ၁၉၃၈ ခုနှစ်၊ သူ ကျောင်းသားဥက္ကဋ္ဌ ဖြစ်စဉ်ကပင် ဗကသ ကြွေးကြော်သံ “ မျိုးညွှန့်မဂ္ဂဇင်း” အယ်ဒီတာချုပ် လုပ်၍ ကျောင်း သားများကို နိုင်ငံရေး ပညာပေး ခဲ့သူဖြစ်၏။ ယခုပါတီ၏ ကျောင်းသားစည်းရုံးရေး တာဝန်ခံ ဖြစ်လာသောအခါ တဆင့်တိုး၍ လုပ်ခဲ့၏။ ဗကသညီလာခံ တက် ရန်ရောက်ရှိလာသော အနယ်နယ် အရပ်ရပ်မှ ကျောင်းသားများကို မာ့က်စ်ဝါဒ သင်တန်းများပေးခဲ့၏။ ပါတီခေါင်းဆောင်များ ဖြစ်ကြသော ကိုဗဟိန်းနှင့် ရဲဘော် ဂိုရှယ်တို့က “ ဓနရှင်ခရီးစဉ်သဘောတရား” နှင့် “ မာ့က်စ်ဘောဂဗေဒ” ... တို့ကိုပို့ချခဲ့၏။ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလဗမာပြည်တွင် ကွန်မြူနစ်ပါတီတရပ် ထူထောင်လိုက်နိုင်ခြင်းသည် နယ်ချဲ့လက်အောက်မှ လွတ်မြောက်လိုသော ပြည်သူများ အခွင့်အခါ ကောင်းယူ နိုင်ရန် လက်မတင် အချိန်မီရုံလေး ဖြစ်နေသည်။ ထိုအချိန်တွင် ဒုတိယကမ္ဘာစစ်၏ ရှေ့ပြေးခြေလှမ်းများ အဖြစ် နာဇီ ဂျာမဏီက ဥရောပတွင် မွှေနေပြီ ဖြစ်သည်။“ အင်္ဂလိပ်အခက်-ဗမာ့အချက်” ကာလကား ရောက်ခဲ့ချေပြီ။ သို့သော် မည်သည့်အချက် ယူရမည်နည်း ဟူသောနေရာ၌ မတူဘဲ ဖြစ်လာကြသည်။ မြန်မာပြည်ရှိ နိုင်ငံရေးသမားများကြားတွင် လမ်းစဉ်-၃-ခု ခွဲထွက်လာသည်။ ပထမလမ်းစဉ်ကို ကိုယ်စားပြုသူအစုက ဗမာပြည် လွတ်လပ်ရေးရဖို့ မည်သူနှင့် မဆို ပေါင်းမည်ဟု ပြောကြ၏။ (နောက်တော့ ဂျပန်နှင့် ပေါင်းဖြစ်သွားကြသည်။) ဒုတိယ လမ်းစဉ်သမားများက လွတ်လပ်ရေးရဖို့ မည်သူ့မှ မယုံစားရ။ ဂျပန်ရော၊အင်္ဂလိပ် ပါ စစ်မျက်နှာ နှစ်ဖက်ဖွင့်ရမည် ... ဆို၏။ တတိယအုပ်စုကမူ ဆိုဗီယက် ပြည်ထောင်စုကို ဂျာမန်ဖက်ဆစ်များ ဝင်ရောက် တိုက်ခိုက်သည့် အချိန်မှစ၍ ကမ္ဘာ စစ်ရဲ့လက္ခဏာ ပြောင်းသွားပြီး၊ အင်္ဂလိပ် နယ်ချဲ့သမားကို ဖက်ဆစ်တိုက်ဖျက်ရေးအတွက် မဟာမိတ်အဖြစ် ထားနိုင်သည် ... ဟု ယူဆကြ၏။ ထိုအစုတွင် သခင် စိုး၊ သခင်သန်းထွန်း၊ သခင်ဗိုလ်၊ သခင်ကျော်စိန်နှင့် သခင်တင်မောင်ကြီး တို့ပါဝင်၏။ ကိုဗဟိန်းသည် ဒုတိယလမ်းစဉ်သမား ဖြစ်၏။ သူတို့က ... “ ဆိုဗီယက်ယူနီယံ လုပ်တာမှန်တယ်။ ဒါပေမယ့် ဗမာပြည်မှာကျတော့ အင်္ဂလိပ်တို့က ကျုပ်တို့ကို မဟာမိတ်ပြုခွင့် မပေးဘူး။ လွတ်လပ်ရေးပေးရင် ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ပြောတာ လက်မခံဘူး။ သခင်တွေကို သိမ်းကြုံးဖမ်းပြီး ထောင် ချထားတယ်။ ဒါကြောင့် သူတို့ကို မထောက်ခံရုံမက ပြည်တွင်းစစ် လုပ်ရမယ်။ စစ်မျက်နှာ နှစ်ဖက်ဖွင့်ကြစို့ ...” ဟူ၍ တင်ပြကြသည်။ သို့သော် စစ်မျက်နှာ နှစ် ဖက်ဖွင့်ရန် မိမိတို့တွင် လုံလောက်သော အင်အားမရှိသည်ကို သူတို့ သတိမထားကြ ... သူတို့ ပြောကြသည့် အချက်အချို့ မှာ မှန်ပါ၏။ ထိုအချိန်က သခင်တော် တော်များများသည် ထောင်ချခံနေရ၏။ ကိုဗဟိန်းဆို စစ်မဖြစ်ခင်က မကွေးထောင်၊ အင်းစိန်ထောင် တို့တွင် နေခဲ့ရ၏။ ဖက်ဆစ်ဂျပန်ပါ စစ်ထဲဝင်လာ၍ အင်္ဂလိပ် အစိုးရမင်းများ ပြေးခါနီးတွင် အဖမ်းခံရပြန်ကာ ထောင်အမျိုးမျိုးပြောင်းပြီး ဒုက္ခခံနေရသူ ဖြစ်၏။ဂျပန်များ မြန်မာပြည် အတွင်းဝင်လာ၍ မကြာမီ ပထမလမ်းစဉ်သမားများ ကျောချမှ ဓားပြမှန်း သိကုန်ကြ၏။ ကိုဗဟိန်းတို့ ဒုတိယလမ်းစဉ် သမားများမှာမူ - လုပ်ရင်းကိုင်ရင်းမှ တတိယလမ်းစဉ် မှန်ကန်ကြောင်း လက်ခံလာကြ၏။ ဤသို့ဖြင့် ပေါင်းစည်းမိ ကြတော့၏။ ဗမာပြည်ကွန်မြုနစ်ပါတီသည် တည်ထောင်စဉ်ကတည်းက လှို့ ဝှက်မြေအောက်ပါတီ ဖြစ်၏။ လမ်းစဉ် (၃)ခု ကွဲကြသောအခါ ပါတီထဲတွင် အတွေး အခေါ်အရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ ဖရိုဖရဲ ဖြစ်ကုန်ရာ တဖက်တွင် ကွန်မြူနစ်ပါတီကို ပြန်လည်စုစည်းဖို့ လိုနေ၏။ ၁၉၄၂ ခုနှစ်တွင် ထိုလုပ်ငန်းကို သခင် စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း တို့ပင် အောင်မြင်စွာ တာဝန်ယူလုပ်ဆောင်ခဲ့၏။ဂျပန်တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲအတွက် ပြင်ဆင်မှုများ အနှံ့အပြား လုပ်ခဲ့ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ဘီဒီအေ ထဲတွင် ကွန် မြူနစ်များကို စည်းရုံးလုပ်ဆောင်ခွင့် ပေးထား၏။ သခင်စိုးနှင့် လှို့ ဝှက်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ခဲ့၏။ သခင်သန်းထွန်းက ဂျပန်ဝန်ကြီး ဘဝနှင့် ရန်ကုန် တွင် ဗဟိုဌာနချုပ် ပြုလုပ်၍ တပြည်လုံးဆက်သွယ် ရှေ့ဆောင်သည်။ အိန္ဒိယရှိ မဟာမိတ် စစ်ဌာနချုပ်နှင့် လှို့ ဝှက်စွာဆက်သွယ်၍ နိုင်ငံခြား ဆက်သွယ်ရေး လုပ်ငန်းများကို ချုပ်ကိုင်ဆောင်ရွက်သည်။ သခင်စိုးက မြစ်ဝကျွန်းပေါ်မှ ရန်ကုန်သို့ လိုအပ်သလိုတက်လာ၍ လုပ်ငန်းများကို စစ်ဆေးရှေ့ဆောင်သည်။ကိုဗဟိန်းကမူ ခပ်စောစောကတည်းက အင်းယားကန်စွန်းရှိ နိုင်ငံခြားရေးဌာန “ အိမ်ဖြူ” တွင်၊ စည်းစိမ်ရှိရှိ “ နှပ်” မနေအားဘဲ၊ မြေလျှိုးသွားခဲ့ပြီ ဖြစ်သည်။ အနုအလှတွေကြား ငြိမ့်၍ မနေနိုင်တော့ပေ။အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်တက်သူ...သန့်ရှင်းစွာ နေတက်သူ...ဘန်ကောက်လုံချည် အပြာရောင်ကိုကြိုက်၍ ဂီတကိုချစ်သူ...စာပေ၌ မွေ့လျော်သူ...ယဉ်ကျေးသိမ်မွေ့သူ... တဖက်နှင့် တဖက် အပြန်အလှန် ပုတ်ခတ်၍ပြင်းပြင်းထန်ထန် အကြိတ်အနယ် ပြောဆို စွပ်စွဲနေသော အစည်းအဝေး များ ၌ပင် ပြုံးပြုံးကလေးနားထောင်နေတတ်သူ...။ထို“သူ”ကိုဗဟိန်းသည် ယခုတော့ တောင်ငူခရိုင်တွင် ဌာနချုပ်ဖွင့်ပြီး ပဲခူး-တောင်ငူဒေသများအတွင်း ဂျပန်ကို လက်နက်ကိုင်ပြီး တိုက်ရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများကို ဦးစီးလုပ်ကိုင် နေပေပြီ။ ဤသို့ဖြင့် ၁၉၄၅ ခု၊ မတ်လထဲတွင် ပဲခူးရိုးမစခန်းကြီးသည် တော်လှန်ရေးအတွက် အသင့် ဖြစ်ခဲ့လေပြီ။ ထိုစခန်းကြီးကို အုပ်ချုပ် ရှေ့ဆောင်နေသူ မှာ သခင်သန်းထွန်း ဖြစ်သည်။ သူသည် တပြည်လုံး ဂျပန်ကိုတော်လှန်ရာတွင် နိုင်ငံခြား ဆက်သွယ်ရေး တာဝန်ခံလည်း ဖြစ်သည်။ပဲခူးရိုးမ အောက်စခန်းကား ခြင်များပေါများလှ၏။ ညညခြင်ထောင် မရှိလျှင် အိပ်၍မရ၊ ထိုင်နေကြရ၏။ ခြင်တွေမြည်ရာ အောက်စခန်းသည် တောင်ငူ တနယ်လုံး ပြောက်ကျားတပ်များကို ဦးစီး၍ ဂျပန်ကို တိုက်ခိုက်နေသော ကိုဗဟိန်း၏ စခန်း ဖြစ်ပေသည်။ ထိုစခန်းသို့ အိန္ဒိယမှ မဟာမိတ်လေယာဉ်ကို စီးကာ လေထီးဖြင့် ဆင်း၍ရောက်လာသော ဗိုလ်မှူးချစ်ကောင်းက သူ၏ “ အနှစ်နှစ်ဆယ်” စာအုပ်တွင် ဤသို့ဖော်ပြထား၏။“ ကိုဗဟိန်း၏ ဤအခါက အလုပ်နှင့် သူ၏ရုပ်ရည်သည် လုံးဝဟပ်၍မရ။ သူ၏အလုပ်က တိုက်ရေးခိုက်ရေး၊ ပစ်ရေးခတ်ရေး၊ သတ်ရေးဖြတ်ရေး၊ ချရေးဆော်ရေး၊ သူ့ရုပ်ရည်က ပိန်ပိန်ပါးပါး၊ ဖြူဖြူဖွေးဖွေး၊ သိမ်မွေ့နူးညံ့သောရုပ်ရည်၊ ယင်းသို့သော မင်းသားရုပ်ဖြင့် သူပုန် အလုပ်ကို ပင်ပန်းစွာ လုပ်နေသည်ကို တွေ့ရသည်...”ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများတွင် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုဖြင့် ကိုဗဟိန်း၊ သခင်သန်းဖေတို့ဦးစီးသော “ ရဲခေါင်ပြောက်ကျားများ” သည် ဂျပန်များကို လက်သံပြောင်ပြောင်နှင့် အကြီးအကျယ် ချေမှုန်း နိုင်ခဲ့၏။ ထွန်းပြောင်သောအောင်ပွဲများကို ရရှိခဲ့ကြ၏။၁၉၄၅ ခု၊ မတ်လ(၂၇)ရက်နေ့မှ စတင်သော ဖက်ဆစ်တော်လှန်ရေး အင်အားများကို ကြည့်လျှင် ဗမာ့ကာကွယ်ရေးတပ်မတော် (B.D.A) သည် အင်အား ၃၀၀၀ မှ သုံး-လေးလ အတွင်း အင်အား ၂၀,၀၀၀ ကျော်ဖြစ်လာ၏။ ကွန်မြူနစ်ပါတီမှ တိုက်ရိုက်ကိုင်တိုက်သော ပြောက်ကျားတပ်အင်အားမှာ ၁၀,၀၀၀ ကျော်၏။ မောင့်ဘက်တန် အစီရင်ခံစာအရ “ ဗမာပြည်တွင် ဂျပန်ဖက်ဆစ်များ သေကြေခဲ့ရသည့် အရေအတွက် ၆၀ ရာခိုင်နှုန်းသည် “ ဗမာမျိုးချစ်ပြောက်ကျား” များ၏ လက်ချက်ကြောင့် ဖြစ်သည်...” ဟု ဖော်ပြထားသည်။“ ဗမာမျိုးချစ်ပြောက်ကျား” များဟု ဆိုရာတွင် ကိုဗဟိန်းတို့၏ “ ရဲခေါင်ပြောက်ကျား” များသည် အဓိကဖြစ်၏။ သူကားပျော့လျှင်ဖယောင်း၊ မာလျှင်သံချောင်း ဆိုသောလူစားတည်း။နေသူရိန်ခေတ်(သို့မဟုတ်)ဆန်းနှင့်သန်း ခေတ်ဂျပန်တော်လှန်ရေးအောင်ပွဲခံပြီးနောက် သခင်သန်းထွန်းက ရန်ကုန်သို့စော၍ ပြန်ရောက်ရာ ဂျပန်ခေတ် ဝန်ကြီးလုပ်စဉ်က နေခဲ့သော အိမ်မှာပင် နေ၏။ သခင်သန်းထွန်းနှင့် အတူ ကိုဗဟိန်း၊ ဗိုလ်မှူးချစ်ကောင်းနှင့် အခြားရဲဘော်များ လည်းရှိကြ၏။ မကြာမီ ဗိုလ်ချုပ်အောင်ဆန်း ပြန်ရောက်လာရာ သခင်သန်း ထွန်းနှင့် အတူလာနေ၏။ နောက်ဒေါ်ခင်ကြည် ရောက်လာမှ အိမ်ပြောင်း၍သွားခဲ့၏။ လွတ်လပ်ရေးအကြိုခေတ် (သို့မဟုတ်) နေသူရိန်ခေတ်ကို “ ဆန်းနှင့်သန်း” ခေတ်ဟူ၍ ခေါ် ကြ၏။ အနောက်နိုင်ငံ သတင်းစာကြီးများက ဗမာပြည်တွင် “ဆန်းနှင့်သန်း” ဟု ရေးကြ၏။ ၁၉၄၅ ခု၊ စက်တင်ဘာလတွင် ချုပ်ဆိုခဲ့သော ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို ဗမာစစ်တပ်(ဘားမားရိုင်ဖယ်) အဖြစ် ပြောင်း၍ ဖွဲ့စည်း လိုက်သောအခါ တပ်ထဲမှ ကွန်မြူနစ်ပါတီဝင် တပ်မှူးတပ်သားအချို့ တပ်ထဲတွင် ဆက်လက်အမှု မထမ်းကြတော့ဘဲ ပါတီလုပ်ငန်းများတွင် အချိန်ပြည့် ဝင်လုပ် ကြသည်။ထိုစဉ်က ကိုဗဟိန်းနှင့် ဗိုလ်မှူးချစ်ကောင်းတို့သည် မြေနုလမ်းမှာနေခဲ့၏။ ပထမဆုံး ‘ပြည်သူ့အာဏာဂျယ်နယ်’ ထုတ်နိုင်ရေးအတွက် သူတို့သည်ငွေရှာကြ၏။ ဆောင်းပါးများကို သူတို့ပင် ရေးကြ၏။ စာပုံနှိပ်ပြီး စာရွက်များကို သူတို့ပင်ခေါက်၏။ ထို့နောက် ဂျာနယ်များကို လက်တွင်ပိုက်ပြီး ဂေါ်နှင့်အော်ကာ တအိမ်တက်ဆင်း သူတို့ပင် လျှောက်၍ရောင်းကြလေသည်။ ကိုဗဟိန်းသည် “ပြည်သူ့အာဏာ” ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်လာသည်။ သူတို့၏ ကြိုးပမ်းချက်များဖြင့် ၁၉၄၅ ခု၊ စက်တင်ဘာ (၂၉) ရက်နေ့တွင် ‘ပြည်သူ့အာဏာ’ စ၍ ထွက်ခဲ့၏။'ဆန်းနှင့်သန်း' ခေတ်ကား ပျော်စရာကြီးပင်ဖြစ်၏ ။ အပြည်လုံး တက်ညီလက်ညီ လုပ်ကြကိုင်ကြသည်မှာ အားရစရာကြီးဖြစ်၏ ။ လူတိုင်းလူတိုင်း ကိုယ်ရေးကိုယ်တာတွေကို ဘေးဖယ်ထားကြပြီး လွတ်လပ်ရေး အတွက်သာ အားသွန်၍ ကြီုးပမ်းကြ၏ ။ ကိုယ်ကျိုးစွန့်ကြ၏ ။ အနာခံကြ၏။ ဒါတွေကိုပင် အရသာဖြစ်ကြ ပီတိဖြစ်ကြ၏။ ထို့ကြောင့်ပင် ၁၉၄၅ ခုနှစ် အကုန်၊ အလယ်ပစ္စယံတွင် ဖဆပလ၊ ညီလာခံကြီး ပြုလုပ်သောအခါ၌ တခဲနက်သော လူထုကြီးမှာ သိန်းချီ၍ တက်လာကြပြီး အမျိုးသမီးများသည် လွတ်လပ်ရေး ရန်ပုံငွေအတွက် မိမိတို့ကိုယ်တွင် အမြတ်တနိုးဝတ်ဆင်ထားသော ရွှေ၊ ငွေ၊ ရတနာများကို ချွတ်၍ ရက်ရက်ရောရောလှူခဲ့ကြသည်။ ဤသို့ တပြည်လုံး ညီညီညွတ်ညွတ် စုစုစီးစီးနှင့် နှစ်ထောင်းအားရစရာ ကောင်းလောက်အောင် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြစဉ် ကိုဗဟိန်း၏ နှလုံးရောဂါမှာ စိုးရိမ်စရာကောင်းသော အခြေအနေသို့ ရောက်နေခဲ့ပြီဖြစ်သော်လည်း စိတ်ဆောင်နေသဖြင့် အလုပ်ကို တက်တက်ကြွကြွ လုပ်ကိုင်ဆဲပင် ရှိသေး၏။သူသည် ကွန်မြူနစ်ပါတီ သဘာပတိဖြစ်၍ လက်ဝဲညီညွတ်ရေးနှင့် အမျိုးသားညီညွတ်ရေးတို့ကို အစဉ်တစိုက် ကြိုးပမ်းခဲ့လေသည်။ သူ့ကို ကွန်မြူနစ်ပါတီဝင်များ ကသာမက အခြားလက်ဝဲအင်အားစုများနှင့် အမျိုးသားအင်အားစုများကပင် ချစ်ခင်လေးစားကြ၏။ပုဂ္ဂိုလ်ရေးအရ သခင်သန်းထွန်းက သူ့ကို အတော်ခင်မင်၏။ ဗိုလ်ချုပ်အောင်ဆန်းက ယုံကြည်အားထား၏။ သူ တပ်မှထွက်ပြီး နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်မည် ပိုင်းဖြတ်သောအခါ တပ်ထဲတွင် စိတ်မချရသူတချို့ ရှိ၍ တပ်ကိုကိုင်ရန် ကွန်မြူနစ်ပါတီမှ ကိုဗဟိန်းကို တောင်း၏။ ပါတီက ပါတီလုပ်ငန်းများအတွက် မပေးနိုင်ခဲ့ချေ။ ဂျပန်ကို တော်လှန်ကာနီးအချိန်က ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ်) တို့သည် တော်လှန်ရေးတပ်ဦးအမည်နှင့် တဖွဲ့တည်း ပေါင်း၍ ဖွဲ့စည်းခဲ့ကြ၏။ ထို့နောက် နှစ်ဖွဲ့ပြန်၍ ဖြစ်သွားကြပြန်ရာ ၎င်းတို့ တဖွဲ့တည်း ပြန်လည်ဖြစ်မြောက်ရေး အတွက် ကိုဗဟိန်းသည် အတတ်နိုင်ဆုံး ကြိုးစားလေသည်။ ကိုဗဟိန်း၏ မြေနုလမ်းအိမ်မှာ ကွန်မြူနစ်နှင့် ဆိုရှယ်လစ် ခေါင်းဆောင်များ စေ့စပ်ရာ ဂေဟာဖြစ်နေ၏။ အောင်မြင်မှုကား မရ ---ဤအထဲ ကွန်မြူနစ်ပါတီတွင်း ကွဲအက်မှုက ဖြစ်လာပြန်၏။ ရဲဘော်များအနေနှင့် သူတို့ အယုံကြည်ဆုံး၊ အားအထားဆုံး၊ ချစ်မြတ်နိုးဆုံး ပါတီကွဲမည်ကို မလိုလားကြပေ။ ပါတီကွဲမှုကြောင့် နောင်အခါတွင် တိုင်းပြည်၌ ဆက်၍ ဆက်၍ ဖြစ်လာမည့် အန္တရာယ်များကိုလည်း စိုးရိမ်မိကြသည်။ ကိုဗဟိန်းကိုပင် အားကိုးကြ၏။ ကွဲရန် ဆုံးဖြတ်ပြီးသည့် အချိန်အထိ အားမလျှော့ကြ။ သခင်စိုးကြီးကို ကိုဗဟိန်း၏ အိမ်သို့ မရမက ခေါ်လာ၏။ သူတို့နှစ်ယောက် စကားပြောလိုက်သည်မှာ ညသန်းကောင် တိုင်သည်အထိဖြစ်၏။ ကိုဗဟိန်းက များများပြော၏။ နောက်ဆုံးတွင် အတော် ပြေပြေလည်လည် ဖြစ်လာကြ၏။ ခေါ်လာသူများ အားတက်ကြရ၏။ ရယ်နိုင် မောနိုင် ဖြစ်လာကြ၏။ သခင်စိုးကို ပြန်ပို့သည်အထိ အဆင်ပြေနေ၏။သို့သော် သိကြသည့်အတိုင်းပင် ခုတမျိုး ခုတမျိုး ဖြစ်တတ်သည့် သခင်စိုးတို့က ခွဲထွက်ကြ၏။ ကိုဗဟိန်းလည်း မတတ်နိုင်တော့ပေ။ အကျိုးဆက်ကတော့ သူ့ရောဂါမှာ ပို၍ ဆိုးလာခဲ့၏။ သူ့ကို ပါတီမှ၎င်း၊ သူ ဥက္ကဋ္ဌ လုပ်နေသော အလုပ်သမား သမဂ္ဂမှ၎င်း၊ အနားယူခွင့် ပေးထားရတော့၏။ သူသည် အနားယူရင်းကနေ ဂိုဏ်းဂန ၀ါဒကို တိုက်ဖျက်သော စာတမ်းများကို ရေးသေး၏။ သူ့ရောဂါမှာ ပို ပိုဆိုးလာ၍ သူ့မိဘရပ်ထံ မန္တလေးသို့ပြန်ပြီး အနားယူ ဆေးကုနေရ၏။ မန္တလေးတွင်မူ ရောဂါ သက်သာလာသေး၏။ ထိုအချိန်က သူစိတ်လှုပ်ရှားမည်စိုး၍ သူ့ကိုဘာသတင်းစာမှ ပေးမမဖတ်၊ သို့သော် တနေ့တွင် ပစ္စည်း ထုပ်လာသော သတင်းစာစက္ကူစ ကလေးကို သူကိုင်ကြည့်မိရာက ဖဆပလ ထဲမှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်ကြောင်း သတင်းကို သွားတွေ့၏။ ထိုအခါမှ စ၍ သူ၏ ရောဂါမှာ အတက်ဖက်သို့သာ သွားနေခဲ့ရာ နောက်ဆုံး ကွယ်လွန်သည်အထိ ဖြစ်တော့၏။ သူသည် နောက်ဆုံးအချိန်ထိပင် စည်းလုံးညီညွတ်ရေး အတွက် စဉ်းစား တွေးခေါ်နေပေလိမ့်မည်။ ကြိုးလည်းကြိုးစားခဲ့သည်။ လုံးလည်း လုံးပမ်းခဲ့သည်။ သူ့ ရည်မှန်းချက်အတိုင်း ဖြစ်မလာသည်ကတော့ သူ့အတွက်သော်လည်းကောင်း၊ တိုင်းပြည် အတွက်သော်လည်းကောင်း၊ ကြေကွဲရင်နင့်စရာများ ဖြစ်ဖို့ ဖန်လာသည်ဟုသာ ပြောရပါတော့မည်။၁၉၄၆ခု၊ နိုဝင်ဘာ(၂၀) ရက်နေ့တွင် သူ ကွယ်လွန်ခဲ့ပြီ။ “သူကား တကယ့်ညီညွတ်ရေး ဗိသူကာပင် ဖြစ်လေသည် ”....ဟု ဗိုလ်မှူးချစ်ကောင်းက မှတ်ချက်ပြုခဲ့သည်။“နိဂုံး”သမိုင်းတွင် “နိုင်လျှင် အာဇာနည်၊ ရှုံးလျှင် သစ္စာဖေါက်” အဖြစ် မှတ်တမ်းတင်ခြင်း ခံရလေ့ရှိ၏။ ဖဆပလ တွင် ဆိုရှယ်လစ်များ အာဏာရလာချိန်မှ စ၍ ဤသဘောမျိုးတွေ့ရ၏။ တော်လှန်ရေးကောင်စီခေတ်၊ မဆလ ခေတ်တွင် ပို၍ ထင်ရှား၏။ န၀တ/နအဖ ခေတ်တွင်မူ “တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ ...” ဆိုပြီး မိမိကိုယ်ကို အထွတ်အထိပ် နေရာသို့ တွန်းတင်လိုက်၏။ သို့သော် သမိုင်းတင်သည်၊ သမိုင်းရေးသည် ဆိုရာမှာ မိမိအာဏာ ရချိန်တွင် မိမိပိုင် စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့ကို အသုံးချပြီး အာဘော်လွှင့်ထုတ်လိုက်ရုံနှင့် ပြီးသည့်ကိစ္စ မဟုတ်ချေ။ ယာယီ အချင်းအရာသာ ဖြစ်သည်ကို သူတို့ မသိ။ခေတ်သစ် မြန်မာသမိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍသည် ဖျောက်ဖျက်၍ မရသော ကိစ္စဖြစ်၏။ ထိုအခါ အုပ်စိုးသူများက ယောင်ဝါးကုန်အောင် လုပ်ကြ၏။ တခါတရံ ပြောင်းပြန်ဖြစ်အောင် လုပ်၏။ အဖြူရောင်ကို အနက်ဆိုးခြင်း၊ ဖျောက်ဖျက်ခြင်း၊ ငွေမင်သုတ်ခြင်း ...စသည့် လုပ်ဆောင်ချက်များကား အမှန်တရားကို ရင်မဆိုင်ရဲသောကြောင့် မဟုတ်ပါလော။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်များကိုလည်း ရစရာမရှိအောင် ပုံဖျက်ကြ၏။ တဦးစီ ကောင်းမှုမှန်သမျှကို အသိအမှတ် ပြုဖို့ဆိုသည် ...ဝေးစွ။ အတ္ထုပ္ပတ္တိ အကြောင်းချင်းရာ တခုထဲ နာမည်ပါသွားလျှင်ပင် အလွတ်မခံ။ ငွေမင်သုတ်ခြင်း၊ ဆေးနက်ဆိုးခြင်းများ လုပ်နေကြရ၏။ ဤမျှအထိ ကြောက်လန့်တကြား ဖြစ်နေကြချေသည်။ သို့သော် ပါတီနှင့်ခေါင်းဆောင်များကို တိုက်ခိုက်ပုံဖျက်သော စာအုပ်စာတမ်းများထဲတွင်ကား ...ဤနာမည်များကို ဖေါဖေါသီသီ သုံးခွင့်ပြုထား၏။ ကိုဗဟိန်းကိုမူကား ရှိခဲ့ဖူးသည်ဆိုသောအချက်ပင် ပြည်သူတွေကို သိစေချင်ပုံမပေါ်။ အဓိကအားဖြင့် လျစ်လျူရှုသည့်နည်းနာနှင့် ဖျောက်ဖျက်ထား ၏။ မတတ်သာသည့်အခါ သောကောရောကောထဲ ထည့်လိုက်၏။သို့သော် 'ဗဟိန်း' ဆိုသော နာမည်သည် ပြည်သူတို့ကြားတွင် အတော် 'ဟိန်း' ၏။ ပညာတတ်လူငယ်၊ ကျောင်းသားများ၊ တိုးတက်သူ လူငယ်များကြားတွင် အတုယူစရာ 'သင်္ကေတ' အဖြစ် ကျန်ရစ်၏။ သူ့ကို အားကျခြင်း၊ သူ့လို ပြည်သူတို့၏ 'မျက်ရှု' 'ရင်နှစ်သည်းခြာ' ဖြစ်လိုကြ၏။ 'ဟိန်း' ပါသော နာမည် မှည့်ခေါ် ခြင်းသည် လူငယ်များကြား ခေတ်စား၏။ သူသည် စစ်ကိုင်းကျောင်းသားများ နယ်ချဲ့ ဆန့်ကျင်ရေး သပိတ်မှောက်ရာတွင် ပါဝင်ရန် မန္တလေးမှ ဆင်း၍ စည်းရုံးသဖြင့် ကျောင်းအုပ်ကြီး အီးစီဒေါင်းက ဘွိုင်းကောက်ကျောင်းသားများအား အရိုက်ခိုင်းခဲ့၏။ နောင် မြူမင်းကြီး ဖြစ်လာမည့် ဗိုလ်မှူးကြီးထွန်းစိန် အပါအ၀င် စကောက်ကျောင်းသားများက စကောက်တုတ်များနှင့် ၀ိုင်းရိုက်ကြရာ မေ့မျောသွားခဲ့ဖူး၏။ ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်သူတဦး ဖြစ်သကဲ့သို့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် တဦးအဖြစ် တော်လှန်ရေးတာဝန်များကို ထက်မြက်ထူးချွန်စွာ ထမ်းဆောင်သွားခဲ့၏။ ပင်ကိုယ် သဘာဝအရ အနုအလှကို သဘောကျပြီး မေတ္တာဓါတ် ကြီးမားသူ၊ ကလေးငယ်များကို ချစ်တတ်သူ၊ ထို 'သူ' ကို မျိုးချစ် ပြည်ချစ်စိတ်က တော်လှန်ရေးသမား ဖြစ်စေ၏။ တိုင်းပြည်လူဦးရေ၏ အများစုကြီးဖြစ်သော ဆင်းရဲသားပြည်သူတို့ကို ချစ်တတ်သောသူမို့ ကွန်မြူနစ်ဖြစ်စေ၏။ သေနတ်ကိုင်စေခဲ့၏။ သမိုင်းတွင် ခေတ်စနစ်တို့က ဤသို့သော လူများကို လမ်းကြောင်း ပြောင်းပေးကြသည်မှာ ဓမ္မတာပင် ဖြစ်ချေသည်။ လရောင်ရွှမ်းမြ၍ လှချင်တိုင်းလှနေသော လားရှိုးမြို့ ၏ ညတညတွင် တောတောင် သဘာဝရှုခင်းတွေကို ကြည့်ရင်း သူသည် အဖေါ်တယောက်နှင့် လမ်းလျှောက်နေ၏။ ပုံမှန်အတိုင်းဆိုလျှင် သူသည် စာပေအကြောင်း၊ ဂီတအကြောင်း ဒါမှမဟုတ် ကျန်ရစ်ခဲ့သော သူ့ချစ်သူ (ဒေါ် )ခင်ကြီး အကြောင်း ကရားရေလွှတ် တတွတ်တွတ် ပြောပြပေလိမ့်မည်။ ခုတော့ သူက “ ဒီလို ငွေလရောင်မြူးခိုက်မှာ ...စိတ်ဟာ ကြည်လင်ရွှင်လန်းလာပြီး xxxx လီနင်ရေးတဲ့ နိုင်ငံတော်၊ အစိုးရနှင့် တော်လှန်ရေး အကြောင်းကို ဆွေးနွေးရအောင် ...” ဟူ၍ ပြောခဲ့လေသည်။ အမှန်ပင် ထိုအချိန်က သူသွားမည့် ခရီးမှာ ဒုတိယ ကမ္ဘာစစ် ဥရောပတွင် စတင်နေချိန် ...ညီနောင်ပါတီနှင့် အဆက်အသွယ်ယူရန် ထွက်လာသည့် ခရီး .....။ဤအချိန်တွင် သူသည် တော်လှန်ရေးဘာသာရပ်ကို ကောက်ကိုင်လိုက်သည်မှာ သဘာဝကျသည်။ တကယ်က သူသည် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ် ဖြစ်ရုံသာမက နိုင်ငံတကာ့ဝါဒီ တဦးလည်း ဖြစ်ပေသည်။ တော်လှန်ရေးဆိုသည်မှာ အသက်သွေးချွေးမျက်ရည်တို့ ရင်းနှီးရသော လုပ်ငန်းဖြစ်၏။ ဤစကား မှန်ကန်ကြောင်း အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန် တော်လှန်ရေးမှသည် ဖဆပလ ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ နောက်မဆလ ခေတ်၊ န၀တ (ယ္ခု နအဖ) ခေတ်ထိ မှန်နေကြောင်း ပြည်သူများ သဘောပေါက်ကြသည်။ အမျိုးသား ဂုဏ်သိက္ခာ အတွက်သော်လည်းကောင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း အတွက်သော်လည်းကောင်း ... နေ့တကြာင့်ကြကြ၊ ညတကြောင့်ကြကြ ဖြစ်နေရသော ယနေ့ပြည်သူများ က ပိုသဘောပေါက်ကြ ပေလိမ့်မည်။ တခါသေဖူး၍ ပျဉ်ဖိုးနားလည်ကြပြီ ... အရေးအခင်း အဆက်ဆက် အထူးသဖြင့် ၈-၄လုံး အရေးအခင်းတွင် မိမိ၏ မိသားစုများ၊ ဆွေမျိုးရင်းခြာများ၊ မိတ်ဆွေများ၊ အပေါင်းအသင်း ရောင်ရင်းများ၊ အသိအကျွမ်းများ .... အသက်ပေးသွားခဲ့ကြပြီ။ အချို့ ထောင်တန်း ကျခံနေရသည်။ အချို့ တောထဲ၊ တောင်ထဲ၊ တချို့ နယ်စပ်၊ တချို့ နိုင်ငံရပ်ခြားသို့ လွင့်စင်ကုန်ကြပြီ။ပြည်သူများဘက်မှ ဆုံးရှုံးမှုများ ရှိသကဲ့သို့ ရရှိလိုက်သောအောင်ပွဲ၏ အသီးအပွင့်များလည်း မနည်းလှပေ။ မဆလ အစိုးရ ပြုတ်သွားပြီး နိုင်ငံရေး ပါတီများ ထူထောင်ခွင့် ပေးလိုက်ရခြင်း၊ ပြည်သူများ တောင်းဆိုခဲ့ကြသော ရွေးကောက်ပွဲ လုပ်ပေးခဲ့ရခြင်း၊ စစ်တပ်ပါတီ ရှုံးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြီးအကျယ် အနိုင်ရခြင်း ...စသည်တို့ကား ချေဖျက်၍ မရနိုင်သော အောင်သီးအောင်နှံများပင် ....။ယနေ့ ပြည်သူတို့၏ ရင်ထဲမျက်စိထဲတွင် ပြန်စဉ်းစားတိုင်း ကြည့်မျှော်လေတိုင်း ...အလောင်းများ၊ သွေးများ၊ ဖြူဖတ်ဖြူရော်မျက်နှာများ၊ မီးခိုးများ၊ ယမ်းခိုးများ၊ ၀န်ထုပ်ဝန်ပိုးများ၊ ထောင်နံရံများ၊ အကျဉ်းစခန်းများ၊ ကြာပွတ်များ၊ စီးကရက် မီးရဲရဲများ၊ အက်ဆစ်ငရဲမီးများ၊ကျင်စက်များ၊ လက်သီးများ၊ စစ်ဖိနပ်များ၊ စစ်ယူနီဖေါင်းများ၊ စစ်ကားများ၊ သေနတ်ပြောင်းဝများ၊ လှံစွပ်များသာ ...မြင်ကြရ၊ ခံစားနေကြရသည်။န၀တ (နအဖ) စစ်ဗိုလ် စစ်သားအချို့ ၊ဂုဏ်ယူလက်မထောင်၊ လက်ညှိုးထိုးပြနေသော ပြည်သူ့ရင်ပြင်၊ ဂုံးကျော်တံတား၊ ကားလမ်း၊ ရထားလမ်း၊ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားတို့ကိုလည်း နရသူ ၏ မှိုင်းညို့ ညို့ ဓမ္မရံကြီး ဘုရားပမာ မြင်နေကြရသည်။ ဤပစ္စည်း၊ အဆောက်အအုံတို့ပေါ်တွင် ပြည်သူတို့၏ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ဖုံးလွှမ်းစွတ်စိုခဲ့သည် မဟုတ်ပါလား။ မသမာမှုတွေ၊ လာဘ်စားမှုတွေ၊ နှင့် ပြည့်နှက်နေသည် မဟုတ်ပါလား ...။ပြည်သူ့သားကောင်းများကား .... ပြည်သူကို အလုပ်အကျွေးပြုရင်း ကွယ်လွန်ကြ-ကျဆုံးခဲ့ကြချေပြီ။ သို့သော် စစ်အာဏာကို အချောင်ရထားသူများ၊ ရလိုက်သူများကတော့ -ခေတ်အဆက်ဆက်တွင် ကားတ၀ီဝီစီး၊ ဟယ်လီကော့ပတာ တငြိမ့်ငြိမ့်ဝဲကာ စည်းစိမ်တက်၊ ဇိမ်ယစ်နေခဲ့ကြသည်။ ယနေ့ စစ်(၃)စစ် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တရား) သည် ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားကြလေပြီ။ နယ်ချဲ့ သမားများ၊ လက်ဝေခံဖယ်ပေးလိုက်ရသော ပြည်သူ့ဂုတ်ပေါ် ခွစီးကာ လက်ညှိုးတညွှန်ညွန် လုပ်နေကြသည်။မြန်မာပြည်သူများကား တော်လှန်ပုံကန်ရဲသူများ ဖြစ်ကြ၏။ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ တိုက်ပွဲအလီလီ၏ အောင်ပွဲများက ဤအချက်ကို သက်သေထူခဲ့ပြီ ဖြစ်သည်။ နယ်ချဲ့ ဗြိတိလျှခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်မှသည် မဆလ ခေတ်အထိ၊ ဖေါက်ပြန်ရေး အုပ်စိုးသူ အဆက်ဆက် ရာဇပလ္လင် ဖင်မမြဲအောင် ကိုင်လှုပ်ခဲ့ကြ၏။ သမိုင်းအမြင်နှင့် ကြည့်လျှင် ပြည်သူနှင့် ကင်းကွာ၍ မည်သည့် အစိုးရများ ရေရှည်မြဲခဲ့ဖူးပါသနည်း။စစ်သား စစ်ဗိုလ် အချို့ အ၀က်နှင့် သူတို့၏ လက်ဝေခံ တချို့ မှလွဲ၍ ထောက်ခံမှု မရှိသော န၀တ(နအဖ) ကော မည်မျှကြာကြာ ရာဇပလ္လင်ကို တွယ်ကပ်နေနိုင် ပါမည်နည်း။ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်များတွင် ပြည်သူများထဲမှ 'သခင် ဗဟိန်း' ကဲ့သို့သော 'သူ' များ မွေးထုတ်ပေးခဲ့၏။ 'ဗဟိန်း' သည် တိုက်ပွဲများကြားတွင် လူလားမြောက်ခဲ့၏။ အလားတူ ဖဆပလ ခေတ်၊ တော်လှန်ရေးကောင်စီ ခေတ်များတွင်လည်း 'ဗဟိန်း' အများအပြား မွေးထုတ်ပေးခဲ့၏။ တော်လှန်ရေးသမားများ ဖြစ်လာကြ၏။ မဆလ ခေတ်၊ န၀တ၊ နအဖ ခေတ်တွင်လည်း အလားတူ 'ဗဟိန်းကလေး' များ မွေးထုတ်ပေးနေ၏။ တော်လှန်ရေး မျိုးဆက်ဟူသည် ကုန်ဆုံးသွားသည် မရှိ။( ၂ ၊ ၃ ၊ ၁၉၉၄ )

မှတ်ချက် ။ ။ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုပညာရေးနှင့်ဝါဒဖြန့်ချိရေးဌာနမှထုတ်ဝေခဲ့သည့် စာအုပ်ဖြစ်ပါသည်။
.......................................................................................
လူရှင်သင်္ချိုင်းများအကြောင်း စာအုပ်မှာ နေလင်း (အ.က.သ)က သူ့ရဲ့ထောင်တွင်းအတွေ့အကြုံတွေကို ရေးသားထားပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ရဲ့နိုင်ငံခြားရေးရာ ကော်မတီက ထုတ်ဝေပေးထားပါတယ်။
.........................................................
မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၉) ရက်(၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်)တနင်္ဂနွေနေ့တွင် မိန့်ကြားသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်း
ယနေ့ရရှိတဲ့ လွတ်လပ်ရေးဟာ လူမျိုးရေးတစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ(ကယား)၊ ရခိုင်၊ မွန်၊ မြန်မာ အစရှိတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံးတို့ စည်းစည်းလုံးလုံး ကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ ရှမ်း၊ ချင်း၊ ကရင်၊ကရင်နီ(ကယား)၊ ရခိုင်၊ မွန်၊ မြန်မာ အစရှိတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။
ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူတန်းစားတစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်ထောင်စုတစ်ခုလုံးမှာရှိကြတဲ့ လယ်သမား၊ အလုပ်သမား၊ ဈေးသူဈေးသား၊ ကျောင်းသူကျောင်းသား၊အမှုထမ်းအရာထမ်းများမှစ၍ တော်လှန်ရေးသမားများအထိပါဝင်သော လူတန်းစားအားလုံးတို့ကညီညီညာညာ စွန့်စွန့်စားစား အုံကြွကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ လယ်သမား၊ အလုပ်သမား၊ ဈေးသူဈေးသား၊ ကျောင်းသူကျောင်းသား၊ အမှုထမ်းအရာထမ်းများမှစ၍ တော်လှန်ရေးသမားများအထိပါဝင်သော လူတန်းစားအားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။
ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ အသင်းအဖွဲ့တစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံးသမဂ္ဂ အစရှိတဲ့ အသင်းအဖွဲ့အစည်းအသီးသီးက ကိုယ်ဆိုင်ရာနယ်နိမိတ်အတွင်းမှနေပြီး နယ်ချဲ့စနစ်ကြီးကို ၀ိုင်းအုံတိုက်ခိုက်ခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့လွတ်လပ်ရေးဖြစ်တယ်။
ယခုလို တစ်နိုင်ငံလုံးရှိ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအသီးသီး၊ လူတန်းစားအသီးသီး၊ အသင်းအဖွဲ့အသီးသီးတို့က အပြင်းအထန်ကြိုးပမ်းခဲ့သောကြောင့် ရရှိလာသောလွတ်လပ်ရေးဖြစ်တဲ့အတွက် ဤလွတ်လပ်ရေးကို သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံး လူတန်းစားအားလုံး အသင်းအဖွဲ့အားလုံးတို့က ရိုသေကြရမယ်။ ဒီလွတ်လပ်ရေးကိုတိုက်ရိုက်နည်းအားဖြင့်လည်းကောင်း၊ သွယ်ဝိုက်နည်းအားဖြင့်လည်းကောင်း၊ ထိပါးလာမယ်ဆိုလျှင် ပြည်ထောင်စုသားအားလုံးသည်လည်းကောင်း၊ လူတန်းစားအားလုံးသည်လည်းကောင်း၊အသင်းအဖွဲ့အားလုံးသည်လည်းကောင်း၊ ရင်မြေကတုတ်လုပ်၍ ခုခံကာကွယ်စောင့်ရှောက်ကြရမယ်။
ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူမျိုးစုတစ်ခုတည်းအတွက် အသုံးချရန်မဟုတ်။ ပြည်ထောင်စုသမတမြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသားလူမျိုးစုအားလုံးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ ပြည်သူလူထုကြီးတစ်ရပ်လုံးအတွက် အကျိုးအများဆုံးရရှိအောင် ယခုရရှိတဲ့ လွတ်လပ်ရေးကို ခိုင်ခိုင်ခန့်ခန့် အုတ်မြစ်ချလျက် သမတနိုင်ငံသစ်ကြီးကို ကျွန်တော်တို့အားလုံး အင်အားရှိသလောက် တည့်တည့်မတ်မတ် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ကြတော့မယ်။
ဒီသမတနိုင်ငံတော်သစ်ကြီးကို အပြီးသတ်တည်ဆောက်ပြီးတဲ့အခါမှာ နိုင်ငံအတွင်း၌ လူအချင်းချင်း လူညွန့်ခူးစားနေတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လူညွန့်ခူးစားခြင်းခံနေရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လက်ဝါးကြီးအုပ်နေတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လက်ဝါးကြီးအအုပ်ခံနေရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ နဖူးကချွေး ခြေမအထိကျအောင် ရွှံ့ဗွက်တွေထဲမှာ စက်ရုံတွေထဲမှာ တောအထပ်ထပ် တောင်အထပ်ထပ်တွေထဲမှာ သတ္တုတွင်းထဲမှာ နေပူမိုးရွာမရှောင် တကုန်းကုန်း တရုန်းရုန်းနဲ့ အလုပ်လုပ်နေကြရပြီး လူတန်းစေ့ဘ၀လေးကိုမှ မရရှိကြရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ ဒီလူတန်းစားကို ဒီလိုလူညွန့်တုံးအောင် နှိပ်ကွပ်ထားတဲ့လူတန်းစားလည်း မရှိတော့ဘူး။
ဒီသမတနိုင်ငံသစ်ကြီးမှာ ရှိရှိသမျှလူတွေဟာ ကိုယ်အစွမ်းရှိသရွေ့ ကိုယ်စွမ်းတဲ့ဘက်မှာဝင်ပြီးအမှုထမ်းကြ၊ လယ်လုပ်တတ်တဲ့လူတွေက လယ်လုပ်ကြ၊ စက်မောင်းတတ်တဲ့လူတွေက စက်မောင်းကြ၊ သတ္တုတွင်းတူးတဲ့လူတွေက သတ္တုတွင်းတူးကြ၊ ငြိမ်ဝပ်ပိပြားရေးကိုဆောင်ရွက်တတ်တဲ့လူတွေက တရားရုံးတွေ၊ ရာဇ၀တ်ဌာနတွေမှာ ဆောင်ရွက်ကြ။ ကာကွယ်ရေးမှာ ကျွမ်းကျင်တဲ့လူတွေက စစ်တပ်တွေမှာ အမှုထမ်းကြ။ အအုပ်အချုပ် အစီအမံမှာ လိမ္မာတဲ့လူတွေက အစိုးရဌာနအသီးသီးမှာ ၀င်ရောက်ဆောင်ရွက်ကြ။ ဒီနည်းများဖြင့် ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသားတွေဟာ ကမ္ဘာ့အလယ်မှာ လူတန်းစေ့စေ့နေနိုင်အောင် ကျွန်တော်တို့အားလုံး ၀ိုင်းပြီးကြိုးပမ်းကြရမယ်။
ကျွန်တော်တို့ရဲ့ မြေဆီမြေနှစ်တွေကို ပြည်ထောင်စုသား လူဦးရေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်မြေဆီမြေနှစ်တွေက အင်မတန်များပြားနေတာကို တွေ့ရမယ်။ ဒါကြောင့် ခေါင်းဆောင်တွေကလည်း သစ္စာမဖောက်ဘဲ၊ ခြေလှမ်းမမှားဘဲ၊ ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းလိုက်ကြလျှင် လူထုကလည်း မိမိတို့ထမ်းဆောင်ရမည့် တာဝန်တွေကို မပျက်မကွက်ဘဲ၊ ၀ါးအစည်းပြေသလိုမပြေဘဲ၊ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းလိုက်ကြလျှင် ကျွန်တော်ပြောခဲ့တဲ့ သမတနိုင်ငံသစ်ကြီးကို မနှေးအမြန် တည်ထောင်ဖြစ်မြောက်ရမယ်လို့ ကျွန်တော် အတည့်အလင်း ကြေညာရဲပါတယ်။
ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ခေါင်းဆောင်တွေ သစ္စာဖောက်လျှင်၊ ခြေလှမ်းမှားလျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် သစ္စာဖောက်နေသောခေါင်းဆောင်များကိုလည်းကောင်း၊ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကိုလည်းကောင်း၊အချိန်မီသတိပေးနိုင်သည် ဖြစ်စေသတည်း။
ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ပြည်သူလူထုကြီးသည် မိမိထမ်းဆောင်ရမည့်တာဝန်များကို ပျက်ကွက်လျှင်၊ ၀ါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဆိုလျှင် ယနေ့စိုက်ထူတဲ့လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် တာဝန်ပျက်ကွက်သော ပြည်သူလူထုကြီးကိုလည်းကောင်း၊ ၀ါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဖြစ်သော ပြည်သူလူထုကြီးကိုလည်းကောင်း၊ အချိန်မီသတိပေးနိုင်သည် ဖြစ်ပါစေသတည်း။
ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ဖျက်လိုဖျက်ဆီးလုပ်လိုသော ပြည်တွင်းပြည်ပရန်သူများ ပေါ်ပေါက်လာလျှင် ယနေ့စိုက်ထူတဲ့ မော်ကွန်းကျောက်တိုင်ကြီးသည် ထိုရန်သူများကိုအပြီးတိုင် ချေမှုန်းနိုင်သည်အထိ ဇာတိသွေး၊ ဇာတိမာန် တခဲနက်တက်ကြွလာအောင်ပြည်ထောင်စု ပြည်သူလူထုတစ်ရပ်လုံးအား အချိန်မီစွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။
(ဤ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်းကိုအောင်စောဦး ပြုစုသည့် “လွတ်လပ်ရေးရွှေရတု” စာအုပ်မှ ကူးယူဖော်ပြပါသည်။)
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ...
ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။
၃။ အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။
၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။
၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြ စ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများ အတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။
၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်းဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက်အထ မြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရအက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။
၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိ အမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။
၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။
၉။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။
မြန်မာနိုင်ငံတော်အစိုးရ
(ပုံ) အောင်ဆန်း ၁၂-၂-၄၇
ကချင်ကော်မတီ
(ပုံ)ဆမားဒူးဝါးဆင်ဝါးနောင်မြစ်ကြီးနား
(ပုံ)ဇော်ရစ်မြစ်ကြီးနား
(ပုံ)ဒိန်ရတန်မြစ်ကြီးနား
(ပုံ)ဇော်လဗန်းမော်
(ပုံ)ဇော်လွန်းဗန်းမော်
(ပုံ)လဗန်းဂရောင်းဗန်းမော်

ချင်းကော်မတီ
(ပုံ)ဦးလွှာမှုန်းအေတီအမ်။အိုင်တီအက်(စ်)အမ်၊ ဖလမ်း။
(ပုံ)ဦးသောင်ဇာခပ်အေတီအမ်၊ တီးတိန်။
(ပုံ)ဦးကွယ်မန်းအေတီအမ်၊ ဟားခါး။

ရှမ်းကော်မတီ
(ပုံ)ခွန်ပန်းစိန်တောင်ပိုင်းစပ်ဖလုံ
(ပုံ)စပ်ရွှေသိုက်ညောင်ရွှေစပ်ဖလုံ
(ပုံ)စပ်ဟုံဖမြောက်ပိုင်းသိန္နီစပ်ဖလုံ
(ပုံ)စပ်နွံလဲချားစပ်ဖလုံ
(ပုံ)စပ်စံထွန်းမိုင်းပွန်စပ်ဖလုံ
(ပုံ)စပ်ထန်းအေးသာမိုင်းခမ်းစပ်ဖလုံ
(ပုံ)ဦးဖြူသထုံစပ်ဖလုံ၏ ကိုယ်စားလှယ်
(ပုံ)ခွန်းဖုံးမြောက်ပိုင်းသိန္နီ
(ပုံ)ဦးတင်ဧ
(ပုံ)ဦးထွန်းမြင့်
(ပုံ)ဦးကြာပု
(ပုံ)ဦးခွန်စော
(ပုံ)စပ်ရစ်ဖ
(ပုံ)ဦးခွန်ထီး

တတိယအကြိမ်မြောက် တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲထုတ်ပြန်ကြေညာချက်
(၁) တတိယအကြိမ်မြောက် တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကို သက္ကရာဇ် ၂၀၀၄ ခုနှစ်၊ဇန်န၀ါရီလ (၂၈) ရက်နေ့မှ ဖေဖော်ဝါရီလ (၂) ရက်နေ့အထိ ကော်သူးလေ၊ လော်ခီးလာစခန်းတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြပါသည်။ ယင်းနှီးနှောဖလှယ်ပွဲကြီးသို့ တိုင်းရင်းသားလူမျိုးများ၏ တပ်ပေါင်းစုများ၊ ပါတီအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်များနှင့် လေ့လာသူများ အပါအ၀င် စုစုပေါင်း (၆၁) ဦးတက်ရောက်ကြပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(၂) တိုင်းရင်းသားလူမျိုးများ သွေးစည်းညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ENSCC) ၏ နှစ်နှစ်တာလုပ်ငန်းအစီရင်ခံစာအပြင် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးတပ်ပေါင်းစုများ၊ ပါတီအဖွဲ့အစည်းများမှတင်သွင်းသော “သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ” နှင့်“တိုင်းရင်းသားလူမျိုးများ၏ သွေးစည်းညီညွတ်ရေး” အပေါ် အမြင်နှင့် သဘောထားစာတမ်းများကိုလည်း တင်သွင်းဆွေးနွေးခဲ့ကြသည်။
(၃) ဤနှီးနှောဖလှယ်ပွဲကြီးမှ ၁၉၉၇ ခုနှစ်တွင် ကျင်းပခဲ့သော “မယ်သရောထာ” ပထမအကြိမ်တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီး၏ သဘောတူညီချက်များဖြစ်သော သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ချက်များကို ဆက်လက်၍အခိုင်အမာကိုင်စွဲသွားရန် သဘောတူခဲ့ကြသည်။
(၄) ယနေ့ နအဖစစ်အုပ်စုက စစ်အာဏာရှင်စနစ်ကို ရေရှည်နှင့် တရားဝင်ဆက်လက်ကျင့်သုံးနိုင်ရေးအတွက် လှည့်စားဖန်တီးနေသော အဆင့် (၇) ဆင့်ပါ လမ်းပြမြေပုံသည်လည်းကောင်း၊၁၉၉၆ ခုနှစ်တွင် ယာယီရပ်ဆိုင်းထားသည့် အမျိုးသားညီလာခံ ပြန်လည်ခေါ်ယူရေးသည်လည်းကောင်း၊ ဒီမိုကရေစီစနစ်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုဦးတည်စေနိုင်မည်မဟုတ်သည့်အတွက် စုပေါင်းဆန့်ကျင်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။
(၅) ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီထွန်းကားရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် အမြန်ဆုံးတည်ဆောက်နိုင်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အမြန်ဆုံးဖြစ်ပေါ်လာနိုင်ရန်အတွက် အောက်ပါအချက်များပါဝင်သော “ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးစီမံချက်” ကို လုပ်ဆောင်သွားရန် သဘောထားချမှတ်ခဲ့ကြသည်။
(က) ၁၉၉၄ ခုနှစ်မှစ၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ နှစ်စဉ်ဆုံးဖြတ်သည့်အတိုင်းသုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အမြန်ဆုံးခေါ်ယူကျင်းပရန်၊(ခ) သုံးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်အပေါ် အခြေခံ၍ နအဖစစ်အုပ်စု၊ ၁၉၉၀ ရွေးကောက်ပွဲတွင်အနိုင်ရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အခြားနိုင်ငံရေးပါတီများနှင့်တိုင်းရင်းသားလူမျိုးများ
အချိုးတူပါဝင်သော ကြားဖြတ်အစိုးရကို ဖွဲ့စည်းရန်၊(ဂ) ကြားဖြတ်အစိုးရက အများလက်ခံနိုင်သော အမျိုးသားညီလာခံတရပ်ကို ခေါ်ယူကျင်းပပေးရန်၊(ဃ) အမျိုးသားညီလာခံ၏ သဘောတူညီချက်အတိုင်း ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်နယ်များ၏ ဖွဲစည်းပုံအခြေခံဥပဒေများကို ကော်မရှင်အသီးသီးဖွဲ့စည်း၍ ရေးဆွဲရန်၊(င) ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရန်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုသော်လည်းကောင်း၊ ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကို အတည်ပြုပြဋ္ဌာန်းနိုင်ရန်အတွက် ပြည်နယ်အသီးသီး ဆန္ဒခံယူပွဲများကိုသော်လည်းကောင်း ခေါ်ယူကျင်းပရန်၊(စ) အသစ်ရေးဆွဲပြဋ္ဌာန်းသော ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီပြည်ထောင်စုအစိုးရကို ဖွဲ့စည်းနိုင်ရန်သော်လည်းကောင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းသော ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ပြည်နယ်အစိုးရများကို ဖွဲ့စည်းနိုင်ရန်သော်လည်းကောင်း သက်ဆိုင်ရာရွေးကောက်ပွဲများကို ခေါ်ယူကျင်းပရန်၊(ဆ) ရွေးကောက်ပွဲပြီးလျှင် သက်ဆိုင်ရာ လွှတ်တော်အသီးသီးခေါ်ယူပြီး အနိုင်ရပါတီအသီးသီးက သက်ဆိုင်ရာအစိုးရအသီးသီးကို ဖွဲ့စည်းသွားရန်၊
(၆) ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုများမှ မြန်မာနိုင်ငံ၏အရေးခင်းများတွင်
ပါဝင်ပတ်သက်မှုကို ကြိုဆိုထောက်ခံသည့်အပြင် ထိုင်းအစိုးရက ကြိုးပမ်းဆောင်ရွက်နေသောပြည်ထောင်စုမြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုကို ကြိုဆိုထောက်ခံကြသည်။
(၇) ယနေ့မြန်မာပြည်၏ နိုင်ငံရေးအခြေအနေ တောင်းဆိုမှုအရ မိမိတို့ တိုင်းရင်းသားလူမျိုးစုများ၏ စုစည်းညီညွတ်သောအသံ (One ethnic voice) သို့ ဦးတည်နိုင်စေရန် အခြေခံစုဖွဲ့မှုဖြစ်သော“တိုင်းရင်းသားလူမျိုးများကောင်စီ” (Ethnic Nationalities Council) ကို ဤညီလာခံကြီးမှအောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ကြသည့်အပြင် လုပ်ငန်းကော်မတီဖြစ်သော “တိုင်းရင်းသားလူမျိုးများသွေးစည်းညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ENSCC) ” ကိုလည်း ဆက်လက်ဖွဲ့စည်းထားရှိသွားရန် ဆုံးဖြတ်ခဲ့ကြသည်။
(၈) ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ရေရှည်ရင်ဆိုင်နေရသော ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်ရန်အတွက် ကုလသမဂ္ဂမှ ဆုံးဖြတ်ထားသည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းနည်းဖြင့်သာ ပြီးပြည့်စုံသောပြေလည်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းတည်ငြိမ်မှုကို ရရှိနိုင်မည်ဖြစ်သည့်အတွက် တိုင်းရင်းသားလူမျိုးများအပေါ် ထိုးစစ်ဆင်မှုအားလုံးကို ချွင်းချက်မရှိရပ်စဲပြီး တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ကြေညာပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်လွှတ်ပေးရန်၊ ကမ္ဘာ့ကုလသမဂ္ဂ ဆုံးဖြတ်ချက်နှင့်အညီ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးပြုလုပ်ရန် ဤနှီးနှောဖလှယ်ပွဲကြီးကတောင်းဆိုလိုက်သည်။ ဤတောင်းဆိုချက်များကို ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလူမျိုးအားလုံးမှ တက်ညီလက်ညီ ၀ိုင်းဝန်းထောက်ခံ၍ ကြိုးပမ်းအကောင်အထည်ဖော်သွားကြရန် လေးနက်တည်ကြည်စွာ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
သက္ကရာဇ် ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်
Media Contact(1) Rimond HtooTel : 053 611573Mobile : 018845441E-mail : rphtooms@cscoms.com(2) Khun OkkerTel : 053 620260Mobile : 019502158E-mail : khunbwar@hotmail.com
အမျိုးသားသွေးစည်းညီညွတ်ရေး နှီးနှောဖလှယ်ပွဲသူးမွဲကလိုးသဘောတူညီချက်
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သည့် တိုင်းပြည်ဖြစ်သည်။ခေတ်သစ်မြန်မာ့သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ညှိနှိုင်း၍တည်ဆောက်ထားသော အမျိုးသားသွေးစည်းညီညွတ်မှုအင်အားဖြင့် မြန်မာပြည်လွတ်လပ်ရေးကို ရယူနိုင်ခဲ့သော်လည်း ဗိုလ်ချုပ်ကျဆုံးမှုနှင့်အတူ အမျိုးသားသွေးစည်းညီညွတ်ရေးသည်လည်း လွင့်ပါးပျောက်ကွယ်ခဲ့ရသည်။
စစ်အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ရခြင်း၏ အကျိုးဆက်အဖြစ် အမျိုးသားသွေးစည်းညီညွတ်မှုပြိုကွဲလျက် တိုင်းပြည် ကြေပြုန်းပျက်သုဉ်းမည့် ဘေးအန္တရာယ်ကြီးကိုရင်ဆိုင်နေရသည့် အချိန်အခါဖြစ်ပေသည်။ တိုင်းရင်းသားပေါင်းစုံ ပြည်သူတို့၏ လက်ငင်းလိုအပ်ချက်ဖြစ်သော စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ခေတ်မီတိုးတက်၍ သာယာဝပြောသောထာဝစဉ်ငြိမ်းချမ်းသာယာသည့် လူအဖွဲ့အစည်းတည်ဆောက်ရေးတို့ကို အမျိုးသားသွေးစည်းညီညွတ်မှုအင်အားဖြင့်သာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ သို့ပါ၍ အမျိုးသားသွေးစည်းညီညွတ်မှုတည်ဆောက်ရေးလုပ်ငန်းသည် ယနေ့ကာလ တိုင်းရင်းသားပေါင်းစုံ ပြည်သူတို့အတွက် အဓိကကျသောလုပ်ငန်းစဉ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့သည် တိုင်းရင်းသားကိုယ်စားပြုပါတီများနှင့် ပူးတွဲလျက် ယင်းတာဝန်ကို တက်ကြွစွာထမ်းဆောင်နေသည့်နည်းတူ အောက်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း (၂၃) ဖွဲ့သည်လည်း ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ(၃) ရက်တိုင်တိုင် ကော်သူးလေပြည်နယ် သူးမွဲကလိုးတွင် အမျိုးသားသွေးစည်းညီညွတ်ရေးနှီးနှောဖလှယ်ပွဲကြီးကို အောင်မြင်စွာကျင်းပ၍ အောက်ဖော်ပြပါ အချက်အလက်များကို တညီတညွတ်တည်း သဘောတူဆုံးဖြတ်ကြပါသည်။ ၎င်းသဘောတူညီဆုံးဖြတ်ချက်များမှာ -
၁။ ၁၉၄၇ ခုနှစ်တွင်ချုပ်ဆိုသည့် ပင်လုံစာချုပ်နှင့် ယင်းစာချုပ်ဆိုင်ရာ ကတိက၀တ်များ၊ ၁၉၉၀ပြည့်နှစ်တွင်ထုတ်ပြန်သည့် ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေညာချက်၊ ၁၉၉၂ ခုနှစ်တွင်ချုပ်ဆိုသည့် မာနယ်ပလောစာချုပ်၊ ၁၉၉၇ ခုနှစ်တွင်ပြုလုပ်သည့် မယ်သရောထ သဘောတူညီချက်များသည် တိုင်းရင်းသားလူမျိုးများ၊ ပြည်သူများ၏ အခြေခံအကျိုးစီးပွားကို ကိုယ်စားပြုသည့် သမိုင်းဝင် သဘောတူညီချက်ဖြစ်သည်ဟု မှတ်ယူသည်။
၂။ မြန်မာပြည်၏ လက်ရှိပဋိပက္ခသည် ဖိနှိပ်အုပ်စိုးသူ စစ်အာဏာရှင်အုပ်စုကတဖက်၊ အဖိနှိပ်ခံတိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးကတဖက် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်ပြီး ယင်းပဋိပက္ခကြီးသည် တနေ့တခြား ပိုမိုပြင်းထန်လာနေသည့်အတွက် အဆုံးအဖြတ်ကာလတခုသို့ပင် ရောက်ရှိနေသည်ဟု တညီတညွတ်တည်း သုံးသပ်ကြသည်။
၃။ န၀တ/နအဖ စစ်အာဏာရှင် ကြီးစိုးမှုကြောင့် ယနေ့မြန်မာပြည်တွင် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းနှင့် အမျိုးသားအခွင့်အရေး ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နေရသည်။ ထို့ကြောင့် စစ်အာဏာရှင်ကြီးစိုးမှုကို ဖျက်သိမ်းပစ်ရန်မှာ တိုင်းပြည်၏ အဓိကဘုံလုပ်ငန်းတာဝန်ဖြစ်သည်ဟု တညီတညွတ်တည်း သဘောတူဆုံးဖြတ်သည်။
၎။ န၀တ/နအဖ စစ်အာဏာရှင်ကြီးစိုးမှုတိုက်ဖျက်ရေးတွင် လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ လက်ဝဲလက်ယာ မခွဲခြားဘဲ ပါတီ၊ အဖွဲ့အစည်းများအားလုံး၊ လူပုဂ္ဂိုလ်များအားလုံး အနိမ့်ဆုံး ဖြစ်နိုင်သည့်အဆင့်မှစတင်၍ လက်တွဲဆောင်ရွက်သွားကြရန် သဘောတူဆုံးဖြတ်သည်။
၅။ န၀တ/နအဖသည် အမျိုးသားညီလာခံကို ဦးစီးကျင်းပခွင့်မရှိပေ။ လက်ရှိပြုလုပ်နေသည့်အမျိုးသားညီလာခံသည် အတုအယောင် အမျိုးသားညီလာခံဖြစ်၍ လုံးဝတရားမ၀င်ချေ။ ထို့ကြောင့် ၎င်းအမျိုးသားညီလာခံအား လုံးဝအသိအမှတ်မပြုကြောင်း တညီတညွတ်တည်းသဘောတူဆုံးဖြတ်သည်။
၆။ တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရန်တညီတညွတ်တည်း သဘောတူဆုံးဖြတ်သည်။
၇။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အ၀ရရှိပြီး အမျိုးသားပြည်နယ်များ စုပေါင်းပါဝင်ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်သဘောတူဆုံးဖြတ်သည်။
၈။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားကိုယ်စားပြုပါတီ (၄) ပါတီ၏ ပြည်သူ့လွှတ်တော်အစည်းအဝေးခေါ်ယူရန် တောင်းဆိုခြင်း၊ လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်းခြင်း၊ လွှတ်တော်ရေးရာကော်မတီများကို ဖွဲ့စည်းခြင်းများအားထောက်ခံကြောင်း သဘောတူဆုံးဖြတ်သည်။
၉။ ဤနှီးနှောဖလှယ်ပွဲမှ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုပေါ်ပေါက်ရေးကို လတ်တလောလုပ်ငန်းစဉ်အဖြစ် ပူးပေါင်းကြိုးပမ်းသွားကြရန် သဘောတူဆုံးဖြတ်သည်။
၁၀။ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာပြည်ဒီမိုကရေစီထွန်းကားရေးနှင့်ငြိမ်းချမ်းမှုဖြစ်ထွန်းစေရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာမှုများအပေါ် ကြိုဆိုထောက်ခံသည်။ ၁၉၉၈ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာပြည်ဆိုင်ရာ ဆုံးဖြတ်ချက်များသည် တည့်မတ်မှန်ကန်သော ဆုံးဖြတ်ချက်များဖြစ်၍ တာဝန်ရှိသူများအနေဖြင့် လက်တွေ့အကောင်အထည်ဖော်ရန် တညီတညွတ်တည်း တောင်းဆိုသည်။
၁၁။ မြန်မာပြည်အတွင်း မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု ပြည်ပတင်ပို့မှုများတွင်နအဖစစ်အုပ်စု၏ အဓိကပါဝင်ပတ်သက်နေမှုကို ဆန့်ကျင်ရှုတ်ချကြောင်း သဘောတူဆုံးဖြတ်သည်။
၁၂။ နအဖစစ်အာဏာရှင် ကြီးစိုးမှုရှိနေသည့်ကာလအတွင်း မြန်မာပြည်အတွင်းသို့ မည်သည့်ရင်းနှီး မြှုပ်နှံမှုမှန်သမျှ ပြည်ပမှ ၀င်ရောက်မပြုလုပ်ရန် တောင်းဆိုကြောင်း သဘောတူဆုံးဖြတ်သည်။
၁၃။ ဤအမျိုးသားသွေးစည်းညီညွတ်ရေး နှီးနှောဖလှယ်ပွဲမှ ဆုံးဖြတ်ထားသည့် သဘောတူဆုံးဖြတ်ချက်များကို ဆက်လက်ထိန်းသိမ်း အကောင်အထည်ဖော်ရန်အတွက် နှီးနှောဖလှယ်ပွဲသို့တက်ရောက်ကြသည့် အဖွဲ့အားလုံး တာဝန်ယူရန်၊ စည်းရုံးညှိနှိုင်းရေးကော်မတီတရပ်ဖွဲ့စည်း၍ဆက်လက်အကောင်အထည်ဖော်သွားရန် ဆုံးဖြတ်သည်။
၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်။
အတည်ပြုလက်မှတ်ရေးထိုးသူများ

ဦးမျိုးဝင်းအတွင်းရေးမှူး (၂)မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF
ဦးသာနိုးအတွင်းရေးမှူးရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD
စောဂျက်ကော့ဗဟိုစည်းရုံးရေးကော်မတီဝင်ဗမာပြည်ကွန်မြူနစ်ပါတီ CPB
ဦးမြတ်သူဥက္ကဋ္ဌမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ် ABSL
အရှင်ခေမာစာရဥက္ကဋ္ဌမြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ ABYMU
ဆလိုင်းရွှေခါး(ရ်)အတွင်းရေးမှူး၊ ပြည်ပဆက်ဆံရေးတာဝန်ခံချင်းအမျိုးသားတပ်ဦး CNF
စောရွှေဆိုင်းဒု-ဥက္ကဋ္ဌကရင်အမျိုးသားအစည်းအရုံး KNU
ဦးစိုးလွင်ဒု-ဥက္ကဋ္ဌမြိတ်-ထားဝယ်ညီညွတ်ရေးတပ်ဦး MDUF
ဆလိုင်းထနယ်လွယ်ကိုယ်စားလှယ်ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD
ဘီကြာဦးအထွေထွေအတွင်းရေးမှူးလားဟူဒီမိုကရက်တစ်တပ်ဦး LDF
ဦးဒယ်နီရယ်အောင်အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU
ခိုင်မျိုးမင်းအထွေထွေအတွင်းရေးမှူးရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP
ဦးဇော်နိုင်ဦးအထွေထွေအတွင်းရေးမှူးလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS
ဦးကျော်လှဥက္ကဋ္ဌမြန်မာနိုင်ငံမွတ်ဆလင်လွတ်မြောက်ရေးအဖွဲ့ MLO
ဦးကျော်ထက်ဥက္ကဋ္ဌပြည်သူ့ကာကွယ်ရေးတပ် PDF
ဗမက ခွန်ဥက္ကာဥက္ကဋ္ဌပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ PPLO
မဟာဆန်းဥက္ကဋ္ဌ၀အမျိုးသားအဖွဲ့ WNO
ဦးအေးဆောင်အထွေထွေအတွင်းရေးမှူးချုပ်ပြည်သူ့လွတ်မြောက်ရေးတပ်ဦး PLF
ခွန်ကြာနုကိုယ်စားလှယ်ရှမ်းဒီမိုကရက်တစ်အစည်းအရုံး SDU
မိုင်အိုက်ဖုန်းတွဲဖက်အတွင်းရေးမှူးပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF
ဦးသန်းထွဋ်အတွင်းရေးမှူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA
ဦးတင်မောင်သက်ဥက္ကဋ္ဌမြန်မာနိုင်ငံလုံးဆိုင်ရာမွတ်ဆလင်အစည်းအရုံး ABMU
ဦးအောင်မြင့်အထွေထွေအတွင်းရေးမှူးပြည်သူ့ပြည်ချစ်ပါတီ PPP
ဦးမောင်မောင်လတ်အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU
တိုင်းရင်းသားလူမျိုးများနှီးနှောဖလှယ်ပွဲ (မဲသရောထာ)မဲသရောထာ သဘောတူညီချက်
ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများဖြစ်ကြသော ရခိုင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသား၊ ကချင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား၊ ကရင်နီတိုင်းရင်းသား၊ ကယန်းတိုင်းရင်းသား၊ မွန်တိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်းသား၊ ပလောင်တိုင်းရင်းသား၊ လားဟူတိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသားနှင့်“၀”တိုင်းရင်းသားခေါင်းဆောင်များသည် အဖွဲ့အစည်းနှင့် လူမျိုးအသီးသီးကို ကိုယ်စားပြုကြလျက် ကော်သူးလေပြည်နယ်၊ မယ်သရောထာ၌ ၁၉၉၇ ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက်နေ့မှ (၁၄)ရက်နေ့ထိကျင်းပသော နှီးနှောဖလှယ်ပွဲကြီးတွင် စုံညီစွာ တက်ရောက်ခဲ့ကြသည်။
အထက်ဖော်ပြခဲ့သော ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးခေါင်းဆောင် ကိုယ်စားလှယ်များသည်နှီးနှောဖလှယ်ပွဲကြီး၌ ရင်းနှီးပွင့်လင်းစွာ အကြေအလည် ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြပြီးနောက်အောက်ပါအချက်များကို တညီတညွတ်တည်း သဘောတူချမှတ်ခဲ့ကြသည်။
၁။ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ သဘောတူညီချက်(က) စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန်၊(ခ) ဒီမိုကရေစီနိုင်ငံရေးစနစ်ကျင့်သုံးရန်၊(ဂ) လူမျိုးတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးရရှိရန်၊(ဃ) ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရန်တို့ဖြစ်သည်။
၂။ န၀တအမျိုးသားညီလာခံနှင့်ပတ်သက်သော သဘောတူညီချက်လက်ရှိ န၀တဦးစီးကျင်းပနေဆဲဖြစ်သော အတုအယောင် အမျိုးသားညီလာခံသည် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအတွက် အခွင့်အရေးလုံးဝရနိုင်မည်မဟုတ်သည့်အတွက်၎င်း၊ န၀တအမျိုးသားညီလာခံကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက “လုံးဝ” အသိအမှတ်မပြုကြောင်းနှင့် ၎င်းညီလာခံကို ဆန့်ကျင်တိုက်ပွဲဝင်သွားကြရန် သဘောတူကြသည်။
၃။ သုံးပွင့်ဆိုင်ဆွေးနွေးပွဲနှင့်ပတ်သက်သော သဘောတူညီချက်ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဆုံးဖြတ်ထောက်ခံထားသည်သာမက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူထားသော သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူလက်ခံသည်။ထိုသုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် မဒတ၏ (UNLD) (PDF) နှင့် အခြားတိုင်းရင်းသားလူမျိုးများပါဝင်သော အင်အားစု၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုနှင့် န၀တစစ်အုပ်စုအင်အားစု သုံးစုတို့ ပါဝင်စေရမည်။
၎။ ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်သော သဘောတူညီချက်အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အ၀ရှိပြီး အမျိုးသားပြည်နယ်များ စုပေါင်းပါဝင်ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျွန်ုပ်တို့တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်းသဘောတူကြပါသည်။
၅။ စီးပွားရေးမူဝါဒနှင့်ပတ်သက်သော သဘောတူညီချက်စီးပွားရေးမူဝါဒနှင့်ပတ်သက်သော ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်သွားရန် ကျွန်ုပ်တို့တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။
သို့သော် န၀တအုပ်ချုပ်နေစဉ် ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းသည် စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စု၏အကျိုးစီးပွားကိုသာဖြစ်စေပြီး တိုင်းရင်းသားလူမျိုးစု ပြည်သူများအဖို့ အကျိုးလုံးဝမရှိသည့်အပြင် ဖိနှိပ်အုပ်ချုပ်မှုဒဏ်ကို ပိုမိုခံစားလာရသည့်အတွက် န၀တစစ်အုပ်စုနှင့် ပူးတွဲလုပ်ဆောင်သော ရင်းနှီးမြှုပ်နှံမှုအပါအ၀င် စီးပွားရေးလုပ်ငန်းအားလုံးကိုကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက အပြင်းအထန် ကန့်ကွက်သည်။
၆။ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော သဘောတူညီချက်မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းချမှု အပါအ၀င် လုပ်ငန်းအားလုံး ဆန့်ကျင်တိုက်ဖျက်ရန်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်းသဘောတူသည်။
၇။ ဒီမိုကရေစီအင်အားစုများနှင့်ပတ်သက်သော သဘောတူညီချက်န၀တစစ်အုပ်စုဖြုတ်ချရေးနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးတိုက်ပွဲ၊ သံတမန်တိုက်ပွဲ၊ လူထုတိုက်ပွဲအပါအ၀င် ဘက်ပေါင်းစုံမှ တိုးမြှင့်တိုက်ပွဲဝင်သွားရန် ကျွန်ုပ်တို့ တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။
ထိုသို့တိုက်ပွဲဝင်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုများနှင့်တန်းတူရည်တူလက်တွဲ၍ အမျိုးသားအခွင့်အရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီအခွင့်အရေးအတွက်လည်းကောင်း၊ တပြိုင်နက်တည်း စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်သွားကြရန်ကိုလည်း ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်းသဘောတူကြသည်။
၈။ ASEAN နှင့်ပတ်သက်သော သဘောတူညီချက်န၀တအုပ်ချုပ်နေသောကာလအတွင်း မြန်မာပြည်အား ASEAN အဖွဲ့ဝင်အဖြစ် လက်ခံခြင်းကိုအတတ်နိုင်ဆုံး ဆိုင်းငံ့ထားပေးပါရန် ASEAN သို့ ပန်ကြားလွှာပေးပို့သွားရန် တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။
၉။ တပ်ပေါင်းစုနှင့်ပတ်သက်သော သဘောတူညီချက်တိုင်းရင်းသားလူမျိုးများ၏ ပြည်လုံးဆိုင်ရာ တပ်ဦးအဖွဲ့အစည်းဖြစ်သော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး စသည်တို့ကို ပိုမိုခိုင်မာလာအောင် ၀ိုင်းဝန်းပံ့ပိုးတည်ဆောက်ကြရန် ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြသည်။
၁၀။ ပြန်လည်ဆုံစည်းကြရန် သဘောတူညီချက်မယ်သရောထာ နှီးနှောဖလှယ်ပွဲကြီး၏ ရလဒ်များကို ဆက်လက်ထိန်းသိမ်း အကောင်အထည်ဖော်သွားရန်နှင့် အနည်းဆုံး တနှစ်လျှင် တကြိမ်၊ စုံစုံညီညီ ဆုံစည်းကြရန် ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြသည်။
အတည်ပြုလက်မှတ်များ
၁။ ဗိုလ်ချုပ်အောင်သန်းလေး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၂။ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ပအိုဝ့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (PPLO)၃။ ဗိုလ်မှူးကြီးမဟာဆန်း၊ “၀”အမျိုးသားအဖွဲ့ချုပ် (WNO)၄။ ဗိုလ်မှူးကြီးစိုင်းပေါင်း၊ “၀”ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၅။ မိုင်အိုက်ဖုန်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၆။ ဗိုလ်မှူးကြီးဇော်ဆိုင်း၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၇။ ခိုင်မြတ်ကျော်၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)၈။ ဘီကြာအူး၊ လားဟူဒီမိုကရက်တစ်တပ်ဦး (LDF)၉။ နိုင်ဟံသာ၊ မွန်ပြည်သစ်ပါတီ (NMSP)၁၀။ ခိုင်စိုးနိုင်အောင်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၁၁။ ခွန်းနားရု၊ ကယန်းပြည်သစ်ပါတီ (KNLP)၁၂။ စ၀်အွတ်ကျေးသီ၊ ညီညွတ်သောရှမ်းပြည်တော်လှန်ရေးတပ်မတော် (SURA)၁၃။ ဆလိုင်းရွှေခါး၊ ချင်းအမျိုးသားတပ်ဦး (CNF)၁၄။ ခွန်ဟုမ်၊ ရှမ်းအမျိုးသားဒီမိုကရက်တစ်အစည်းအရုံး (SDU)၁၅။ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၁၆။ တဦးချင်းကိုယ်စားလှယ်များ(၁) စ၀်စန်းရောင်ဝှေ (၂) နော်လှဇာဘင်ဆင် (၃) ခွန်းမားကိုဘန်း
မာနယ်ပလောစာချုပ်ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်ရေးသဘောတူညီချက်
မြန်မာပြည်သည် လွန်ခဲ့သောနှစ် ထောင်ပေါင်းများစွာကပင် တိုင်းရင်းသားလူမျိုးအသီးသီးတို့နယ်မြေချင်းဆက်စပ်လျက် အတူတကွ အခြေချနေထိုင်လာခဲ့သည့် တိုင်းပြည်ဖြစ်သည်။တိုင်းရင်းသားလူမျိုးအားလုံး ပိုင်ဆိုင်သည့် တိုင်းပြည်လည်းဖြစ်သည်။
မြန်မာပြည်သည် တိုင်းရင်းသားလူမျိုးအားလုံး၏ ဆန္ဒ ညီညွတ်မှုကိုအခြေခံသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာ စည်းလုံးခိုင်မာစွာ ရပ်တည်သွားနိုင်မည်ဖြစ်သည်။ ဤသို့ဖြစ်မြောက်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။သို့ရာတွင် ဤစာချုပ်သည် လက်တွေ့အကောင်အထည်မပေါ်ခဲ့ပေ။
ယခု မဆလ၊ န၀တ စသော မဟာလူမျိုးကြီးဝါဒကျင့်သုံးသည့် ဖက်ဆစ်အာဏာရှင်တို့၏ ကြီးစိုးမှုကြောင့် တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ ပြည်သူလူထုသည်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပျက်ပြားပြီး ပြည်တွင်းစစ်မီး တောက်လောင်လျက်ရှိသည်။
သို့ဖြစ်၍ မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးအားလုံး၊ ပြည်သူလူထုအားလုံးသည် စစ်အာဏာရှင်အား အပြုတ်တိုက်ပြီးနောက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများရှိသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်လိုကြသည်။
တန်းတူမှု၊ လွတ်လပ်မှု၊ စည်းလုံးညီညွတ်မှု၊ လုံခြုံမှု၊ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှု၊ဖွံဖြိုးတိုးတက်မှုရှိသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာစစ်အာဏာရှင်ကြီးစိုးမှုအား တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ပင်ဖြစ်သည်။ ဤသို့သောအခြေအနေတွင် -
(၁) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)(၃) မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်(၄) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု
အဖွဲ့အစည်း (၄) ဖွဲ့တို့သည် ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် မာနယ်ပလောဌာနချုပ်၌အောက်ပါအတိုင်း အခိုင်အမာ သဘောတူညီကြသည်။
၁။ မဟာလူမျိုးကြီးဝါဒကိုလည်းကောင်း၊ စစ်အာဏာရှင်စနစ်ကိုလည်းကောင်း၊ မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို ကျင့်သုံးသည့် န၀တအားလည်းကောင်း အဆုံးတိုင် အတူတကွ ဆန့်ကျင်တိုက်ဖျက်သွားမည်။`
၂။ န၀တစစ်အာဏာရှင်ကြီးစိုးမှု ချုပ်ငြိမ်းပြီးနောက် လွတ်လပ်ငြိမ်းချမ်းသည့် အခြေအနေတွင်တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံ တက်ရောက်နိုင်သည့် စစ်မှန်သောအမျိုးသားညီလာခံကြီးကို ခေါ်ယူသွားမည်။
၃။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၏ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုတိုင်းရင်းသားလူမျိုးအားလုံး၊ ပြည်သူလူထုတရပ်လုံး၏ ဆန္ဒ ညီညွတ်မှုကို အခြေခံ၍ ရေးဆွဲပြဋ္ဌာန်းသွားမည်။
၎။ မည်သည့်လူမျိုးကိုမျှ အခွင့်ထူးမပေးရေးနှင့် လူမျိုးစု၊ မျိုးနွယ်စုအားလုံး၏ အခြေခံအမျိုးသားအခွင့်အရေးများကို ချုပ်ချယ်ကန့်သတ်မှုမပြုရေးမူကို ကျင့်သုံးသွားမည်။
၅။ တိုင်းရင်းသားလူမျိုးအားလုံး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေး အပြည့်အ၀ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမည်။
ထိုသို့တည်ဆောက်ရာတွင်
(က) ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် ပြည်နယ်များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အမျိုးသားပြည်နယ်ပေါင်းစု ပြည်ထောင်စုဖြစ်ရေး၊(ခ) ပြည်နယ်များမှ ပြည်ထောင်စုသို့ လွှဲအပ်ထားသော အာဏာများမှအပ ကျန်သောအာဏာများကို ပြည်နယ်များတွင်ထားရှိ၍ ပြည်နယ်အသီးသီးတွင်လည်း ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာများ ကျင့်သုံးပိုင်ခွင့်ရှိရေး၊(ဂ) ပြည်ထောင်စုတွင် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော်(အောက်လွှတ်တော်) ဟူ၍ လွှတ်တော်နှစ်ရပ်ထားရှိရေး၊(ဃ) ပြည်ထောင်စုနှင့် ပြည်နယ်များ၏ တပ်မတော်များကို လူမျိုးပေါင်းစုံ ပြည်သူလူထု၏ ကွပ်ကဲမှုအာဏာအောက်တွင် တည်ရှိရေး၊(င) ပြည်ထောင်စု၏ အချုပ်အခြာအာဏာဖြစ်သော ဥပဒေပြုအာဏာ၊ တရားစီရင်မှုအာဏာနှင့်အုပ်ချုပ်ရေးအာဏာသုံးရပ်ကို အပြန်အလှန်ထိန်းညှိစနစ်ဖြင့် ထားရှိပြီး လွတ်လပ်သည့် တရားစီရင်မှုစနစ်ကို ကျင့်သုံးရေး၊(စ) မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်စစ်အာဏာရှင်စနစ် ပြန်လည်၍ ပေါ်ပေါက်မလာနိုင်ရေးစသည့်အချက်များကို ပြည်ထောင်စုဖွဲ့စည်းရေးတွင် ကျင့်သုံးသွားမည်။
ဒေါက်တာစိန်ဝင်းဝန်ကြီးချုပ်အမျိုးသားညွန့်ပေါင်းအစိုးရ
ဦးတင်အောင်အတွင်းရေးမှူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
စောဘိုမြဥက္ကဋ္ဌမြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်
နိုင်ရွှေကျင်ဥက္ကဋ္ဌအမျိုးသားဒီမိုကရေစီတပ်ပေါင်းစု
၁၃၅၄ ခုနှစ်၊ ၀ါခေါင်လဆန်း (၂) ရက်၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်
.............................................................................................................
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် မလေးရှား
........................................................................
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် မလေးရှား ဒုက္ခသည်များနှင့် လွတ်ငြိမ်းချမ်းသာခွင့်တောင်းသူများကို အကာအကွယ်ပေးရေး မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှ၊ တောင်အာရှ ၊ အရှေ့အလယ်ပိုင်းဒေသ နှင့် အာဖရိကနိုင်ငံများမှ ရောက်ရှိလာကြသည့် ဒုက္ခသည်များနှင့် ခိုလုံခွင့်တောင်းခံ လာသူများ စုစုပေါင်း (၅၀၀၀၀)ခန့်ကို လက်ခံထားရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံ အေးဆက်ပြည်နယ် ၊ မြန်မာပြည်ရခိုင်ဒေသမြောက်ပိုင်းရိုဟင်ဂျာ၊ မြန်မာမွတ်စလင်၊ ချင်း၊ မွန်၊ ကချင်၊ ကယား၊ လူမျိုးများအပါအ၀င် အခြားနိုင်ငံ အများအပြားမှ တိုင်းရင်းသားလူမျိုးစုများ စသည့် စုစုပေါင်း လူဦးရေ(၄၆၀၀၀)ခန့် ကို မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်း ကြီးရုံး(U.N.H.C.R) တွင် မှတ်ပုံတင်ထားပြီး ဖြစ်ပါသည်။ မလေးရှားနိုင်ငံရှိ ဒုက္ခသည်များကို အာဏာပိုင်များက တရားမ၀င်လာရောက်နေ ထိုင်သူများ အဖြစ်သာ သတ်မှတ်၍ ဖမ်းဆီးခြင်း ၊ အချုပ်ချခြင်း ၊ အဓမ္မပြန်ပို့ခြင်း များ ဆောင်ရွက်ပါသည်။ တရားမ၀င်ရွေ့ပြောင်း အလုပ်လုပ်သူများကို ရှင်းလင်း နှိမ်နင်းစဉ် ကာလအတွင်းက မလေးရှား အာဏာပိုင်များသည် မကြာခဏဆိုသလို တရားမ၀င် အလုပ်သမားများနှင့် အတူ ဒုက္ခသည်များ ၊ ခိုလုံခွင့်တောင်းခံသူများကို ပါဖမ်းဆီးထိမ်းသိမ်းထားခဲ့ပါသည်။ မလေးရှားရှိ ဒုက္ခသည်များ ၊ ခိုလုံခွင့်တောင်းခံ သူများကို ဖမ်းဆီးထိမ်းသိမ်းခဲ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်များ ၊ ကလေးသူငယ်
များ ပင်ပါဝင်ခဲ့သည်ဟု သတင်းပို့ အစီအရင်ခံများအရ သိရှိခဲ့ရပါသည်။ (အော်ပရာစီ) အစုလိုက်အပြုံလိုက်ဖမ်းဆီး ထိမ်းသိမ်းရေးအတွက် စီစဉ်ရာတွင် မလေးရှားအစိုးရသည် လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများနှင့် ရဲများကိုအကူအညီ ပေးနိုင်ရန် ယူနီဖောင်း ၀တ် ပြည်သူ့စေတနာဝန်ထမ်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဟုခေါ်သည့် စေတနာ့ဝန်ထမ်းများကို အချိန် ပိုင်းဖြင့် တာဝန်ပေးအပ်ခဲ့သည်။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ချိုးဖောက်သူသည် ကြိမ်ဒါဏ် ခြောက်ချက်အထိနှင့်တကွ ငွေဒါဏ်ရင်းဂစ် (၁၀၀၀၀) သော်လည်းကောင်း၊ ထောင်ဒဏ် ငါးနှစ်အထိသော်လည်းကောင်း ၊ ပြစ်ဒါဏ်နှစ်ရပ်လုံးသော်လည်း ကောင်းရင်ဆိုင်ရပါသည်။ ကြိမ်ဒါဏ်ခတ်ခြင်းလုပ်ရပ်မှာ အပြည်ပြည်ဆိုင်ရာ လူ့အ ခွင့်ရေး စံထားချက်ကို ချိုးဖောက်ခြင်းနှင့် ရက်စက်သော ၊ လူမဆန်သော (သို့) အောက်တန်းကျသော ပြစ်ဒဏ်ပေးချင်းလုပ်ရပ်မျိုးဖြစ်သောလည်း လူဝင်မှုဥပဒေ အတွင်း အကျုံးဝင်သော အနည်းဆုံးပစ်မှု(၄၀)တို့ အတွက် အပိုဆောင်းပစ်ဒါဏ် အဖြစ် သတ်မှတ်ထားသည်။ တရားမ၀င်အလုပ်သမားတို့ကိုဖမ်းဆီးထိမ်းသိမ်းထား ပြီး ပုံမှန်ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ရဲနှင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင် များကို လူဝင်ခွင့်ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာများ ကျယ်ကျယ်ြပန့်ပြန့် ပေးအပ် ထားပါသည်။ နိုင်ငံတကာ ခိုလုံခွင့် မှ ရရှိသည့် သတင်းအချက်အလက်များအရ မလေးရှား နိုင်ငံ လူဝင်မှုကြီးကြပ်ရေး၏ ထိမ်းသိမ်းစခန်းများတွင် လက်ရှိအချိန်တွင် ဒုက္ခသည် နှင့် ခိုလုံခွင့်တောင်းသူများကို ရာနှင့်ချီ၍ ထိမ်းသိမ်းထားပါသည်။ အထူသဖြင့် လူဦးရေ အဆမတန် အစုလိုက် အပြုံလိုက် ဖမ်းဆီးရမိသည့် အချိန် အခါမျိုးတွင် ရက်စက်သော၊ လူမဆန်သော ၊ နိမ့်ကျသော အပြုအမူများနှင့် ဆက်ဆံခံရ၍ အလွန်ဆိုးရွားသော အခြေအနေများရှိကြောင်း ကြားသိရပါသည်။ ထို့နည်းတူ ဒုက္ခသည်များကို အဓမ္မပြန်လည်ပို့ဆောင်ခြင်းများ ၊ အလွန်ဆိုးဝါး သော ပြုမူ ဆက်ဆံခြင်းများ ၊ နှိပ်စက်ဖမ်းဆီးခြင်းများလည်း ရှိပါသည်။ ဒုက္ခသည် များကို ပြန်လည်မောင်းထုတ်ခြင်း အပြုအမူမှာ နိုင်ငံတကာ လူ့အခွင့်အရေး စည်းမျဉ်း စည်းကမ်းများကို အသိအမှတ်မပြုခြင်း ၊ ထပ်မံချိုးဖောက်ခြင်းများ အဖြစ် ယူဆနိုင်ပါသည်။ လူအခွင့်အရေးများ ဆိုးဆိုးဝါးဝါး အကြမ်းဖက်ခံနေရသော ၊နှိပ်စက်ညှင်းပန်းမှု အန္ဒရာယ်များရှိနေသော နိုင်ငံတစ်နိုင်ငံသို့ မည်သည့်လူတစ်ဦးတစ်ယောက်ကို မည်သည့် နည်းလမ်းမျိုးဖြင့်မျှ ပြန်လည်ပို့ဆောင်ခြင်းမပြုရန် “ ထပ်မံမချိုးဖောက် ရေး ” စည်းမျဉ်း စည်းကမ်းအရ တားမြစ်ထားပါသည်။ အခြားအများအပြားသော နိုင်ငံတကာ ထုတ်ပြန်ကြေငြာချက်များနှင့် ၁၉၅၁-ဒုက္ခသည်များကိစ္စဆိုင်ရာ ကွန်ဗန်းရှင်းကြေငြာချက် အမှတ် (၃၃) မှ ကောက်နှုတ်တင်ပြချက်အရ ထပ်မံ မချိုးဖောက်ရေး စည်းမျဉ်း စည်းကမ်းကို နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေ ၏ စံသတ်မှတ်ချက်အဖြစ် အကျယ်တ၀န့် သတ်မှတ် ကြေငြာခဲ့ပြီး နိုင်ငံတကာ အားလုံးနှင့်လည်း အကျုံးဝင်သက်ဆိုင်စေသည်။ ဒုက္ခသည် ဒုက္ခသည် ဟူသောဝေါဟာရမှာ နိုင်ငံတကာ ဥပဒေတွင် သီးသန့် တစ်ခန်း တစ်ကဏ္ဍအနေနှင့် ပါဝင်နေပေသည်။ ဒုက္ခသည်ဆိုသည်မှာ-လူ့အဖွဲ့အစည်း (သို့) နိုင်ငံရေးအယူအဆတစ်ရပ်အတွင်း အကြောင်းပြချက် အမျိုးမျိုးကြောင့် အကြောက်တရားဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း ခံနေရသောကြောင့် မူလတိုင်းပြည်မှ ထွက်ပြေးတိမ်းရှောင်လာသူ မည်သူကိုမဆို ရည်ညွန်းသည်။ ထို့ကြောင့် ထိုတိုင်းပြည်သို့ ပြန်ရန် ဆန္ဒမရှိခြင်း (သို့) ပြန်ရန်မဖြစ်နိုင်တော့ခြင်း ဖြစ်၏။ ၁၉၅၁- ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်း နှင့် ၄င်း၏ ၁၉၆၇ သဘောတူညီချက် စာချုပ်ဖြစ်သော လူအခွင့်အရေးနှင့် ဒေသအတွင်း ဒုက္ခသည်ဆိုင်ရာ ကြေညာချက် ထဲသို့ ထည့်သွင်း ဖော်ပြထားချက်များအရ သက်ဆိုင်ရာအစိုးရက ထိုလူများကို လက်ခံရသည်။ဇာတိနိုင်ငံ၏ ကာကွယ်စောင့်ရှောက်မှုကို မရရှိနိုင်ခြင်းကြောင့် ယင်းတို့သည် နိုင်ငံတကာ အထူးကာကွယ်စောင့်ရှောက်မှုကို လိုအပ်လျှက်ရှိသည် ဟူသော အချက်ကြောင့်ပင် ဒုက္ခသည်များကို အခြေခံဥပဒေကြောင်းအရ ဒုက္ခသည်များကို အခြေခံ ဥပဒေကြောင်းအရ အသိအမှတ်ပြုထားသည်။ ထို့ကြောင့် ၄င်းတို့ကို ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများနှင့် ရောနှောသတ်မှတ်ခြင်း မပြုရန် လိုအပ်သည်။ သူတို့သည် တစ်ခါတရံ ရွှေ့ပြောင်းအလုပ်လုပ်သူများနှင့် ခရီးလမ်းတစ် ခုထဲကို အသုံးပြု၍သော်လည်းကောင်း ၊ လူကုန်ကူးခြင်း လမ်းကြောင်းမှသည် လည်းကောင်း လာရလေ့ရှိပြီး တခါတရံ လမ်းခရီးတွင်သော်လည်းကောင်း ရောက်ရှိ လာသော နိုင်ငံတွင်လည်းကောင်း လူအခွင့်အရေး အကြမ်းဖက်ချိုးဖောက်မှုများနှင့် တွေ့ကြုံရလေ့ရှိသည်။ ခိုလှုံခွင့်တောင်းခံသူဆိုတာ ဘာလဲ??
ခိုလှုံခွင့်တောင်းခံသူဆိုသည်မှာ ... ဒုက္ခသည်တစ်ဦးအဖြစ် တရားဝင်မသတ်မှတ်ရ သေးသော်လည်း ကာကွယ်စောင့်ရှောက်မှုပေးရန် တောင်းဆိုထားသူကိုဆိုလိုသည်။ အစိုးရက ဒုက္ခသည်အဖြစ် လက်ခံ/မခံ ဆုံးဖြတ်ချက်ချပေးရန် စောင့်ဆိုင်းနေဆဲဖြစ် သည်ဟု ထိုသူကို သာမာန်အားဖြင့် သတ်မှတ်သည်။ အပြည်ပြည်ဆိုင်ရာဒုက္ခသည် ဥပဒေဖြင့် ထိုသူကိုအကာအကွယ်ပေးခြင်းသည် ထိုသူ၌တရားဝင်အသိအမှတ်ပြုထား ထားခြင်း( ဥပမာ- အစိုးရ စာရွက်စာတမ်း/ သက်သေခံလက်မှတ်) များရှိခြင်း ၊ မရှိခြင်းနှင့် မသကဆိုင်ပါ။ ဒုက္ခသည်များ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိစေရန် အောက်ပါ အချက်များကို မှ ခိုလှုံခွင့် တောင်းခံသူများအားသိစေအပ်သည်။ (က) ခိုလှုံခွင့်တောင်းခံရန် တိုင်းပြည်အတွင်းဝင်ရောက်လာသူများကို တားဆီးပိုင်ခွင့်မရှိပါ။ (ခ) ဒုက္ခသည်အဖြစ်လက်ခံ/မခံ ဆုံးဖြတ်ရန်အတွက် သင့်တင့်လျှောက်ပတ်သော အစီအစဉ် များချမှတ်ပေးရမည် (ဂ) ခိုလှုံခွင့်တောင်းခံထားသူများကို ရာဇ၀တ်မှုမြောက်သည်ဟု သတ်မှတ်ထားသော အမှုမျိုး မကျူးလွန်မချင်း ဖမ်းဆီးချုပ်နှောင်၍မရပါ။ (ဃ) မိသားစု၊ မိတ်ဆွေ၊ ရှေ့နေ၊ စကားပြန် ၄င်းတို့ကို အကူအညီပေးနိုင်သော အဖွဲ့အစည်း စသူတို့နှင့် ဆက်သွယ်ပိုင်ခွင့်ရှိရမည်။(ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (င) အခြေခံ စီးပွားရေး လူမှုရေး ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ရရှိရမည်။ ဥပမာ- အလုပ် အကိုင် ၊ ပညာရေး ၊ လူမှုအထောက်အပံ။ သူတို့ရဲ့အခွင့်အရေးတွေက ဘာတွေလဲ ?? အများနည်းတူ ပင် ဒုက္ခသည်များတွင်လည်း လူ့အခွင့်အရေးရှိရမည်။အောက်ပါအချက်များ ပါဝင်သည်။ (က) မတရားမှုများမှ ကာကွယ်ပေးခြင်း (ခ) သက်သေခံ လက်မှတ်နှင့်တကွ ခရီးသွား စာရွက်စာတန်းများ (ဂ) အလုပ်လုပ်ခွင့် (ဃ) အိမ်ယာ ၊ ပညာရေးနှင့် သက်သာချောင်ချိခွင့် (င) တရားမ၀င် ၀င်ရောက်ခြင်းအတွက် ပြစ်ဒဏ်များပေးခြင်းမှ ကာကွယ်ပေးခြင်း (စ) လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ဒုက္ခသည်များအတွက် တိကျခိုင်မာသော ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ပေးနိုင်ရမည်။ ၄င်းတို့ မှာ ၀င်ရောက်ခိုလှုံရာ တိုင်းပြည်၌ပင် နိုင်ငံသားခံယူခွင့်ပေးခြင်း ၊ (သို့) အခြားတိုင်းပြည်တစ် ပြည်သို့ ပြည်လည်အခြေချနေထိုင်ခွင့်ပေးခြင်း (သို့) ၄င်း၏မူလတိုင်းပြည်သို့ အခမဲ့ပြန်လည် ပိုဆောင်ပေးခြင်း။ ဤသို့ပြန်လည်ပို့ဆောင်ပေးခြင်းခံရသူများကို လူအခွင့်အရေး အပြည့်အ၀ ရရှိပြီး လုံခြုံစိတ်ချရမှုအတွက် အာမခံနိုင်မှသာ ပြန်လည်ပိုဆောင်ပေးသင့်သည်။ ထိုသို့မဟုတ်ပါက တည်ငြိမ်မှုမရှိခဲ့သည့် တိုင်းပြည်တစ်ပြည်ဖြစ်ခဲ့ ဖူးသည့်အတွက် ထိုလူများသည် မိမိတို့၏ အိုးအိမ်များကို စွန့်ပစ်ထွက်ခွာမှုများ ထပ်မံ ဖြစ်ပွားစေလိမ့်မည်။ ဘာကြောင့်ကာကွယ်ပေးသင့်တာလဲ?? အထက်တွင် အလေးအနက်တင်ပြခဲ့သည့်အတိုင်း ဒုက္ခသည်ကိစ္စဆိုသည် မှာ နိုင်ငံတစ်နိုင်ငံတည်း၏ ပြဿနာမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ပြဿနာ ဖြစ်သည့် အတွက် ပိုမိုထိရောက်သော ဖြေရှင်းရန် နည်းလမ်းမျိုး လိုအပ်လှသည်။ ထို့ကြောင့် မလေးရှားအနေဖြင့် ဒုက္ခသည်ဆိုင်ရာပြဿနာများကို မျှဝေဖြေရှင်းခြင်းနှင့် နိုင်ငံတကာ စည်းလုံးညီညွတ်မှု ကို ရယူခြင်းဟူသော သဘောထားမျိုး ရှိရမည်။ မလေးရှားအနေဖြင့် ၁၉၅၁ - ဒုက္ခသည်များကိစ္စဆိုင်ရာ ကွန်ဗင်းရှင်းတွင် မပါဝင်ခဲ့သော်ငြားလည်း “ ထပ်မံမချိုးဖောက်ရေး ” ၏ အခြေခံ စည်းမျဉ်းအတွင်း အကျုံးဝင်နေသည်မှာ “ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး အကြမ်းဖက်ခံနေရသော တိုင်းပြည်တစ်ပြည်သို့ မည်သည့်တစ်ဦးတစ်ယောက်ကို မဆို ပြန်ပို့ခြင်းကို တားမြစ် သည်။ ” ဟူသောအချက်ဖြစ်သည်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗန်းရှင်းနှင့် အမျိုးသမီး အခွင့်အရေး ချိုးဖောက်မှုပုံသဏ္ဍာန်အားလုံး ကွန်ဗင်းရှင်း - ကုလသမဂ္ဂတို့တွင် သဘောတူလက်မှတ်များ ရေးထိုးထားသဖြင့် ဒုက္ခသည်အမျိုးသမီးများနှင့် ကလေးသူငယ်များကို စောင့်ရှောက်ရန် မလေးရှားအစိုးရ၌ လည်း တရားဝင်တာဝန်ရှိနေသည်။ ..........-ကြေငြာချက် အမှတ်(၂၂) အရ ကလေး သူငယ်ခိုလှုံခွင့် တောင်းခံသူများနှင့် ဒုက္ခသည်များကိုအထောက်အပံများ ၊ ကာကွယ် စောင့်ရှောက်မှုများ မလေးရှားအစိုးရက အထူးတက်ကြွစွာ လုပ်ဆောင်ပေးရမည် ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုများနှင့် နိုင်ငံရေးအကြပ်အတည်းများအတွင်း အရှေ့တောင် အာရှ ဒေသတစ်ခုလုံးတွင် တာဝန်ရှိသကဲ့သို့ အာစီယံ အဖွဲ့ဝင်နိုင်ငံလည်းဖြစ် ၊ အာစီယံ စာချုပ်ဖြစ်ပေါ်ရန် အတွက်ကြိုးပမ်းခဲ့သည့် နိုင်ငံတစ်နိုင်ငံ လည်းဖြစ်သည့် မလေးရှားနိုင်ငံ အနေနှင့် လူအခွင့်အရေး ၊ လူသားချင်းစာနာထောက်ထားရေးကိစ္စများနှင့် ပဂတိအခြေအနေ အပေါ် လျစ်လျူရှု မျက်စိမိတ်ထား၍ မဖြစ်နိုင်ပါ။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုများက မလေးရှား အစိုးရကို အာစီယံနိုင်ငံများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်ထောက်ပြလိုက်သည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေလျှက်ရှိသော လူ့အခွင့်အရေးနှင့် နိုင်ငံရေးအခက်အခဲများကို ဖြေရှင်းပေးရုံသာမက ကျွန်ုပ်တို့တိုင်းပြည် အတွင်းရှိ ဒုက္ခသည်များ ထောက်ပံကာကွယ်စောင့်ရှောက်ပေးရေး တို့လည်းဖြစ်သည်။ သင်ဘာလုပ်နိုင်သလဲ အာဏာပိုင်များထံသို့ စာတစောင်ရေးပါ။ ဒုက္ခသည် ကာကွယ်ရေးဆိုင်ရာ အစီအစဉ်တရပ် အမြန်ဆုံးအကောင်အထည်ဖော်ရန် တောင်းဆိုပါ။ နိုင်ငံတကာ စည်းလုံးညီညွတ်မှုစိတ်ဓါတ် ဖြင့် မလေးရှားနိုင်ငံတွင်းရှိ ဒုက္ခသည်များ အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ခိုင်မာသည့် အဖြေတစ်ခု ရရှိစေရန် မလေးရှားအစိုးရ၏ နိုင်ငံရေးသဘောထားအမြင်ကို ရှင်းလင်းဖော်ပြ ပေးရန် အလေးအနက်တောင်းဆိုပါ။ ကိုယ်ဝန်ဆောင်မိခင်များနှင့် အမျိုးသမီးများ ဖမ်းဆီးထိမ်းသိမ်းခံနေရသည့် အချက်ကိုလည်း အလေးအနက်ပြောဆိုပါ။ အစိုးရထံမှ ကျမ်းမာရေး ၊ ပညာရေး နှင့် ပတ်သတ်သည့် အကူ အညီများ အမြန်လိုအပ်လျှက်ရှိကြောင်း ဖော်ပြပါ။ မျှဝေဖြေရှင်းခြင်း နှင့် နိုင်ငံတကာ စည်းလုံးညီညွတ်မှု သဘောထားကို ၁၉၅၁ - ကုလသမဂ္ဂ ဒုက္ခသည်များကိစ္စဆိုင်ရာ ကွန်ဗင့်ရှင်း နိဒါန်းအပိုင်းတွင် တွေ့နိုင်သည်။ ယင်းသဘောထားက “ အကယ်၍ နိုင်ငံတစ်နိုင်ငံတည်းတွင် ခိုလှုံသူအများအပြား ၀င်ရောက်လာသဖြင့် မနိုင်မနင်း ဖြစ်နေပါက ၄င်း၏ ဒုက္ခသည်နှင့် ခိုလှုံသူအခက်အခဲများကို ကျေနပ်ပြေလည် အဆုံးသတ် သွားသည်အထိ အပြည်ပြည်ဆိုင်ရာ အတိုင်းအတာနှင့်ရော နိုင်ငံအတိုင်းအတာအလိုက်ပါ အသီးသီးသောတာဝန်များကို ခွဲဝေယူကြ၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အထွေထွေ ပါတီစုံ အစီအစဉ်များကို ရေးဆွဲ ဆောင်ရွက်ကြရမည်။ ” ဟု ဖော်ပြသည်။ ထို့ကြောင့်မလေးရှား အစိုးရသည် ကမ္ဘာ့ကူရာမဲ့ ကယ်ရာမဲ့ လူသားများအတွက် လိုအပ်ချက် များကို ဖြည့်စည်းပေးနိုင်ရန် နှင့် အခြားဘက်ပေါင်းစုံ အဖွဲ့အစည်းများကို ကူညီ ထောက်ပံရမည် ဆိုသည်မှာ ထင်ရှား၏။ဤသို့ဘက်ပေါင်းစုံမှ ချဉ်းကပ်ဖြေရှင်းခြင်းဟူသည် ဒုက္ခသည်ဆိုင်ရာ အထောက်အပံများကို နိုင်ငံတကာမှ မျှဝေပေးရမည်ဟူသော စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီပေသည်။