Tuesday, April 8, 2008

တင်းကုပ်ဖြင့် နေရမည်

to download

တင်းကုပ်ဖြင့် နေရမည်

သင်္ဂဇာဆရာတော်ဘုရား ပဲခူးမြို့ကို ကြွရောက်တော်မူစဉ် အခါက အိုးဖိုရွာသား
ဒါယကာတစ်ဦးက “ ဤအောက်အရပ်တွင် ဒုဿီလ ပေါများ၍ ကြည်ညိုစွာ
လူဒါန်းရန်ခက်ကြောင်း ”လျှောက်ထားတယ်။ ဒါကြောင့် ဆရာတော်ဘုရားကြီးက
ဥပမာပုံပြင်တစ်ခု ထုတ်ဆောင်ပြတော်မူသည်ကိုး။

အထက်အညာဒေသမှာ ယောက္ခမမောင်ရွက်ဆိုသူနဲ့ သားမက်မောင်ရွှေဝတို့
ရှိကြတယ်။ မောင်ရွှေဝအနေနဲ့ ယောက္ခမရှေ့မရှောင်ဘဲ မယားကို ကြမ်းတမ်း
ယုတ်မာစွာ ဆဲရေးပြုလေ့ရှိတယ်။

ဒီအတွက် ယောက္ခမက ဆုံးမတယ်။ “ သဘောဆိုးရွား တရားမဖက်၊ မရှက်မကြောက်၊ ယောက္ခမ/မိဘကို မရိုသေ အသရေမင်္ဂလာမရှိ မထင်မဲ့မြင်
လုပ်သည်မှာ များပြီ။ စော်ကား ရိုင်းပြ ယောက္ခမကို အနီး၌ထား၍ မယားကို
နင်းဆဲသည်မှာ ငရဲသို့ ကျမည်မုချသာမှတ်” ဟုဆိုလေသည်။
ထိုအခါ သားမက်က “ အို ဘရာ . . . လောကမှာ ယောက္ခမကို သားမက်ပြစ်မှားလို့ ငရဲလားတယ် တစ်ခါမှ မကြားဖူးပါ။ ယောက္ခမ သားမက်ကို
မရိုသေဘဲ အထွေထွေပစ်မှား၍ ငရဲသို့လားကြောင်းသာ ကြားနာမှတ်သားဖူးပါသည် ”
သားမက်က ထပြောသော အခါ ယောက္ခမက ဒေါသတကြီးနဲ့ ငေါက်ငမ်းအော်ဟစ်တယ်။ “ သားမက် ကို ပစ်မှားလို့ ငရဲလားရသော ယောက္ခမ
အကြောင်း မည်သည့်ကျမ်း၌ပါသနည်း ။ ပြောနိုင်ကပြော မပြောနိုင်က သေပြီမှတ်

“ ယသော်ဓရာ မိဖုရား၏ အဘ သုပ္ပဗုဒ္ဓမင်းသည် သနင်းထွတ်ထား ဂေါတမ မြတ်စွာဘုရားကို မရိုသေသဖြင့် မြေမြို၍ ငရဲကျရသည်ကို အဘမကြားဖူးသလော”
ဟုတ်တော့ ဟုတ်ပါရဲ့ ။ ဟုတ်ပေမဲ့ ဦးရွက် သဘောမကျလို့ အိမ်မှ နှင်ထုတ်လိုက်တာ ငရွှေဝခမျာ တဲကုပ်နဲ့ နေရတော့တယ်။
နာကြားရသူ ပရိတ်သတ်အပေါင်း မှာ အားရကျေနပ်ပြီး ပြုံးရယ်နေကြလေရဲ့။

ဦးလှအောင်ပြုစုသော သင်္ဂဇာ ဆရာတော်၏ စကားတန်ဆာ ဥပမာများ မှ ကောက်နှတ်တင်ပြပါသည်။


............................................................................................................................





ရေတိမ် ရေနက်ကို
ကြာရိုး ရှည် မရှည်
ကြည့်မြင်ခြင်း ဖြင့် သိမြင်နိုင်တယ်။

ပညာရှိ မရှိကို
သူ့ပြောစကားဖြင့် သိ နိုင်တယ်။
မြေကောင်း မကောင်းကို
မြက်ပင် နွမ်း မနွမ်းကြည့်ပြီး သိနိုင်တယ်။

ထို့အတူ
အမျိုးယုတ်သည် မြတ်သည်ကိုလည်း
ကိုယ်နှုတ် အမူအရာအားဖြင့် သိနိုင်သတဲ့ . . . .

အရာရာကို သတိထားကြည့်ပြီး
အသိတရားရှိပါစေ။ . . . . . .


ကောင်းသန့်


....................................................................................................................

No comments: