Wednesday, June 18, 2008

လေဘေးကူညီသူ ၈၈ ကျောင်းသားများ အဖမ်းခံရ

to download
alpha zawgyi - one font

၂၀၀၈၊ ဇွန် ၁၇။
လေဘေးကူညီသူ ၈၈ ကျောင်းသားများ အဖမ်းခံရ
လေဘေးဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူ ၈၈ မျိုးဆက် ကျောင်းသား ၃ ဦးကို ယခုလ ၁၂ ရက် နေ့တွင် အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်။ ကိုမြတ်သူ၊ မယဉ်ယဉ်ဝိုင်းနှင့် မတင်တင်ချိုသည် လေဘေးကိစ္စအတွက် ရန်ကုန်မြို့ လှည်းတန်း မြေနီကုန်းရှိ ရွှေလ္ဘက်ရည်ဆိုင်တွင် ရောက်ရှိ နေခိုက် အရပ်ဝတ်နှင့် အမည်မသိ အာဏာပိုင်များ ဖမ်းဆီးသွားခြင်း ဖြစ်သည်။(မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၁၆)

ဒုက္ခသည်များ နေစရာ အမိုးအကာ လုံလောက်စွာ မရရှိသေးမုန်တိုင်းဒဏ်ခံရပြီး တလခြွဲုကာသည်အထိ ဒုက္ခသည်များသည် နေစရာ အမိုးအကာ လုံလုံလောက်လောက် မရရှိကြသေးကြောင်း ဧရာဝတီတိုင်းမှ မကြာသေးမီ က ပြန်လာသည့် IFRC ခေါ် အပြည်ပြည်ဆိုင်ရြာုကက်ခြေနီအဖွဲ့ ချုပ် အကြီးအကဲ John Sparrow က ပြောဆိုသည်။ (RFA ၂၀၀၈၊ ဇွန် ၁၇)

ဝန်ကြီးချုပ် လာမည်ဆို၍ ဒုက္ခသည်များကို အဓမ္မ အလုပ်ခိုင်းစေ
ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နယ် ပြင်ခရိုင်င်အုပ်စုအတွင်းရှိ ဒုက္ခသည်စခန်းများရှိရာ ဘုန်းတော်ပြည့်နှင့် အုတ်တွင်းကျေးရွာများကို စစ်အစိုးရဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် လာရောက် စစ်ဆေးမည်ဆိုသည့် သတင်းကြောင့် ဒေသခံရွာသားများကို အာဏာပိုင်များက နေ့ စဉ် မြေဖို့  လမ်းပြင်ခိုင်းခြင်း၊ ရဟတ်ယာဉ် ကွင်း ဖောက်လုပ်ခိုင်းခြင်းနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် သွားရာလမ်းတလျှေက် အမြင်ကောင်းစေရန် ပြုပြင် ရေးလုပ်ငန်းများ လုပ်ခိုင်းနေသည်။ အကယ်၍ လုပ်အားပေးမလိုက်လျှင် စားနပ်ရိက္ခာ ထောက်ပံ့မည် မဟုတ်ကြောင်းလည်း အာဏာပိုင်များက ခြိမ်းခြောက်နေသည်။(RFA ၂၀၀၈၊ ဇွန် ၁၇)

ကုလနှင့် ကြက်ခြေနီသို့  အကူအညီ တောင်းသူတစ်ဦးကို ဆက်လက် ဖမ်းထားဆဲ
ပြီးခဲ့သည့် ဇွန်လ၁၀ရက်နေ့ က ရန်ကုန်တိုင်းအတွင်းက မုန်တိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ များကို သွားရောက် အကူအညီတောင်းခံခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်အစိုးရအာဏာပိုင်တွေက နှစ်ဦးကို ဆက်လက် ဖမ်းဆီးထားဆဲဖြစ်သည်။(RFA ၂၀၀၈၊ ဇွန် ၁၇)

မြန်မာလယ်သမားများ လောင်စာဆီ အရေးတကြီးလိုအပ်ဟု ကုလ ပြောဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် နာဂစ်ဆိုင်ကလုန်းကြောင့် ကျွဲနွားများသေဆုံးခဲ့ရသည့် နေရာတွင် အစားထိုးသုံးစွဲမည့် လယ်ထွန်စက်များ မောင်းနှင်နိုင် ရန်အတွက် ဒီဇယ်ဆီ အရေးပေါ် လိုအပ်နေသည်ဟုကုလသမဂ္ဂ အကြီးတန်းအရာရှိတဦးက ပြီးခဲ့သည့် သောကြာနေ့တွင် ပြောကြားသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၁၆)

မဲဆောက်ရောက် နာဂစ်မုန်တိုင်းဒုက္ခသည်များကို အရေးပေါ်အဖွဲ့မှကူညီ
နာဂစ်မုန်တိုင်းဒဏ် ခံရသည့် မြန်မာလေဘေးဒုက္ခသည် (၁၀၉) ဦး ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာရခြင်းသည် လက်ရှိအုပ်ချုပ်သူများ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် သဘောထားမမှန်သောလုပ်ရပ်များကြောင့်ဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ် မဲဆောက်အခြေစိုက် အရေးပေါ်ကူညီ ထောက်ပံ့ရေးအဖွဲ့ (Emergency Assistance Team) က ပြောသည်။(ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၁၆)

လေဘေးကယ်ဆယ်ရေး ရန်ပုံငွေ ပန်းချီပြပွဲကျင်းပလေဘေးကြောင့် ဒုက္ခရောက်နေသူများကို ကူညီကယ်ဆယ်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပသည့် ပန်းချီပြပွဲတခု ရန်ကုန် ဒဂုံမြို့နယ်၊ သမ္မတဟော်တယ် ပထမထပ် ဂျေအက်ဖ် ဖာနီဗယ်ခန်းမတွင် ပြီးခဲ့သည့် စနေနေ့က ကျင်းပသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၁၆)
၂၀၀၈၊ ဇွန် ၁၆။

နာဂစ်ဆိုင်ကလုံး ဒုက္ခသည်များကို ကူညီနေသူ သတင်းစာဆရာ အဖမ်းခံရနာဂစ် ဆိုင်ကလုံးဒဏ်သင့် ဒုက္ခသည်များကို ကူညီ ထောက်ပံ့ပေးနေသူ သတင်းစာဆရာ ဦးဇော်သက် ထွေးကို အာဏာပိုင်များက သောကြာနေ့တွင် မင်းဘူးမြို့တွင် ဖမ်းဆီးသွားကြောင်း မိသားစုဝင်တဦး အပြော အရ သိရသည်။ (မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၁၅)

မြန်မာစစ်အစိုးရက စေတနာ့ဝန်ထမ်း အလှူရှင်တွေရဲ့ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးဧရာဝတီတိုင်း၊ ဘိုကလေးမြိ့နယ်က မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံထားရသည့် ဒုက္ခသည်များကို စေတနာ့ဝန် ထမ်း ကယ်ဆယ်ရေး လုပ်ကိုင်ပေးနေသည့် မီးအိမ်ရှင်အဖွဲ့ က လူငယ်များနှင့် အလှူရှင်များကို မနေ့ ညက ဒေသခံ အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့သည်။ (RFA ၂၀၀၈၊ ဇွန် ၅)

No comments: